Thursday 29 December 2011

“သားမြေးတို့တွက် ကြိုးစားစို့ ”

“သားမြေးတို့တွက် ကြိုးစားစို့ ”

ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ။

ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ။

အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ။

သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ။

ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ။
နိုးကြ ထကြ မြန်မာတို့ ။
သားမြေးတို့တွက် ကြိုးစားစို့ ။ ။

( မင်းသုဝဏ် )

No comments :