ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် စော်ကားပြောဆို ဝေဖန်မှုအပေါ် သတင်းသမားများ ကန့်ကွက် လက်မှတ်ရေးထိုး
ASEAN-Japan ဆွေးနွေးပွဲ (ဓာတ်ပုံ Reuters)
အကြောင်းအရာ...
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဌဦးခင်ရွှေမှ ပြည်တွင်းမီဒီယာများအား ပြင်းထန်စွာ ထိုးနှက်
ရန်ကုန်၊နိုဝင်ဘာ ၁၅
အစိုးရသစ်လက်ထက်တွင်
ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့၏ ဥက္ကဌအဖြစ်
ခန့်ထားခံရသည့်အပြင် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ
ဇေကမ္ဘာဦးခင်ရွှေသည် ၄င်းစီစဉ်ကျင်းပသော Asean - Japan Business
Meetingသတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်းသင့်သည့်ဟူသော
သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်းမီဒီယာများတွင် ဖော်ပြချက်များ ကို
ပြင်းထန်စွာ ထိုးနှက်ပြောကြားလိုက်သည်။
ရန်ကုန်မြို့တော် ရှိ
ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာ ခရီးသွားလုပ်ငန်းအစည်းအဝေး၊
ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများ ပုဂံတွင် ကျင်းပမည့် အကြောင်း
သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းက အထက်ပါအတိုင်း
ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးခင်ရွှေ၏ လွှတ်တော်
အမတ်ဆိုသည့် ဂုဏ်နှင့်ပင် မထိုက်တန်သည့် လူကြီးလူကောင်းမဆန်
ငွေရှင်ကြေးရှင် ဆန်ဆန် စာနယ်ဇင်းသမားများအား စော်ကားချက်...
“ ထိုက်ထိုက်တန်တန်
လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။
ဆီဒိုးနားမှာခေါ်တယ်။ကျွေးတယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။
ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံတွေက
လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက
တော်တော်လေးကို စိတ်ဓါတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာမမြင်တဲ့ သဘောမျိုး
ဖြစ်နေတယ်။ နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို
တစ်ဘက်သတ်မကောင်း အသိအမှတ်မပြုသလို ဖြစ်နေတယ်” ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။
“ မီဒီယာတွေနဲ့
တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့
လုပ်တာက သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ
ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီ”ဟု ၎င်းက ဆိုသည်။
ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်းက “ကျွန်တော်တို့
သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်းရေးမှာပဲ။ ပြောရင်
ပြောတဲ့အတိုင်းရေးမှာပဲ။ စားဖို့သောက်ဖို့အတွက်တော့ ဘယ်သူမှ မလာဘူး။
သတင်းယူဖို့ပဲလာတယ်။ သတင်းသမားကတော့မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင်
ပါတီမှတ်ပုံတင်ဖို့ကို မမေးပါနဲ့ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။
နားလည်ပေးရမှာပေါ့” ဟု ယင်းအခမ်းနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။
ပြည်ပမီဒီယာကြီးများသည်
ပြောဆိုသည့်အတိုင်း ရေးသားကြသော်လည်း ပြည်တွင်းမီဒီယာများသည် အတွေ့ကြုံ
နုသေးသည့်အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့ကြောင်း
ရိုက်တာသတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဒေါက်တာခင်ရွှေက
ပြန်လည်ပြောဆိုသည်။
နိုင်ငံတော် သမ္မတကြီးသည်
မီဒီယာအပေါ် အလေးအနက်ထား လျက်ရှိပြီး ပခုက္ကူရေဘေး ပြန်လည်
ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော အလုပ်ကိစ္စများဖြတ်ကာ
မီဒီယာများနှင့် အချိန်မှီ တွေ့ဆုံရန် ညွန်ကြားခဲ့ကြောင်း နေပြည်တော် အမှတ်
(၂) စက်မှုဝန်ကြီးဌာနတွင် အောက်တိုဘာ (၂၆)ရက်နေ့က ပြုလုပ်သော
မီဒီယာတွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး
ဦးအောင်မင်းက ပြောကြားထားသည်။
ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ် ပြောဆိုဝေဖန်မှုအပေါ် သတင်းသမားအားလုံး ကန့်ကွက် လက်မှတ်ရေးထိုး
ဇေကမ္ဘာ ဦးခင်ရွှေ၏ မီဒီယာသမားများအပေါ်
ပြောဆိုဝေဖန်မှုအပေါ် ကန့်ကွက်ခြင်း လက်မှတ် ရေးထိုးခြင်းကို
နိုဝင်ဘာ၂၂ရက်နေ့က သတင်းမီဒီယာ ပေါင်းစုံမှ သတင်းသမားများပါဝင် လက်မှတ်
ရေးထိုး ခဲ့ကြပါသည်။
ယင်းသို့လက်မှတ်ရေးထိုးခြင်းကို
ရာဗိုလ် လက်ဖက်ရည်ဆိုင်မှာ ဘားလမ်း အလယ်ဘလောက်၊ မြို့တော် ခန်းမနှင့်
စီးတီးစတားဟိုတယ်အနီး၊ ရွှေအမြုတေမဂ္ဂဇင်းတိုက်အောက်၊ တွင်တည်ရှိသည်
ဖုန်းနံပတ်မှာ- 384216။ အောင် လက်ဖက် ရည်ဆိုင်မှာ 38 လမ်းအထက်ဘလောက်နှင့်
အနော်ရထာလမ်းထိပ်အနီး၊ ခရစ်ယာန်ကျောင်းကိုမျက်နှာမူသည်374739။ ယင်းနှစ်
နေရာများတွင်ပြုလုပ်ခဲ့သည်။ ယနေ့နောက်ဆုံး စာရင်းများအရ လက်မှတ်
ရေးထိုးခဲ့သော သတင်းသမား (၁၆၃) ဦး ဖြစ်ပါသည်။
ဂျာနယ်တိုက်များသို့
လက်မှတ်ရေးထိုးရန် ပေးပို့ထားသော စာရွက်များ ပြန်လည် မရရှိသေးပါသဖြင့်
နက်ဖြန်တွင် စာရင်း ထပ်ပေါင်းကာ ထပ်မံထုတ်ပြန် ပေးသွားပြီး
မရောက်ရှိလာသေးသည့် စာရင်း များနှင့် ပေါင်းပါက သတင်းသမား (၂၀၀) ခန့်
လက်မှတ် ရေးထိုးလိမ့်မည်ဟု ခန့်မှန်းရကြောင်း သတင်းသမားကွန်ရက်က
သတင်းထုတ်ပြန်သည်။ မနက်ဖြန် နေ့လည်တွင် အရေးပေါ် ကွန်ရက်တွေ့ဆုံပွဲ
ပြုလုပ်ပါမည်ဖြစ်ပြီး တွေ့ဆုံပွဲတွင် အများ သဘော တူ ဆုံးဖြတ်ချက်အပေါ်
မူတည်၍ တိုင်ကြားရန်နှင့် ကြေငြာချက် ထုတ်ပြန်ရန် ကိစ္စများကို ဆက်လက်
ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့၏
ဥက္ကဌ အဖြစ် ခန့်ထားခံရသည့်ဇေကမ္တာဦးခင်ရွှေသည် ၎င်းစီစဉ် ကျင်းပသောAsean -
Japan Business Meeting သတင်းအပါအ၀င် ၀န်ကြီးများရုံးအား ထိန်းသိမ်း
သင့်သည့်ဟူသော သတင်းများနှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင်
ဖော်ပြချက်များ ကို ပြင်းထန်စွာထိုးနှက်ပြောကြားပြီးနောက် သတင်းသမားများက
ကန့်ကွက်ရှုတ်ချရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် ရှိ
ယုဇနဂါဒင်းဟိုတယ်တွင် ( ၂၀၁၁ )ခုနှစ် နိုဝင်ဘာလ ( ၁၅ ) ရက်နေ့က ကျင်းပ
ခဲ့သော၂၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်းအစည်းအဝေး၊
ခရီးသွားလုပ်ငန်းပြပွဲ၊ ဓါတ်ပုံပြပွဲများပုဂံတွင် ကျင်းပမည့် အကြောင်း
သတင်းထုတ်ပြန်ခြင်း အခမ်းနားတွင် ၎င်းကအထက်ပါ အတိုင်း
ထိုးနှက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ထိုက်ထိုက်တန်တန်
လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းမွန်မွန်ကျွေး။ ဆီဒိုးနားမှာ ခေါ်တယ်။
ကျွေး တယ်။ စာအုပ်တွေပေးတယ်။ နေလည့်စာတွေကျွေးတယ်။ဘယ်ဂျာနယ်မှာမှ အာဆီယံ -
ဂျပန်ကို မရေးခဲ့ဘူး။ အာဆီယံနိုင်ငံ တစ်ရာကျော်လာတဲ့ဟာကို မရေးကြဘဲနဲ့
မဟုတ်က ဟုတ်ကတွေရေးတယ် ဆိုကတည်းက တော်တော်လေးကို စိတ်ဓါတ်ကျစရာကောင်းပါတယ်။
ကောင်းတာမမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။နိုင်ငံတော်ကသွားနေတဲ့ ကောင်းတဲ့
လမ်းကြောင်းကို တဘက်သတ် မကောင်းတာအသိ အမှတ်မပြုသလို ဖြစ်နေတယ်” ဟုလည်း ၎င်းက ဆက်လက် စွပ်စွဲပြောကြားသည်။ “မီဒီယာတွေနဲ့
တွေ့ဖို့ကို တော်တော်စိတ်ပျက်တယ်။ပြည်ပမီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက
သူ့အလုပ်သူ့လုပ်တာ။ ပြည်တွင်းမီဒီယာတွေကလည်း မကောင်းမြင်မှ
ဂျာနယ်ရောင်းရတယ်ဆိုတဲ့ အိုင်ဒီယာရှိနေရင်တော့ အတွေးတွေမှားနေပြီ။ လွဲနေပြီ”ဟု
၎င်းက ဆိုသည်။ ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။
ညီငယ် ဇော်တူးမှ ရေးသားပေးပို့ပါသည်..။
ယခုကဲ့သို့ ဇေကမ္ဘာဦးခင်ရွှေ၏
တရားလက်လွတ် ပြောဆိုမှုသည် ပြီးခဲ့တဲ့ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းအား
အများပြည်သူမှ ကန့်ကွက်ခဲ့စဉ်က အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏
မဆင်မခြင်၊ တရားလက်လွတ် စော်ကားပြောဆိုမှု ပုံသဏ္ဍာန်နှင့် အလားတူ နေပါတယ်..။
(မှတ်ချက်...) ၈၈အရေးအခင်း
ကာလအတွင်း ထိုစဉ်က မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်နေတဲ့ ယခုကြံ့ဖွတ်လွှတ်တော် အမတ် ဇေကမ္ဘာဦးခင်ရွှေဟာ ဆန္ဒပြပွဲ
ကာလအတွင်း မြင်းစီးအဖွဲ့ချုပ်အနေဖြင့် ဆန္ဒပြပွဲများအား ရန်ကုန်မြို့တွင်း၌
မြင်းစီး၍လှည့်လည်ကာ ဆန္ဒပြမည်ဟု ထူးခြားဆန်းကျယ်သော
အကြံဥာဏ်ပေးခဲ့မှုကြောင့် အများ၏ ကန့်ကွက်ခြင်းကို ခံခဲ့ရဘူးပါသည်..။
3 comments :
Dr. khin shwe ( a ) stealing champion.
ဂျာနယ်လစ်များ သို့
ခင်ဗျားတို့ ကို လူကြီးမင်းလို့ခေါ်။ ကောင်းကောင်းကျွေးလိုက်လို့ရှိရင် အဲဒီ Media သမားတွေကို နွားတွေလိုခိုင်းလို့ရတာကို..သတင်းလွတ်လပ်စွာရေးခွင့်မရှိတာတွေ၊ ဘာလို့လဲဆိုတော့ နွားတွေကို ကောင်းကောင်း ဆီဒိုးနားမှာ ကျွေးမွေးလိုက်ရင် နွားတွေဆိုမှတော့ ဘယ်လိုပြန်လှန်လို့ရမှာလဲ..။ ဆိုတော့ အဲဒီ Media ဆိုတာက ဆီဒိုးနားမှ နွားများ လို့ဆိုလိုတာပေါ့်နော်...
ကျေးဇူးပါ ဂျာနယ်လစ်များသို့
မှတ်ချက်။ They will not post this comment coz thay never like to fight to the News's Reporters.
U Khin Shwe has been saying the right things which is different from the medias in Europe and US.
Post a Comment