အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ဗဟိုကော်မတီအဆင့်အစည်းဝေး ကိုမနေ့ ကရန်ကုန်မြို့ မှာကျင်းပါတယ်။ အစည်းဝေးက အမျိုးသားဒီမိုကရေစီင်္အဖွဲ့  ချုပ်က မှတ်ပုံတင်ဖို ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်။
ဒါဟာ ၂၀၀၈အခြေခံဥပဒေကိုလေးစားလိုက်နာတယ်ဆိုတာကို ၀န်ခံလိုက်ရတဲ့သဘောဖြစ်ပါတယ်။ တချို့ သူများယူဆချက်က မှတ်ပုံတင်လိုက်မှာ ပါတီဟာတရားဝင်ရပ်တည်လို့ ရမယ်။ မြို့ နယ်အသီးသီးက လူတွေ ပါတီထဲကိုငင်ရောက်လှုပ်ရှားနိင်မယ်လို့ ယူဆကြပါတယ်။ တကယ်က စစ်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်

လှုပ်ရှားမှုမှန်သမျှကို ကန့် သတ် လာခဲ့တာ ၂၃ နှစ်လုံးလုံးဖြစ်ပါတယ်။ မှတ်ပုံတင်သည်ဖြစ်စေမတင်သည်ဖြစ်စေ ပါတီ က အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ စောင့်ကြည့်ခံနေရတဲ့
ပါတီသဖွယ်ဖြစ်နေဦးမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်မ၀င်ကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့ မှဆုံးဖြတ်မယ်လို့ သတင်းရပါတယ်။ ဖြစ်နိင်ချေရှိတဲ့ ခန့် မှန်းတွက်ချက်မှုများလဲထွက်ပေါ်နေပါတယ်။ ဒါကတော့
၁- အားလုံးက ရွေးကောက်ပွဲဝင်မယ်။
၂- အားလုံးမ၀င်ဘူး။
၃- စတိသဘော ( ဒေါ်စုမပါ) ၃ ယောက်ပဲဝင်မယ်။
၎- စတိသဘော ဒေါ်စုနဲ့  ၃ ယောက်ဝင်မယ်။
ဆိုတဲ့ ဖြစ်နိင်ချေများဖြစ်ပါတယ်။
၁၄ ရက်နေ့ မှာ နိင်ငံရေးအကျဉ်းသားအားလုံးလွတ်မယ်လို့ လဲသတင်းထွက်နေပါတယ်။
No comments :
Post a Comment