အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ ဆုံ
၁-၁၂-၂၀၁၁
မြန်မာနိုင်ငံသို့  အမေရိကန်အစိုးရ အဆင့်မြင့်ထိပ်တန်း နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခြင်း
သည် ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့  ယမန်နေ့ ( နိုဝင်ဘာ ၃၀ ရက်)က ရောက်ရှိလာသော အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည်
ဒီကနေ့ နေ့ လည်ပိုင်းမှာ နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့
ပါသည်။ထိုသို့ တွေ့ ဆုံရာတွင်မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏမောင်လွင်၊ပြည်သူ့ လွှတ်တော်
ဥက္ကဌသူရဦးရွှေမန်းနှင့်ပြည်ထောင်စုလွှတ်တော်နာယကဦးခင်အောင်မြင့်တို့ နှင့်အတူပြည်ထောင်စုဝန်ကြီးအချို့ 
တို့ လည်းပါဝင်ခဲ့ပါသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်မှ သမ္မတ ဦးသိန်းစိန်အား
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ရန်နှင့်
နိုင်ငံရေးအကျဉ်းသားအာလုံးလွှတ်ပေးရန် ကချင်ဒေသ ထိုးစစ်များရပ်တန့် ရန်နှင့်
နိုင်ငံရေးတွင်ပြည်သူအားလုံးပါဝင်နိုင်ရန် တောင်းဆိုလိုက်သည်။
သမတ ဦးသိန်းစိန်မှ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံ
ဒီမိုးကရေစီပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေးပိတ်ဆို့ မှုများ ဖွင့်ပေးရန်တောင်းဆိုသည်ဟု
သိရှိရသည်။
မနက်ဖြန် ဒီဇင်ဘာလ ၂ ရက်နေ့ တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော
နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်း
များနှင့် လည်းကောင်းတွေ့ဆုံမည်ဖြစ်သည်