(၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တင်ခဲ့တဲ့ပို့စ်ကလေးဟာ အခုအချိန်အထိ အံဝင်နေသေးတာတွေ့ရလို့ ပြန်လည်ဆန်းသစ်လိုက်ပါတယ်။)
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ....။
ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။
ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိလည်း တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမယ်၊ ကျုပ်တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။
အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။
အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ အချို့သောပြည်တွင်းအတိုက်အခံနိုင်ငံရေးသမားများ၊ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။
source;kopaw07.blogspot.com
11 comments :
သူတော်ချင်း သတင်းလွေ့ လွေ့  ပေါင်းဖက်တွေ့ ။ လူရာမ၀င်တဲ့လူ တင့်တဲ့ ပိုစ် ဘေးရောက်နေတဲ့သူက ပြန်ဖော်ပြတယ်။ Facebook မှာ လူတကာ ၀ိုင်းဆဲခံရတဲ့ နှစ်ယောက် မမှတ်သေးဘူးထင်တယ်။ >> ခွက်ပျောက်မှာ စိုးကြောက်လှပါသည် ပေါ့ <<<
ဟား ဟား ဟား ကောင်းလိုက်တဲ့  ဥပမာလေး
အင်မတန် မိုက်ရိုင်း ပီး အောက်တန်းကျတဲ့ ဥပမာ ပဲ။
မင်းတို့ ကတော့ပြောမှာပေါ့၊ နိုင်ငံ ရေး ခိုလုံ ခွင့်ယူ ပီးတော့ အလှူရှင်တွေစီကလက်ဖြန့်တောင်း စားနေတာလေ
အခုပြည်တွင်းမှာ အတိုက်အခံ နဲ့ အစိုးရ အစင်ပြေတော့ မင်းတို့ ဘဝပျက် တော့မှာဆို တော့ အခုလိုပြောတာပေါ့

ကောင်းလိုက်တဲ့ ဥပမာ၊မြန်မပြည်ထဲက ဆိုးကော်လ် တတိယ အုပ်စု ခေါ် ကြောင်သူတော် အလိုတော်ရိတွေကတော့ ကော့ပေးရံမကဘူးပါးစပ်ကတောင် အသံထွက်လိုက်သေးတယ် တဟင်းဟင်းနဲ့ 
ရှင်ဘုရင်ရဲ့ ကျန်ရစ်တဲ့မိသားစုကို နောက်တက်တဲ့ ဘုရင်ကသတ်ပစ်တဲ့သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ်။
ဦးသန်းရွှေဟာလည်း သူ့မိသားစုကို ဦးနေ၀င်းမိသားစုလို အဖြစ်ဆိုးမျိုးမဖြစ်အောင် သူမရှိတော့တဲ့အခါတိုင်းပြည်မှာ အာဏာရှင်စနစ်အမြစ်မတွယ်ခဲ့ဘို့ကြိုးစားနေပါတယ်။ ယနေ့ဖြစ်နေတဲ့နိုင်ငံရေးအပြောင်းအလဲတွေအားလုံးဟာ နောင်ကွယ်ကသူပဲလုပ်ဆောင်နေတာပါ။ လက်ရှိအချိန်မှာ ဒေါ်စုနှင့်သူ အပေးအယူရှိနေတယ်လို့ကြားသိရပါတယ်။
ရောက်ရှိနေတဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားပါသည်။
အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံက "အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေမှာ ရောက်နေပြီ၊ အပြောင်းအလဲဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး"
နောက်တစ်ချက်က အခုလိုဖြစ်ပါသည်။
"ဒီမိုကရေစီစနစ်ကိုလက်ခံတယ်ဆိုလို့ရှိရင် အစိုးရအပြောင်းအလဲတွေကိုလည်း လက်ခံရမယ်၊ ဒီအပြောင်းအလဲတွေဟာ ညင် သာရမယ်၊ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကိုမထိရဘူး၊ နိုင်ငံကိုမထိရဘူး၊ ဆင်းသွားတဲ့အစိုးရကိုလည်း မထိရဘူး၊ တက်သွား တဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေမပေးရဘူး၊ အားလုံးဟာမျှတတဲ့ အခြေခံအပေါ်မှာတည်ရှိရ
MTZ!!!!!!!!!!!
I FEEL SO SAD TO SEE THIS POST!
YOU THROW AWAY ALL MY DEEPLY RESPECT TO YOU!!!!!!!!!
ယမမင်း
YIN LAW WAN
သူတော်ချင်း သတင်းလွေ့ လွေ့  ပေါင်းဖက်တွေ့ ။ လူရာမ၀င်တဲ့လူ တင့်တဲ့ ပိုစ် ဘေးရောက်နေတဲ့သူက ပြန်ဖော်ပြတယ်။ Facebook မှာ လူတကာ ၀ိုင်းဆဲခံရတဲ့ နှစ်ယောက် မမှတ်သေးဘူးထင်တယ်။ >> ခွက်ပျောက်မှာ စိုးကြောက်လှပါသည် ပေါ့ <<<
Good comment and you should say it more than that.
Post a Comment