Monday, 21 November 2011

တိရိစ္တာန် ညှင်း ပန်း မှု

   

ဒုတိယသမတ စိုင်းမောက်ခမ်းက ဆင်ဖြူ နစ်ကောင်အား  ပရိတ်ရည်ဖြင့် ပက်ဖြန်းပေး

နေပြည်တော်-- နိုဝင်ဘာလ-၂၀- ရက်နေ့ ထုတ် သတင်းစာမှ ကောက်နုတ်ချက်
       ရတနာဆင်ဖြူတော်တင် မော်တော်ယဉ်များသည် ညနေ-၃-နာရီ-၅၁-မိနစ်တွင် ဥသ္တိတ သန္တိစေတီတော် တောင်ဘက် မုင်္ခဦးသို့ေ၇ာက်ရှိလာရာ ကြိုဆိုရေးအဖွဲ့ များက ဗုဒ္ဒသရဏံ ဂစ္ဆာာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ၊
ဟူသော သရဏံသုံးပါးပါဋ္ဌိကို ရွတ်ဆိုကြသည်။  အခန်းအနားမှူးဖြစ်သူ သဒ္ဒမ္မ ဇေါတိက ဓဇ-  ဦးသူရက ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော -အထီးဖြစ်သည့် ဤရတနာဆင်ဖြူတော်၏ ဘွဲ့ နာမံအမည်တော်မှာ " ငွေဆန္ဒန် ၊ ငွေဆန္ဒန် ၊ ငွေဆန္ဒန် " ဟူ၍ သုံးကြိမ်ကြေညာသည်။ ထို အခါ ဒုတိယသမတစိုင်းမောက်ခမ်းနှင့် ၀န်ကြီးများသည် " ငွေဆန္ဒန် ၊ ငွေဆန္ဒန် ၊ ငွေဆန္ဒန် " ဟူ၍တဦးချင်းစီ သုံးကြိမ်ကျစီ ခေါ်ဆိုကြရာ ပရိတ်သတ်များက သြဘာလက်ခုပ်တီး၍ ကောင်းချီးပေးကြသည်။ နောက် အမဖြစ်သည့်  ဆင်ဖြူတော်၏ ဘွဲ့ နာမံအမည်တော်မှာ " ဟေမ၀တီ ၊ ဟေမ၀တီ၊ ဟေမ၀တီ " ဟု သုံးကြိမ်ကြေညာရာ ဒုတိယသမတအပါအ၀င် ၀န်ကြီးများက သုံးကြိမ်ကျစီ " ဟေမ၀တီ ၊ ဟေမ၀တီ ၊
ဟေမ၀တီ ဟူ၍အော်ခေါ်ဆိုကြပြီးနောက် "အောင်ပြီ ၊ အောင်ပြီ ၊အောင်ပြီ  " ဟု ကြွေးကြော်ကြသည်။
     ပထမဆင်ဖြူတော် ရာဇဂမ သီရိပစ္စယဂဇရာဇ နှင့် ဒုတိယဆင်ဖြူတော် သိင်္ဂီမာလာနှင့် တတိယဆင်ဖြူတော် ရတီမာလာတို့ သည် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့ နယ် မင်းဓမ္မကုန်းတော်၌ တည်ထားကိုးကွယ်လျှက်ရှိသည့် လောကချမ်းသာ အဘယမုနိရုပ်ပွါးတော်မြတ်အနီးရှိ ဆင်ဖြူတော်ဆောင်၌ စံပျော်လျှက်ရှိသည်။ စတုတ္ထဆင်ဖြူတော် ဘဒ၀တီနှင့် ပဉ္ဖမဆင်ဖြူတော် နန္ဒ၀တီတို့ သည် ဥပ္ပါတသန္တိစေတီတော် ၀တ္ထုကံမြေအတွင်းရှိ ဆင်ဖြူတော်ဆောင်၌ စံပျော်လျှက်ရှိပြီး ဆဋ္ဌမဆင်ဖြူတော် ငွေဆန္ဒန်နှင့် သတ္တမဆင်ဖြူတော် ဟေမ၀တီတို့ သည် နေပြည်တော် ဥပ္ပါတ သန္တိစေတီတော် ၀တ္ထုကံမြေအတွင်းရှိ ဆင်ဖြူတော်ဆောင်( အသစ်) ၌ စံပျော်ကြမည်ဖြစ်သည်။

 (  ကဲ - ဒီလို တရိစ္ဆန်တကောင်ကို ၊ ဘယ်လိုပြောရမှန်း မသိလောက်အောင် ဗုဒ္ဒသရဏံ ဂစ္ဆာမိ လို့  သုံးကြိမ် ရှိခိုးနေကြတာ ။ အောင်ပြီ အောင်ပြီ အောင်ပြီ လို့  သုံးကြိမ် အော်နေကြတာ- မြတ်စွာဘုရားသခင်ကိုသာ ကိန်းဝပ်စံပျော်တယ်လို့  ဗုဒ္ဒကျမ်းစာမှာ ရေးသားတာကို တရိစ္ဆန်တကောင် အိပ်ရာနေရာမှာ စံပျော်နေတယ်လို့  အစိုးရပိုင်သတင်းစာမှာ သုံးစွဲတာကို တော့ ဘယ်လိုပြောရမှာလဲ ဗျာတို့ )

1 comment :

Anonymous said...

they killed&jailed
*MONKS&TRUE PATRIOTS WHO GAVE THEIR LIFE FOR BURMA*
&they worship elephants!!!!!
they are only namely
*BUDDHIST*
*TRUE BUDDHIST NEVER ACT LIKE THIS*
so,they are called
သာသနာတော်ကိုဖျက်ဆီးနေကြသူများ
(ဝါ)
မိစ္ဆာဒိဌိများ
(ဝါ)
သာသနာတော် ကွယ်ပျောက်သွားစေရန် လုံ့ လ စိုက် လုပ်ဆောင်နေကြသူများ
သာ
ဖြစ်ပါပေကြောင်း~~~~~~~~~~

it does not matter white/blue/black /brown/yellow
elephant is elephant!!!!!!!!!

*HUMAN IS HUMAN*