မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးဝန်းအတွင်းမှာရှိတဲ့ မဟာဗုဒ္ဓဝင်ဗိမာန်တော်ကြီး
ဆန္ဒပြနေသည့် သံဃာတော် များက ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက် အပြည့်အစုံမှာ
"မြန်မာ့ငြိမ်းချမ်းရေးမှ ကမ္ဘာ့ ငြိမ်းချမ်းရေးသို့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို မြတ်နိုးတော်မူကြသော သံဃာတော်များဦးဆောင်၍ ပြည်သူလူ ထုတစ်ရပ်လုံးက သမ္မတကြီး ဦးသိန်းစိန်အား အောက်ပါအချက်များ ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။(၁) ပြည်သူလူထု တစ်ရပ်လုံး ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး၊ တရား မျှတရေးအတွက် မေတ္တာရှေ့ထားကာ ဆောင်ရွက်ကြရေး၊ ဖမ်းဆီးခံ ခဲ့ရသည့် အကျဉ်းကျနေသော ညီတော်၊ နောင်တော်၊ သံဃာတော်များ နှင့် ကျန်နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊
(၂) တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ပွဲများကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အတိုက်အခံ အင်အားစုများ ပါဝင်သည့် စစ်မှန်သောငြိမ်းချမ်းရေး လုပ်ငန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်။
(၃) လောကပါလ တရားနှင့် အသိပညာ ထွန်းကားရေးအတွက် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရဟန်းတော်များနှင့် စာပေပညာရှင်ကြီးများ ဟောပြောရာတွင် ပိတ်ပင် တားဆီးခြင်း၊ ဟောပြောခွင့်တောင်းခံရခြင်းတို့ကို လုံးဝရပ်စဲပြီး လွတ်လပ်စွာ ဟောပြော ရေးသားခွင့်ပေးရန်၊ မြန်မာပြည် အမြန်ငြိမ်းချမ်း ပါစေ။ ငြိမ်းချမ်းရေးကို လိုလားသော သံဃာတော်များ" ဟူ၍ဖြစ်သည်။
1 comment :
ကိုမိုးသီးကလည်း ဘုန်းဘုန်းတွေက ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒထုတ်ဖေါ်ကြတာပါ။
Post a Comment