Monday, 5 December 2011

မှန်ရာ ကို သစ္စာ ဆိုပါမည်...

မှန်ရာ ကို သစ္စာ ဆိုပါမည်...

ကျနော့်  ရင်မှာ အမှန်တကယ်ဖြစ်ပေါ်သည် မြန်မာ တပြည်လုံး ရှိသမျှ အကျဉ်းသားများ(နိုင်ငံရေး) ချွင်းချက် မရှိ လွှတ်တာ မြင်ချင်လှပါသည်။။။။။ ပြီးခဲ့ တဲ့  ၃ လခန့် က ကေအင်ယူ ဗဟို ကော်မတီဝင်၊ ကိုကိုးကျွန်းပြန် ဖဒိုမန်းငြိမ်းမောင် တရုတ်ပြည် မှ တဆင့်  မြန်မာပြည် ပြန်ပို့ ခံလိုက်ရတယ် ဆိုတဲ့  သတင်းက လုံးဝ ပျောက်ဆုံးနေတယ်ဗျာ....ကျနော် ထိုင်းနယ်စပ်မှာ ရှိနေစဉ်က သူနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးကြပါတယ် သူက ဗုဒ္ဒဘာသာ ကရင်လူမျိုး တစ်ယောက်ပါ သူ့ အိမ်သွားလို့ ပြောပြဖူးတာကို ၂ခါလောက်ကြားဖူးလို့  မှတ်မိနေပါတယ် သူ မနက်စောစော အိပ်ယာက နိုးရင် မျက်နှာ သစ်ပြီးတာနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပါစေ၊ ကိုမင်းကိုနိုင်နှင့် ထောင်ထဲက ရဲဘော်တွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ လို့ နေ့ စဉ်မေတ္တာ ပို့ တာဟာ တစ်နေ့ တာရဲ့  ပထမဆုံး အလုပ်တခုပါတဲ့....အခု သမိုင်းမှာ ထင်ရှားခဲ့ တဲ့  ကိုကိုးကျွန်းပြန် ဆရာ မန်းငြိမ်းမောင် တစ်ယောက် ဘယ်ရောက်နေလည်း၊သိရင် ပြောပြကြပါ အားလုံးအတွက် သူဆုတောင်းပေးခဲ့ သလို သူ့ အတွက်လည်း ကျနော် နဲ့ အတူ ဆုတောင်းပေးကြပါ။

မင်းနိင် 
( နိင်ငံရေးအကျဉ်းသားဟောင်းတဦး)

1 comment :

Anonymous said...

ထပ်တူထပ်မျှပါပဲ... ဆုတောင်းတိုင်း အမြဲထည့် ဆုတောင်းပါတယ်...