မပြန်နိင်တဲ့ပြည်
(၀ထ္တုတို)
နှင်းတွေထူထူကျနေတဲ့
ဆောင်းတွင်းတနေ့ မှာ မတွေ့ တာကြာနေပြီဖြစ်တဲ့ မိတ်ဆွေတယောက်နဲ့  တွေ့ တယ်။ နယူးယောက်၊မက်ဟက်တန်က
စတားဘာခ်စ် ကော်ဖီဆိုင်မှာနှစ်ယောက်ထိုင်လိုက်ကြတယ်။ သူက အလုပ်ကခွင့်ရလာလို့  နတ်ပြည်နဲ
့ငရဲပြည်ကိုအလည်သွားမယ်လို့  ဆိုတယ်။ သူကဒီခရီးကိုမသွားဘူးသေးဘူး။ ကျနော်က သွားဘူးတယ်။
ကျနော့ကိုပြောပြစမ်းပါ ဆိုပြီး လက်ဆွဲအိပ်ထဲက
စာအုပ်လေးနဲ
့ဘော့ပင်ကိုထုတ်လိုက်တယ်။ ပြီးတော့ စိတ်အားထက်သန်စွာဖြင့်- ကားလက်မှတ် အခြေအနေကဘယ်လိုလဲဗျ
လို့ အစချီပြီးမေးတော့တယ်။
ကျနော်က
‘’ နတ်ပြည်ကိုသွားတဲ့ ကားတွေမှာ လူနည်းတယ်။ငရဲပြည်သွားတဲ့ဘတ်စ်ကားတွေမှာလူပြည့်ကြပ်နေလေ့ရှိတယ်။
ခင်ဗျား လက်မှတ်ကိုစောစောဘုတ်ခ်လုပ်ထားဖို့ လိုမယ်။ ‘’
သူက အံအားသင့်ဟန်နဲ
့’’ ဘာဖြစ်လို့ လဲဗျ။ ‘’
ကျနော်က ရေနွေးကြမ်းအိုး
ကိုငှဲ့ ရင်း-
‘’ နတ်ပြည်က
ဗီဇာခက်တယ်ဗျ ။ ငရဲပြည် ကတော့လွယ်တယ်။ လူဆိုတာကလဲ နတ်ပြည်ကို တိုးတိုးတိတ်တိတ်သွားလေ့ရှိသလောက်
ငရဲကြတော့ အဖေါ်များများ ရအောင်ခေါ်သွားလေ့ရှိကြတာကိုးဗျ။ ‘’
သူအနွေးထည်ကြီးပေါ်က
နှင်းတွေကို သူစိတ်ပျက်လက်ပျက် ခါချရင်း ‘’ ဟုတ်ပါ့ဗျာ။ ဒါဆိုရင်တော့လက်မှတ်ကိုစောစောဝယ်မှပဲ
။ ဒါထက်ငရဲပြည်မှာ ဘာတွေပေါသလဲဗျ။’’
ကျနော်
‘’ ငရဲပြည်မှာ ဒုက္ခနဲ့  အချိန်က အပေါဆုံးပဲ’’
သူမျက်လုံးတွေတောက်ပြောင်လာတယ်။ ‘’ ဒါဆိုကျနော်ဝယ်သွားဖိ
ု့ မလိုဘူးပေါ့။’’
‘’ မလိုဘူး-
ကျနော်တိုတိုတုတ်တုတ်ပဲဖြေလိုက်တယ်။ သူကို
စိတ်မရှည်သလိုဖြစ်နေတယ်လို့ယူဆလားမသိဘူး။ ကော်ဖီခွက်ကို တုတ်တံလေးနဲ့ မွေရင်း
‘’ ဆော်ရီးနော်-
ဒါဆိုရင်ဘာရှားသလဲ။ ‘’
ကျနော်- ‘’
လူ့ ကျင့်ဝတ်နဲ့ ဥပဒေ တော့ ရှား တယ်။’’
သူက စိတ်ဝင်စားစွာဖြင့်-‘’
ဒါဆိုရင် ကျနော် များများဝယ်သွားဖို့ လိုတယ်ပေါ့။’’
ကျနော်- ဟုတ်တယ်။
(သူကနောက်သလိုလိုဖြင့်
) ‘’ ဒါဆိုရင် ကျနော် ၀ယ်သွားပြီးဟိုမှာပြန်ရောင်းရင်အဆင်ပြေမလား။’’
ကျနော်- ‘’
ငရဲပြည်မှာ လူ့ ကျင့်ဝတ် တို့ ဥပဒေ ဆိုတာ သိပ်အသုံးမ၀င်ဘူး။ လူတွေ သိပ်မသုံးကြဘူး။’’
သူက- ‘’ ဘာဖြစ်လို
့ “
ကျနော်-‘’ အကြိုက်မတူကြဘူး။’’
သူက- ‘’ အထူးဆန်းပဲ။’’
သူက ဆက်ပြီး
- လမ်းတွေကရော ။
ကျနော်- ‘’
နတ်ပြည်က အဆိုးဆုံးလမ်းပေါ်မှာ ခင်ဗျား သွားနေရင် တောင် မစိုးရိမ်နဲ့ ။ ငရဲပြည်ရောက်ရင်တော့
အကောင်းဆုံးလမ်းဆိုတာတောင် လမ်းဆုံးမှာ အနည်းဆုံးတော့ အနိဋ္ဌာရုံ တွေ ပဲရှိတယ်။ ‘’
သူစိတ်ပျက်သလို
ဖြစ်သွားတယ်။ လေသံတိုးသွားတယ်။
‘’လူတွေတယောက်နဲ
့တယောက် တွေ့ ရင်ဘယ်လိုနှုတ်ဆက်ကြသလဲ။ ‘’
ကျနော်- ‘’
နတ်ပြည်မှာတော့ လူတွေတယောက်နဲ့ တယောက်ပုံမှန်ပဲနှုတ်ဆက်ရင်ရပါတယ်။’’
ငရဲပြည်မှာတော့
လူတွေက ပိုပြီးရိုရိုကျိုးကျိုးနှုတ်ဆက်ကြတယ်။’’
သူ- ‘’ အထူးဆန်းပဲ။
ဘာကြောင့်လဲဗျ’’
ကျနော်
‘’ အကုန်လုံးကိုကြောက်ရတယ်လေ’’
သူက “စဉ်းစားလိုက်ပြီး
အော် လူတွေကိုတွေ့ ရင်ကျနော်ဘာစပြောရမလဲ’’
ကျနော်- ‘’နတ်ပြည်မှာတော့-
အစိုးရမကောင်းကြောင်းကိုစပြောလေ့ရှိသဗျ’’
ငရဲပြည်မှာတော့
အခုအစိုးရကအရင်အစိုးရလိုမဟုတ်တော့ဘူး။ အခြေအနေတွေတိုးတက်လာပြီ။ ကောင်းလာပြီလို့  ပြောလေ့ရှိကြတယ်။
တကယ်လို့  သူတို့ က ခင်ဗျားကိုယုံကြည်လာရင်တော့ အခြေနေဆိုးတာတွေဆက်ပြောပါလိမ့်မယ်။
‘’
သူက ဘော့ပင်ကိုကလစ်လို
့တချက်နှိပ်လိုက်ရင်း ‘’ နေဦးဗျား ခုန ခင်ဗျားပြောတဲ့အထဲမှာ ဒုက္ခကအပေါဆုံးဖြစ်နေတယ်ဆိုတာဘာကြောင့်လဲ
‘’
‘’ ဒုက္ခက
ငရဲ ပြည်ရဲ့ အဓိကထုတ်ကုန်လေ။ ‘’ လို့ ကျနော်ဖြေလိုက်တယ်။
သူက ကျနော်ပြောတာတွေကိုမှတ်စုစာအုပ်လေးထဲမှာအသေးစိတ်မှတ်နေတယ်။
နာရီကိုကြည့်လိုက်တယ်။ ကော်ဖီဆိုင်က ကျနော်တို့ နှစ်ယောက်ထွက်လာတယ်။ ကျနော်သူငယ်ချင်းက
ဟတ်ချို့ 
ဆိုပြီး နှာတချက် ချေတယ်။ မလှမ်းမကမ်းစာပွဲကထိုင်နေတဲ့ လူမဲ အမျိုးသမီးက ကျနော်သူငယ်ချင်းကိုကြည့်ရင်း
ဘုရားသခင်ကောင်းချီးပေးပါစေ (Bless You!) လို့  ဆုတောင်းပေးတယ်။
ကျေးဇူးလို
့သူကအမျိုးသမီးကိုဆိုရင်း- ‘’ အေးဗျာ ခရီးသွားခါနီး
ကြမှကောက်ခါငင်ကာ ကျနော် နှာစေးနေတယ်ဗျာ။’’ ရှုံ့ မဲ့ပြီး သူနှာခေါင်းကို တစ်ရူးပေပါနဲ့  သုတ်နေတယ်။
‘’ ခင်ဗျား
ငရဲပြည်ရောက်ရင် လုံးဝပျောက်သွားမှာပါ ‘’ ကျနော် အားပေးရင်း သူနဲ့  လူခြင်းခွဲလိုက်ကြတယ်။
(နှစ်)
သုံးလလောက်ကြာတော့
ကျနော်မိတ်ဆွေဆီက ဖုံးရတယ်။ သူငရဲပြည်မှာခုန်ချလိုက်ပြီ။ (အပြီးနေလိုက်ပြီ) နတ်ပြည်မှာဘာကြောင့်ခင်ဗျားမနေလဲ
လို့ ကျနော်မေးတော့- နတ်ပြည်မှာဥပဒေရှိတယ်။ မလွတ်လပ်ဘူး။ ငရဲပြည်မှာဥပဒေမရှိဘူး။ ပိုလွတ်လပ်တယ်လို
့ဆိုတယ်။ ပိုပျော်တယ်လို့ ဆိုတယ်။ သူနဲ့ ပြောနေရင်းဖုံးပြတ်သွားတယ်။
ဖုန်းကိုကိုင်ရင်းကျနော်တယောက်ထဲ ငေါင်းစင်းစင်းဖြစ်နေတယ်။ မနစ်က ငရဲကိုသွားလည်တဲ့သူငယ်ချင်း
တွေလဲ တယောက်မှပြန်မလာကြဘူးလေ။
မိုးသီးဇွန်
1 comment :
ဆိုတော့ ခင်ဗျားလည်း ငရဲပြည်ခုန်ချင်ပြီဆိုပါတော့ ... အင်းလေ..နတ်ပြည်မှာ နတ်ခွက်ပျောက်ရင် ရေတောင် ကောင်းကောင်းသောက်ဖို့မှ မလွယ်တော့တာကိုး .. ကျွတ် ကျွတ် ကျွတ်... နတ်ပြည် နတ်ပြည်...
Post a Comment