Friday, 2 December 2011

ဦး ရွှေမန်း ရဲ့  ဖွင့်ဟ ၀ံခံ ချက်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး သူရရွှေမန်း သတင်းစာရှင်းလင်းပွဲ

shwemhan.mp3 (အသံဖိုင်) 

သူရဲ့ အင်တာဗျုးကို သေချာစွာနားထောင်ရင်
 ၁- မြောက်ကိုးရီးယား နဲ့ မြန်မာ နယူးကလီးယား လျိုလ်ဝှက် ဆက်ဆံရေးမှာသူမှာတာဝန်မရှိဘူး။  နယူးကလီးယား အဆင့်မရှိဘူးလို့ ဆိုတယ်။

၂- ပြုပြင်ပြောင်းလဲမှုတွေကို သူလုပ်ခြင်တယ်။ဒါပေမဲ့ အစိုးရထဲမှာ မပြောင်းလဲခြင်တဲ့သူတွေရှိတယ်။ အဲဒီလူတွေက တင်အောင်မြင့်ဦး တို့ အဖွဲ့ ဖြစ်တယ် ဆိုတာကို သွယ်ဝိုက်ပြောသွားတယ်။

သူရဲ့  အခြေအနေက ဗိုလ်ချုပ်ခင်ညွန့်  အာဏာရှိစဉ်က လို  သန်းရွေ၊မောင်အေး ခေါင်းမာဂိုဏ်းကြားမှာ အားပြိုင်နေရတဲ့အခြေအနေ မျိုးဖြစ်နေပါတယ်။ အဲ့ဒီကာလက ဗိုလ်ချုပ်ခင်ညွန့် က သူရဲ့ အခက်ခဲတွေကို
လူထုကို ခုလို ပြောင်မပြောပြခဲ့ဘူး။  ဗိုလ်ချုပ်ရွေမန်းက သူရဲ့  အခြေအနေတွေကို ခုထက်ပို ပြီး ပွင့်ပွင့်လင်းလင်း ပြော သင့်တယ်။ သူဟာ လူထု ဖက်ကို  ရပ်တည်သင့်တယ်။ သန်းရွေ၊ တင်အောင်မြင့်ဦး
ခေါင်းမာဂိုဏ်းနဲ့ လမ်းခွဲ ကြေင်းကို အတိအလင်း ထုတ်ဖေါ်လိုက်သင့်တယ်။ ဘာပဲဖြစ်ဖြစ် သူရဲ့ ဆွေးနွေး
တင်ပြချက် တွေကို ဟီလာရီကလင်တန် ကလည်း သဘောကျတယ်။ ရွေမန်းမှာ   Human Sense  ကို တွေ့ ရတယ်    လို့  ဟီလာရီကလင်တန် က ဆိုတယ်လို့ သိရတယ်။


5 comments :

Anonymous said...

အပြောကတော့ ရွှေမန်း..
အကကတော့ ကျော်ဆန်း..

ကိုတာဇံ ၈၈ said...

ကလိုက်တော့ ချိုမိုင်မိုင် လေးပါ ထည့်လိုက်ပါ ကိုမိုးသီးရေ -

Anonymous said...

ရှင်နေပါပြီ ။ ဦးရွှေမန်းကိုထောက်ခံပါ ။ ဖိအားပေါးပါ ။ သူလွပ်လွပ်လပ်လပ် လုပ်နိုင်အောင်လမ်းဖွင့် (အတားအဆီးတွေကိုရိုက်ချိုးဖယ်ရှားပေးနိုင်ဖို့ ) ကူညီကြပါ ။

Anonymous said...

Media is a dangerous source for the people who do not know everything.

Anonymous said...

There is no one who knows everything.