Sunday 13 November 2011

ငွေဆောင် လယ်မြေကိစ္စ ဦးဆောင်သူ ကိုမြင့်နိုင် ကို ရဲအုပ် လာခေါ်သွား

အဓမ္မ လယ်ယာမြေ အသိမ်းခံ တောင်းသူလယ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးနေသာ ကိုမြင့်နိုင် ကို ၁၃ နို ဝင်ဘာလ၂၀၁၁ ရက်နေည(၁) နာရီကျော်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစံမြင့်၊ ရဲအုပ်မြင့်အောင် အပါအ၀င် အင်အား (၁၅) ယောက်၊ စခန်းမှူးရဲအုပ် ရန်နိင်လတ်တို့မှ ရဲမင်းကီးမှ ငွေဆောင် တောင်သူတွေ ကိစ္စမေးမြန်းရန်အတွက် လာ ရောက်ခေါ်ယူသွားကြောင်း ကြားသိရသဖြင့် နီးစပ်ရာ ဒီမိုကရေစီအင်အားစုများမှ ၀န်းရံ၍ ကိုမြင့်နိုင်အား ဘာကြောင့် ခေါ်ယူကြောင်း ဘယ်လောက်အချိန်ကြာအောင် မေးမြန်းမှာဖြစ်ကြောင်း ဘယ်ဥပဒေအရ ယခုလိုခေါ်ယူမေးမြန်းကြောင်း ခေါ်ဆောင်သွားရာ နေရာသိုဝန်းရံအားဖြည့်နိုင်ရန် သတင်းပေးအပ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ကိုမြင့်နိုင် ဟာ ပုသိမ် လယ်ယာမြေရုံးသို့ မြေအသိမ်းခံရတဲ့ တောင်သူလယ်သမား ၂၀၀ ကျော်အား ဦးဆောင်လမ်းလျှောက် တောင်းဆိုခဲ့သူ ဖြစ်ပြီး၊ အဲဒီ ချီတက်တောင်းဆိုတဲ့ နေ့က ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်၏ ရုံးမှ တာဝန်ရှိသူ တဦးက လယ်သမားတွေရဲ့ မေတ္တာရပ်ခံချက်စာကို လက်ခံပြီးသုံးရက် အတွင်း ၀န်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးပေး မယ်လို့ နှုတ်ကတိ ပေးခဲ့ပါတယ်။

No comments :