Thursday, 22 December 2011

နပိုလီယံ - ဘုရင်နောင် - တစေ့တစောင်း




ပြင်သစ်ကျေးလက်က လယ်သူမကြီးက အင်ပါယာ နပိုလီယံကို ကောက်ရိုးစွတဲ့ သံချွန်နဲ့  ထိုးမလို့  ကြိုးပန်းနေတဲ့ပုံပါ။ ဒါက   Napoleon  ဇတ်ဝင်ကားထဲက ဇတ်ဝင်ခန်းတခုပါ။ နပိုလီယံက ဥရောပတခုလုံး လိုက်လံ တိုက်ခိုက်ချေမှုန်းနေတယ်။ သမိုင်းမှာတော့  Napoleonic war  လို့ သုံးကြပါတယ်။ ဒီစစ်ပွဲတွေကြောင့် လယ်သူမကြီး ရဲ့ သားနစ်ယောက်စလုံးစစ်ထဲမှာကျဆုံးသွားတယ်။ လယ်တွေကိုလုပ်ကိုင်ပေးမဲ့သားတွေမရှိတော့ဘူး။ ဒီတော့လယ်သူမကြီးကနပိုလီယံကို တွေ့ တာနဲ့ အသေသတ်မယ်လို့ ဆိုတယ်။ လယ်သူမကြီးကသူကိုထိုးဖို့ လာတော့နပိုလီယံစိတ်ထိခိုက်သွားတယ်။ စစ်ပွဲတွေကြောင့် လူထုတွေဘယ်လောက်ဒုက္ခရောက်နေတယ်ဆိုတာကိုကိုယ်တိုင်မြင်တွေ့ သွားတယ်။ ဒါပေမဲ့နောက်ကျသွားတယ်။ ၁၈၁၅ ခုနစ်
အင်္ဂလိပ်နဲ့ ဖြစ်တဲ့ ကမ္ဘာကျော် ၀ါတာလူးစစ်ပွဲမှာ နပိုလီယံဟာ  အင်္ဂလိပ်၊သြစတီးယားနဲ့ ရုရှားတို့  ပူးတွဲထိုးစစ်ကိုခံရတယ်။ အဖမ်းခံရတယ်။ အာဏာစွန့် လိုက်ရတယ်။ စိန့် ဟယ်လီနာကျွန်းမှာသုံ့ ပန်းဘ၀နဲ့  ဘ၀ကိုဇတ်သိမ်းခဲ့ရတယ်။ သူသေပြီး ၁၉ နစ်ခန့် ကျမှာသူအရိုးကို ပြင်သစ်ကို ပြန်ပို့ ပေးခဲ့တယ်။ သူအရိုးကို  ပြင်သစ်တွေက သူရဲကောင်းအဖြစ်နဲ့  ဂုဏ်ပြုလက်ခံကြပါတယ်။
 နပိုလီယံဟာ စစ်ပါရဂူတဦးပါ။ သူကို ကမ္ဘာ့စစ်ကြောင်းတွေက နံပတ်တစ် စစ်ပါရဂူအဖြစ်အသိမှတ်ပြုထားတယ်။ သူကိုနိင်ခဲ့တဲ့ မြို့ စားကြီးဝယ်လင်တန်တောင်သူလောက်သမိုင်းမှာ နာမည်မကြီးလှပါဘူး။ ၁၈ ရာစုဟာ ပြင်သစ်ခေတ်ဖြစ်တယ်။ 
ပြင်သစ်တွေ အ်ါဓိက တန်ခိုးထားလာတာ ဟာ လူဦးရေကြောင့် ဖြစ်တယ်။


 ကျနော်တို့ မြန်မာ မှာတော့ စစ်ပါရဂူဟာ ဘုရင်နောင်ဖြစ်နိင်တယ်။ ဘုရင်နောင်က အကောင်းဆုံး စစ်ပညာရှင်၊ အကောင်းဆုံး တွေ့ ဆုံညှိနိင်းနိင်သူ လို့  ထိုင်းသမိုင်းမှာဆိုတယ်။ ကျနော်အမြင်ကတော့သူဟာ စစ်ရေး၊ နိင်ငံရေးပင်မက တိုင်းရင်းသားတွေကိုပါ ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားတာကို တွေ့ ရတယ်။ ဘုရင်နောက်လက်ထက်မြန်မာ ပြည်က အာသံ၊မဏီပူ၊ စစ်ဆောင်ပနား ( တရုပ်ပြည်တောင်ပိုင်း) ၊ ဗီယက်နမ် မြောက်ပိုင်၊ ထိုင်းနဲ့  မလေးအထိ ကျယ်ဝန်းတယ်လို့ ထိုင်းသမိုင်းပညာရှင်တွေကဆိုတယ်။  ဘုရင်နောင်ခေတ် မြန်မာ နိင်ငံဟာ ရီဂျင်နယ်ပါဝါတခုအဖြစ်တန်ခိုးထွား
နိင်ခဲ့တာ ဟာ လူဦးရေသာလွန်မှုကြောင့်ဖြစ်တယ်။ ဘုရင်နောင်ခေတ် မှာ မြန်မာ စစ်တပ်ဟာ တခုထည်း စစ်သည် ၅ သိန်းရှိနေတယ်။ ဒီအချိန်မှာ ထိုင်းနိင်ငံက စစ်အင်အား ၅ သောင်းပဲရှိသေးတယ်လို့ ဆိုတယ်။ (  ဒီနေ့ မြန်မာ စစ်တပ်ဟာ စစ်သား
၈ သောင်းက နေ ၁ သိန်းခန့် ပဲရှိပါတော့တယ်။ ဒါကြောင့် စစ်အုပ်စု ကျဆုံးတော့မယ်လို့ ကျနော်မကြာခန ထောက်ပြနေတာဖြစ်ပါတယ်။ ) 

မြန်မာ့ သမိုင်းမှာ အကြီးမားဆုံးသောနိင်ငံကိုတည်ထောင်နိင်ခဲ့တဲ့ တဦးတည်းသော ဘုရင်ဟာ တောင်ငူနယ်သား ဘုရင်နောင်သာဖြစ်တယ်လို့ ကျနော်ဆိုချင်တယ်။ 

4 comments :

Anonymous said...

Ba Yint Naung was a nyar thar lay.

Anonymous said...

Ba yint naung was a nyar thar.

Anonymous said...

စစ်အုပ်စုကိုတော့ အကျဆုံးမခံနဲ့ ကိုမိုးသီး ကျနော်တို့ တိုက်စရာ ပြောစရာ မရှိပဲနေမယ်..ဒီမိုကရေစီ မရပါစေ နဲ့လို့ ကျိတ်ဆုတောင်းသူတွေလဲ စိတ်ညစ်သွားဦးမယ်..

Anonymous said...

စောက်ပေါကြီး မိုးသီးဇွန်