ပြည်ထောင်စုဒီမိုကရေစီပါတီ တည်ထောင်သူ ဖြိုးမင်းသိန်း အပါအ၀င် အခြားလူငယ်များ NLD တွင်လွှတ်တော်အမတ်အဖြစ် အရွေးခံရဖွယ်ရှိ
by Myanmar Mediamm on Thursday, December 1, 2011 at 2:17pm
ပြည်ထောင်စုဒီမိုကရေစီပါတီကို တည်ထောင်ခဲ့ပြီးရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ဖြိုးမင်းသိန်းအပါအ၀င် တိုးကျော်လှိုင်၊မျိုးရန်နောင်သိန်း စသည့် ပြင်ပလူငယ်များသည် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာခဲ့ပြီးနောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့၏ လူမှုရေးလုပ်ငန်းများ ၊ ကွန်ယက်အဖွဲ့ များ စည်တို့ တွင် ၀င်ရောက်ပူးပေါင်းလုပ်ကိုင်လာကြပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အသစ်ပြန်လည်ဖွဲ့ စည်းကာ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လူငယ်လွှတ်တော်အမတ်များနေရာတွင် ၀င်ရောက်ရွေးချယ်ခံရဖွယ်ရှိနေသည်ဟု အဖွဲ့ ချုပ်နှင့်နီးစပ်သူများထံမှသတင်းများထွက်ပေါ်လျှက်ရှိနေပါသည် ။ သို့ သော် ယခုချိန်ထိ အဖွဲ့ ချုပ်မှ ကိုယ်စားလှယ်လောင်းစာရင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဟု သိရပါသည်။
1 comment :
သတင်းလွဲနေပါတယ်။ ကိုဖြိုးမင်းသိန်းက ပါတီထောင်ခဲ့သော်လည်း မမျှတမှုကြောင့် ပါတီဥက်ကဌ ကနှုတ်ထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့ခြင်းမရှိပါဘူး။. ရွေးကောက်ပွဲ ၀င်ခဲ့သော ကိုဖြိုးမင်းသိန်း ဆိုခြင်းမှန် ၁၀၀% လွဲနေပါတယ်။ ကျေူဇူးတင်ပါတယ်။
Post a Comment