Friday 4 November 2011

တွေ့ ဆုံဆွေးနွေးမှုနှင့် လူထု ( ကိုကိုအောင် တင်ပြသည်။)


ထင်မြင်ယူဆမှုတွေ၊ဆွေးနွေးငြင်းခုန်မှုတွေ၊ကြိုတင်မှန်းဆမှုတွေ၊မသိမသာရော သိသိသာသာပါသဘောထား
ကွဲလွဲမှုတွေခုတလောအလွန်များလာတာ အများစုသတိထားမိကြမယ်လို့ ထင်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး
လှုပ်ရှားနေကြသောပြည်တွင်းပြည်ပအစုအဖွဲ့ တွေကြားမှာ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ ပါတ်သက်ပြီး
အယူအဆအမျိုးမျိုး ထင်မြင်သုံးသပ်မှုအမျိုးမျိုး ဖြစ်ပေါ်နေကြတာကိုဆိုလိုတာပါ။ ( ခေါင်းစဉ်ကိုကလစ်ပါ။)
ဒီလိုအခြေအနေများဖြစ်ပေါ်နေတဲ့လူပုဂ္ဂိုလ်များ အဖွဲ့ အစည်းများကိုအပြစ်ပြော၍မရပါ။ဒါတွေဟာသဘာဝ
ကျပါတယ်။လွတ်လပ်မှုရဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်၊တနည်းဆိုရရင် ဒီမိုကရေစီတန်ဖိုးတွေဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့ အားလုံးဟာ ဒီလိုလွတ်လပ်စွာ မိမိတို့ အယူအဆ အတွေးအခေါ် ထင်မြင်မှုတွေ ထုတ်ဖော်
ရာမှာ  တိုင်းပြည်ရဲ့အနာဂါတ်ကောင်းကျိုး ဒီမိုကရေစီ လမ်းကြောင်းရောက်အောင်တွန်းအားပေးမှုများကို သော်
၎င်း၊ဆောင်ရွက်နေသူများနှင့်ဆောင်ရွက်နေမှုများကိုသော်၎င်း မထိခိုက်အောင်သတိကြီးစွာထားကြရမယ်လို့ 
ထင်ပါတယ်။အစွန်း နှစ်ဖက်ကိုသတိထားရှောင်ကြရမှာဖြစ်ပါတယ်။နောက်တခုအနေနဲ့  အချိန်အတိုင်း
အတာတခုကို သီးခံစိတ်ရှည် စောင်းဆိုင်းကြရမှာပါ။ဘာ့ကြောင်ဆိုရင်ကျနော်တို့ အားလုံးဟာ မြန်မာနိုင်ငံမှာအာဏာရှင်စနစ်လုံးဝချုပ်ငြိမ်းပြီး စစ်မှန်
တဲ့ဒီမိုကရေစီဖြစ်ထွန်းစေလိုတဲ့စေတနာမှန်မှာ တူနေကြပြီး အတိုင်းအတာတခုထိ ကိုယ်ကျိုးစွန့် ကြိုးပမ်း
ဆောင်ရွက်နေကြသူများဖြစ်ကြလို့ ပါ။
လက်ရှိအနေအထားကို ကြည့်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်၊၀န်ကြီး ဦးအောင်ကြည်
တို့ တွေ့ ဆုံဆွေးနွေးနေကြတာ အားလုံးအသိဖြစ်ပါတယ်။ကမ္ဘာ့ နိုင်ငံအများစုကပါ စိတ်ဝင်တစားစောင့်ကြည့်
နေကြပါတယ်။တွေ့ ဆုံဆွေးနွေးမှုတွေဟာ အပြောင်းအလဲဖြစ်ပေါ်စေရေးအတွက်တိုးတက်မှုတွေရှိနေတယ်လို့ 
အားလုံးကလက်ခံကြပါတယ်။ကျနော်တို့ အားလုံးဟာ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ တွေ့ ဆုံ
ဆွေးနွေးအဖြေရှာဖို့ တစိုက်မတ်မတ်တောင်းဆိုခဲ့ကြတာပါ။ဒီနေရာမှာ ပြောစရာရှိတာက တွေ့ ဆုံဆွေးနွေး
မှုဟာ အချိန်အတိုင်းအတာ( time frame ) ရှိရပါမယ်။တွေ့ ဆုံဆွေးနွေးနေမှုအခြေအနေများ ရလာဒ်များ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အချိန်အတိုင်းအတာ တခုရောက်ရင် လူထုကိုအသိပေးပြောကြားကြဖို့ 
ဆွေးနွေးနေကြသော နှစ်ဖက်လုံးမှာတာဝန်ရှိပါတယ်။ခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဥိးသိန်းစိန်တို့ 
တွေ့ ဆုံခဲ့တာ ၃ လပြည့်တော့မှာဖြစ်ပါတယ်။  
ဝန်ကြီးဦးအောင်ကြည်နဲ့ တွေ့ ဆုံဆွေးနွေးတာဆိုရင် ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင်၊လူထုခေါင်းဆောင်တဦးဖြစ်နေသလို
 ဦးသိန်းစိန်သည်လည်း လက်ရှိအစိုးရရဲ့ တာဝန်အရှိဆုံး အမြင့်ဆုံး သမ္မတ တာဝန်ယူ
ထားလို့ ဖြစ်ပါတယ်။ဆွေးနွေးနေကြတဲ့အဓိကအကြောင်းအရာများဟာလည်း မြန်မာ့နိုင်ငံရေးအပြောင်းအလဲ
အတွက်အဓိကပါဝင်တယ်လို့ အများက နားလည်းလက်ခံထားကြလို့ ဖြစ်ပါတယ်။နှစ်ဖက်သဘောတူချက်များ
ကိုနှစ်ဖက်လုံးမှ ပညာရှိများပီပီ ချင့်ချင့်ချိန်ချိန်ဖြင့် အတိုင်းအတာတခုအထိတော့ ဖွင့်ပြောကြဖို့ တိုက်တွန်း
အကြံပြုလိုပါသည်။

၃ လတာတွေ့ ဆုံဆွေးနွေးနေမှုဟာ အချိန်အားဖြင့် မကြာသေးပါ။သို့ သော် တိုးတက်မှုတွေရှိနေပါသည်၊
ပြောင်းလဲမှုလမ်းစပေါ်ရောက်နေပါပြီလို့ ပြောရုံမျှဖြင့်မလုံလောက်ပါ။လူထုအပါအ၀င် ပြည်တွင်းပြည်ပ
တော်လှန်ရေးအင်အားစုများ၊တိုင်းရင်သားအဖွဲ့ အစည်းများ၊ဒီမိုကရေစီအင်အားစုများ အနေဖြင့် မချင့်မရဲဖြစ်
လာကြပါလိမ့်မည်။စိုးရိမ်စိတ်တွေ၊သံသယတွေတိုးပွါးလာကြပါလိမ့်မည်။ပို၍ကြာလာလျှင် ထင်မြင်ယူဆချက်
အမျိုးမျိုးကွဲပြားမှုများအပေါ်အခြေခံပြီး ညီညွတ်မှုပြိုကွဲသွားနိုင်ပါသည်။အမျိုးသားပြန်လည်သင့်မြတ်ရေး
အတွက်အတိုင်းအတာတခုအထိ ထိခိုက်လာနိုင်ပါသည်။မြန်မာ့လူထု သည်အတွေ့ အကြုံများရှိခဲ့ကြသည်ကို
မေ့ထားလို့ မရပါ။အာဏာရှင်အစိုးရ အဆက်ဆက်လက်ထက်တွင် ဥပေက္ခာပြုခံရခြင်း၊လိမ်ညာလှည့်စားမှုများ
ခံခဲ့ကြရခြင်း၊လူ့ အခွင့်အရေးများဆုံးရှုံးခဲ့ကြပြီး အာဏာရှင်တို့ ရဲ့ဖိနှိပ် ရက်စက်ခြင်းများခံစားခဲ့ရခြင်းစသည်
စသည်များ ဒါဏ်ရာဒါဏ်ချက်များပြည့်နှက်နေခဲ့ကြပါသည်။မြန်မာ့လူထုမှာ စစ်မှန်တဲ့ ဒီမိုကရေစီအပြောင်း
အလဲကိုလိုလားတောင့်တနေကြပါသည်။
ခုချိန်မှာဆိုရင် မြန်မာနိုင်ငံတွင်းမှာ အခြား နိုင်ငံအတော်များများမှ အစိုးရအရာကြီးများ၊သံတမန်များ
အခြားသောအဖွဲ့ အစည်းများမှပုဂ္ဂိုလ်များဟာ ခြေချင်းလိမ်မျှလာရောက်နေကြပြီး ဒေါ်အောင်ဆန်းစုကြည်
နှင့်ရော အစိုးရအဖွဲ့ ဝင်များနှင့်ရော နိုင်ငံရေးပါတီများ တိုင်းရင်းသားအဖွဲ့ အစည်းများ အပါအ၀င် လူ့ အခွင့်
အရေးလှုပ်ရှားဆောင်ရွက်ကြသူများနှင့်ပါတွေဆုံနေကြပါသည်။အပြောင်းအလဲတခုတော့ မကြာခင်မှာ
ဖြစ်ပေါ်လာတော့မည်ဟုမှန်းဆလျှင်ရနိုင်ကောင်းပါသည်။လူထုမှလည်း အခြေအနေတို့ ကို သိခွင့်ရလို
လာကြမည်မှာမြေကြီးလက်ခတ်မလွဲဖြစ်ပါလိမ့်မည်။
သို့ ပါသောကြောင့် တာဝန်ရှိသူများအနေနှင့် လူထုရဲ့ မျှောင်လင့်ချက် ယုံကြည်ချက်များ အားပေး
ထောက်ခံမှုများ ပိုမို ခိုင်မာလာအောင် ဆောင်ရွက်ကြပြီး လူထုကို ဖွင့်ပြောကြဖို့ အချိန်ရောက်ပြီ
ဖြစ်ကြောင်းတိုက်တွန်းလိုက်ရပါသည်။

ကိုကိုအောင်
တိုကျို
နိုဝင်ဘာလ ၄ ရက်၊ ၂၀၁၁


6 comments :

Anonymous said...

YES, WE AGREED UPON THAT.
WHAT THEY ONLY SAID WAS THE DARK CLOUDS ARE DISAPPEARING(MOON SOON IS STILL ON ITS WAY). ALTHOUGH WHAT WE DEFINITELY NEED IS A WELL DEFINED SHELTER. THE STATE OF BEING COVERED OR PROTECTED. BY MEANS OF NOT GIVING THE EXPLANATION WAS LIKE IGNORING THE DEMOCRACY RIGHTS TO THE PEOPLE OF THAT COUNTRY. THEY KNOW BETTER.
SHADOW DANCERS,BETTER NOT.

Anonymous said...

Incapable of being realized or defined. No matter in what situation people have the right to know. Do the Democracy way only.

Moe Oo (NLD youth) said...

ကိုကိုအောင်ရေ
ကိုညီညီအောင် လို ဗမာပြည်ကို ပြန်လဲလား
လာပါ အထဲမှာ လာပြီ လုပ်ပါ
အပြင်ကနေ ပြောနေ ရေးမနေပေါနဲ့တော့
ကိုယ်တိုင် ကိုယ်ကျ အထကြမှာ လာလုပ်ပါ

Anonymous said...

မြန်မာ နိင်ငံရေးလေားကမှာ လေထဲမျေားသွားတဲ့ စကားပေါင်းမြောက်များစွားရှိခဲ့ဖူးပါသည်။ ခင်ဗျား ဘုရားဘာကြောင့်ရှစ်ခိုးပါသလဲ မေးချင်ပါသည်။ ဒီလိုပါပဲ ကိုမစွမ်းတဲ့ အလုပ်တစ်ခု ကို လုပ်နိင်သေားသူတွေလုပ်နေကြပါတယ် ဒါကြေင့် စိတ်ထား သဘေားထား မြင့်မြတ်သေား စိတ်ဖြင့် မြန်မာနိင်ငံနှင့် အတူ မြန်မာလူမျိုးတိုင်အား အကောင်းမြင်တတ်သေားစိတ်ကို ထားတတ်ပါက ခင်ဗျားတို့  တစ်တွေ ဖြစ်နေတဲ့ ရေားဂါတွေ သက်သာလာပါလိပ်မည်။ အယုံရင် စမ်းကြည့်ပါ။ မြန်မာလူမျိုးတွေအပေါ် စိတ်ကောင်းထားကြည့်ပါ။ အဲဒီအထဲမှာ ခင်ဗျားလည်းပါပါတယ်။

Anonymous said...

အခု ခေတ်က အိမ်မှာနေပြီ နိုင်ငံရေးလုပ်လို့ရတဲ့ခေတ် မှာ အိမ်အပြင်ထွက်ပြီး ၀ိုင်ဖွဲ့စကားပြောစရာမလိုတော့ခေတ်ပါ အိမ်မှာနေပြီ အွန်လိုင်းနိုင်ငံရေးသမား ခေတ်စားလာပါတယ် အိမ်မှာ ဇိမ်းနဲ့ငြိမ့်ပြီ ဟိုတာက ဘာဖြစ်လဲ ဒါက ဘာဖြစ်လဲ အဲသလို ဖော်မြူလာနိုင်ငံရေးသမား ငကြောင်ကြောင်တွေက ဖြစ်လာတဲ့ပါတယ် ပြည်တွင်းက အွန်လိုင်းနိုင်ငံရေးကို လုပ်ချင်ပေမဲ့ စားဝတ်နေရေးအတွက် ကြည့်ချိန်လုပ်နေရသလို ပြင်ပမှာ လူတိုင်းလူတိုင်း အင်တာနက်သုံးနိုင်ပါတယ် ပြင်ပမှာရှိတဲ့လူတွေက ပိုပြီးလွတ်လပ် လုပ်ရတော့ ပြည်တွင်းထဲက လူတွေကို ဟိုတာဖြစ်တယ်လေ ဘာဖြစ်တယ်လေ တကယ်လက်တွေ့ နိုင်ငံရေးလုပ်ချင်ရင် တတိယနိုင်ငံရောက်မှ နိုင်ငံရေးအွန်လိုင်းတွေ သိပ်မလုပ်ကြပါနဲ့

Anonymous said...

The whole world is going online dude.
Even DASSK has her own online web blog. Let her Flourish.
WAKE UP!!! There are more links then online alone. Online Politics is just a small piece of net-working,info. The world is growing,bro. Let it flow, as long as media goes.