Thursday 3 November 2011
ထိုင်း နိင်ငံရောက်မြန်မာ များ ဒုက္ခတွေ့ နေ ခြင်း
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တွင် ရေကြီး နေမှုကြောင့် ရွှေ့ ပြောင်းမြန်မာအလုပ်သမားအများးစု ထိုင်းနိုင်ငံမဲဆောင်မြို့ သို့ ပြန်လည်ေ၇ာက်ရှိလာကြသည် ။
တွင်တရားဝင် မြန်မာဖက်သို့ ပြန်လည်လွဲအပ်ခဲ့သည်။ ထိုင်းဖက် မှ လွဲအပ်သည်ကို လက်ခံသူမှာခရိုင်အုပ်ချုပ်ရေးမှုးဦးဇော်လွင်ဦးဖြစ်ပြီး ၄င်တို့ မှ မြန်မာအလုပ်သမား ပြန်လာသလောက်ကို
တရားဝင် တံတားပေါ်မှ အကုန်ပြန်ပို့ စေလိုပြီး ခိုးလမ်း များမှ မပြန်စေလိုကြောင်း ပြောပါသည်။ ထိုင်းဖက်မှလည်း ပြန်လည်ပို့ ခံရသူများ၏ လက်ဗွေ ဓါတ်ပုံ အထောက်အထားများကိုယူငင်ပြီးမှ ပြန်ပို့  လို သည်ဟုဆို သည် အကြောင်းမှာ ထိုအလုပ်သမားများ မပျောက်မရှစေ၇န်ဖြစ်သည်ဟု သိရသည်။
မြန်မာဖက် အခြမ်းမှလက်ခံခေါ်ယူသွားသောအရာရှ
ိများမှ မြ၀တီဖက်တွင် ဆွေမျိုးရှိသူများ ကြိုဆိုသူများရှိလျှင် ကိုယ့်အစီအစဉ်ဖြင့်ပြန်နိုင်ပြီး လမ်းစရိတ်မရှိသူများ လမ်းခရီးတွေ နေရန်စားရန် အစဉ်မပြေသူများအား ၄င်းတို့ ဖက် မှ အပြည့်အစုံ ကူညီသွားမည်ဖြစ်သည်။ နေရပ်သို့ လည်း အရောက်ပို့ ဆောင်ပေးမည်ဖြစ်ကြောင်း သတင်းထောက်များကို ဖြေကြားသွားပါသည်။,ယနေ့  ညနေ (၅း၀၀) တွင် အယောက် ၁၅၀ ထပ်မံပို့ ဆောင်ခဲ့သည်။
ESS
No comments :