ရွှေည၀ါ ဆရာတော်ကို ကျောင်းတိုက်မှနှင် သည့်စာလက်ခံရ
by Yangon Press International on Wednesday, December 14, 2011 at 9:44am
ဒီဇင်ဘာ ၁၄၊ ၂၀၁၁ (YPI)ည ၉နာရီ ၁၀ မိနစ်
သာဓုပရိယတ္တိ စာသင်တိုက်နှင့် ရွှေည၀ါ ပညာ့ဗိမာန်ကျောင်းတိုက် ဆရာတော်အား တိုင်းသံဃာ့နာယက ဥက္ကဋ္ဌမှ စာဖြင့် ညွှန်ကြားလိုက်သည်ဟု သိရသည်။
ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စဟု ခေါင်းစဉ်တပ်ထားသည့် စာတွင် ဆရာတော် အနေဖြင့် မန္တလေးမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် တရားဟောကြားသည့် ကိစ္စနှင့် စပ်လျဉ်း၍ ၂၀-၁၁-၂၀၁၁ ရက်နေ့တွင်ကျင်းပသည့် ညီသံဃာ့နာယက ၄၇ ပါးစုံညီအစည်းအဝေးမှ ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်ကို မနာခံသဖြင့် ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန် နှင့် ရွှေည၀ါကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ်ခြင်း မပြုရန် ဆိုသည့်အချက်သုံးချက်ကို ဖေါ်ပြထားသည်။
မည်သည့်နေ့ရက်တွင် ထွက်ခွာရန် ဖေါ်ပြထားခြင်း မရှိသော်လည်း မနက်ဖြန် နေ့ခင်း ၁ နာရီတွင် သံဃာ့နာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရား ရွှေည၀ါ ပညာ့ဗိမာန်သို့ ကြွရောက်လာရန်ရှိသည်ဟုလည်း ကျောင်းတိုက်တွင် ရောက်ရှိနေသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုကိုကြီး (စမ်းချောင်း) က YPI သို့ပြောသည်။
၎င်းက “ အဓိကကတော့ဗျာ ကျောင်းတိုက်က နှင်ထုတ်တာ၊ နောက်ဗုဒ္ဓတက္ကသိုလ်ကိုလည်း ဖွင့်ခွင့်မပေးဘူး လို့ဆိုလိုတာပဲ” ဟုပြောသည်။
နှင်ထုတ်သည့်စာမိတ္တူအား သာသနာရေး ၀န်ကြီးဋ္ဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ချုပ်ရေးရုံး၊ သာသနာရေး ၀န်ကြီးဋ္ဌာန ညွှန်ချုပ်များထံသို့ ပေးပို့ကြောင်း ဖေါ်ပြထားသည်။ စာထုတ်သည့် ရက်စွဲမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ နေ့စွဲဖြစ်သည်။
ရွှေည၀ါဆရာတော်သည် ယခုလဆန်း ၂ ရက်နေ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန်လာရောက်စဉ် တွေ့ဆုံကြသည့် ပြည်တွင်း လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများအထဲ ပါဝင်သည့် တပါးတည်းသော သံဃာဖြစ်သည်။ ၈၈ မျိုးဆက်ကျောင်းသားများ အထိမ်းအမှတ် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် မိသားစုများ စုဝေးသည့်အခမ်းအနားများ ကိုလည်း ဆရာတော်ကျောင်းတိုက်တခုတည်းက သာလက်ခံကျင်းပပေးခဲ့ပါသည်။ ထိုအပြင်
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နိုင်ငံရေး အကျဉ်းသားများ စုဝေးသည့်ပွဲ၊ လစဉ် လဆန်း ၁ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသားမိသားစုများ စုဝေးတွေ့ဆုံပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရရှိသည့် နှစ် ၂၀ ပြည့်အခမ်းအနားများအား ယင်းကျောင်းတိုက်တွင် ကျင်းပခဲ့သည်။ ။

4 comments :
သံဃမဟာနယကဆိုတာက..စစ်ဘုန်းကြီးတွေ။
အာဏာရှင်တွေပဲ။ဖရားက ဘယ်သူကိုမှဘုန်းကြီးတွေအုပ်ချုပ်ဖို့ခွင့်မပေးခဲ့ဘူး ဘုန်းကြီးအချင်းချင်းလည်း ပြန်အုပ်ချုပ်ခွင်မရှိဘူး
ဒီအစိုးရတော့ ဖင်ထဲဒုတ်ဝင်နေချင်ပြီနဲ့ တူတယ်
That is truley right.
That is truley right.
Post a Comment