Friday 30 December 2011
သေဆုံးသူမီးသတ်ရဲ ဘော်များရဲ့ သတင်း
သေဆုံးတဲ့မီးသတ်ရဲဘော်တွေကို ချက်ခြင်းသဂြိင်္ုလ်တာမရိုးဘူးလို့ ပြောသူတွေရှိတယ်။ မေသင်္ကြန် ဟိန်းကတော့ သူ့ရဲ့ ပို့စ်မှာ ဟောဒီလိုရေးထားတယ်
`ဆေးရုံရောက်နေတဲ့ သူတွေလည်း တယောက်မှ အကောင်းမရှိဘူး။တော်တော်ကိုဆိုးတာကွာ..အခြေအနေက…`သူတို့တွေရဲ့ စကားတွေကို နားထောင်ရင်း ကျမရင်ထဲ ကြပ်လာပါတယ်။ ပြီးတော့ မနေ့တုန်းက မီးလောင်ရာမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ မီးသတ်ရဲဘော်လေးရဲ့ အမေ အော်ငိုလိုက်တဲ့ အသံကိုလည်း ပြန်ကြားယောင်လာတယ်။
`လက်ချောင်းလေးပဲ မြင်လိုက်ရတော့တယ် သားရယ်၊ မင်းလက်ချောင်းမှာ ၀တ်ထားတဲ့ လက်စွပ်လေးကို မှတ်မိလို့သား ငါ့သားလို့ သိရတာ အဖြစ်ဆိုးလိုက်တာ သားရယ်`တဲ့ ။
No comments :