၁- သမိုင်းပညာရှင်ဆရာကြီးဒေါက်တာ သန်းထွန်း က မ အ အောင် သမိုင်းကို လေ့လာကြလို့  မိန့် ကြားခဲ့တဲ့ စကားဟာ ဒီနေ့  မြန်မာ့ နိင်ငံရေး အခြေအနေအတွက် သွေးထွက်အောင် မှန်တဲ့စကားဖြစ်နေပါတယ်။
၂- မြန်မာလူမျိုးဟာ ဟာ ခက်တယ်။ မြန်မာ သမိုင်းကို တကယ်မှတ်တမ်းတင်နိင်တာ အေ-ဒီ ၁၀၄၄ ဆိုတော့ ဘာမှ ကိုကြာလှသေးတာမဟုတ်ဘူး။ ၁၅ ရာစုက ဘုရင်နောင်မင်းတရားကြီးခေတ်၊ ဒါလည်း
မှတ်တမ်းဘာမှသိပ်မရှိဘူး။ ဘုရင်နောက်ကိုင်ခဲ့တဲ့ဓါးတို့ ၊ အကျီတို့ မရှိဘူး။ နန်းတော်က ဟိုတလောက
လောက်မှာပြန်တူးဖေါ်နိင်ခဲ့တယ်။ ၁၉ ရာစုက ကုန်းဘောင်ခေတ် ၊ ကုန်ဘောင်ရှာပုံတော်မှာ အလောင်း
ဘုရားက သူရဲ့ လက်သုံးတော်ဓါးကို သံတမန်တွေကိုပြခဲ့တယ်။ အခုအဲ့ဒီဓါးက ဘယ်မှာလည်းဆိုတာ
ကျနော်တို့ မသိတော့ဘူး။
၃- အနောက်တိုင်းသားတွေက သမိုင်းကို မှတ်မိပုံ၊ မှတ်တမ်းတင်နိင်ပုံ က အတုယူဖို့ ကောင်းလှတယ်။
သူတို့ က နှစ် ၅ထောင် ( ဘုရားမီပွင်မီ) က သမိုင်းတွေကိုမှတ်တမ်းတင်တယ်။ အထောက်အထားပစ္စည်း
တွေကို သိမ်းဆည်းမှတ်တမ်းတင်တယ်။ ကနေ့ အထိ နိင်ငံရေးအကြောင်းပဲပြောပြော၊ ယဉ်ကျေးမှုနဲ့ စီးပွား
ရေးအကြောင်းကိုပဲပြောပြော သမိုင်း အထောက်အထားတွေကို ပြန်လည် ဆွေးနွေးကြငြင်းခုန်ကြတယ်။
၎- ကျနော်တို့ မြန်မာ့ သမိုင်းမှာ အနော်ရထာမင်းရဲ့ အရိနမ္မာလှံ အကြောင်းကိုတခန်းတနားရေးဖွဲ့ ထားတယ်။ အဲ့ဒီလှံ ကို ရှာရင်မကောင်ဘူးလားလို့  ဆွေးနွေးရင် အရူးလို့  ထင်မဲ့သူများတယ်။ ဒီအချိန်မှာ နှစ်ပေါင်းသုံးထောင်လောက်က ရောမ သမိုင်းလက်ရာတွေကို
ထိမ်းသိမ်းကြတယ်။ ဟိုးမား ရဲ့ အိုဒက်ဆီထဲက ထရှိုင်မြို့ ကို တူးဖေါ်နိင်ခဲ့ကြတယ်။ ဗနီဆာမေး တို့ ၊ ဆာရာချန်းတို တီးနေတဲ့ တယောတွေက ဘုရင်နောင်ခေတ်လောက်က တယောတွေကို နဲ့ တီး
ခတ်နေကြတုံးဖြစ်တယ်။ တူရကီနိင်ငံက ပြတိုက်ထဲမှာ တမန် တော်မိုဟာမက်ရဲ့  မုတ်ဆိတ်နဲ့ ဓါးကို
ပြတိုက်မှာ ပြသထားတယ်။ ရောမခေတ်က ထင်ရှားခဲ့တဲ့ ကွန်စတင်တီနိုဘယ်မြို့  ကို တည်ဆောက်ခဲ့တဲ့
မြို့ ကြီးက ကနေ့ အထိ ထိမ်းသိမ်းထားကြသေးတယ်။
၅- ဧ၀ရက်တောင်ကိုတက်ခဲ့ကြတဲ့တောင်တက်သမားတွေက လမ်းခရီး မှာတွေ့ ကြုံရမဲ့အခက်ခဲတွေ
အခြေအနေတွေကိုမှတ်တမ်းတင်ခဲ့ကြတယ်။ နောက်လူတွေက ရှေ့က တက်သွားတဲ့ တောင်တက်သမား
အကျော်အမော တွေရဲ့  အချက်အလက်တွေကို သုတေသနပြုလေ့လာပြီးတော့ တောင်ထိပ်ကိုရအောင်
ဆက်တက်ခဲ့ကြရတယ်။
၆- မြန်မာ လူမျိုးတွေ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ ကြိုးစားနေတာ နှစ်ပေါင်း ၅၀ တိုင်ခါနီးပါပြီ။ ရှေ့ က တိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးပါတီအသီးသီးက အချက်အလက်တွေကို
ထားခဲ့ကြပါတယ်။ ( ဆက်လက်ဖေါ်ပြပါမည်။)
မိုးသီးဇွန်
No comments :
Post a Comment