မြစ်မခ ၁၈.၁၁.၂၀၁၁
နိုဝင်ဘာ ၁၈ရက် နေ့ မနက် ၁၀နာရီဝန်းကျင်တွင် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်အတွက် စီစီအစည်းဝေးခေါ်ယူကာ ဆုံးဖြတ်ချက်ချမှတ်မည့် အစီအစဉ် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပါတီမှတ်ပုံတင်ရေးကိစ္စဆွေးနွေးခြင်းအခမ်းအနားတွင် စီစီကော်မတီဝင် ၁၀၇ ဦးရှိရမှ ၁၀၁ဦးသာ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် အန်အယ်လ်ဒီဥက္ကဌ ဦးတင်ဦးမှ ပြောကြားပြီး အစီအစဉ် ၈ရပ်ဖြင့် ပြုလုပ်နေကြောင်းသိရှိရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့တွင် ပါတီမှတ်ပုံရေးအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် စီစီ အဖွဲ့ဝင်များ မည်သို့ ဆုံးဖြတ်မည်ကို စောင့်မျှော်သူ ဦးရေ နှစ်သောင်းခန့်ုရှိနေသည်။

Messenger News Journal
NLD ပါတီမှတ်ပုံတင်ရေးကိုကန့်ကွက်သည့်လက်ကမ်းစာစောင်များကို ဒေါ်နော်အုန်းလှက NLD
ရုံးချုပ်ရှေ့တွင်လိုက်လံဝေငှနေကြောင်း NLD ရုံးချုပ်ရှေ့တွင်သတင်းရယူရန်ရောက်ရှိနေသည့်
The Messenger အကြီးတန်းသတင်းထောက်ကသတင်းပေးပို့သည

နောက်ဆုံးရ သတင်း နံနက် ၁၁ နာရီ ၁၅ မိနစ်၊ အန်အယ်လ်ဒီ ၊ရွှေဂုံတိုင် ရုံးချုပ်ရှေ့
ပဲခူးတိုင်းမှ ဒေါ်လှလှမိုးက မှတ်ပုံတင်ခြင်းကို ထောက်ခံ၊ ရွေးကောက်ပွဲ ၀င်ခြင်းကို ကြိုဆို
မကွေးတိုင်းမှ ဒေါက်တာ အောင်မိုးသူက ပဲခူးတိုင်းနှင့် တသဘောထည်း ဖြစ်သည်ဟု ဆို
မန္တလေးတိုင်းမှ ကိုယ်စားလှယ်က ဗဟိုအလုပ်အမှုဆောင်များရဲ့ ဆုံးဖြတ်ချက်နဲ့ တသဘောထည်းဟု ဆို
ရခိုင်ပြည်နယ်မှ ဦးခင်လှက ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို အကြွင်းမဲ့ ယုံကြည်သည်။ မှတ်ပုံတင်ရေးကိုထောက်ခံသည်။ ရွေးကောက်ပွဲ ၀င်ရေးကို နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအပေါ်မူတည်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဆုံးဖြတ်ရန်
ရှမ်းပြည်နယ်မှ ဒေါ်ခင်မိုးမိုးက မှတ်ပုံတင်ရေး နှင့် ရွေးကောက်ပွဲဝင်ရေး ၂ ခုစလုံးထောက်ခံပါသည်။
ယခုလက်ရှိ ရန်ကုန်တိုင်းကဆွေးနွေးဆဲပါ။
No comments :
Post a Comment