ဒါကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်တိုက်ပေးတာမျိုးမလုပ်ပါနဲ့၊ မပြောပါနဲ့လို့ အလေးအနက် အကြံပေးချင်ပါတယ်
by Thar Swe on Tuesday, December 6, 2011 at 6:54pm
(သားဆွေ)
တိုးကျော်လှိုင်။ ။ ကြေညာချက်ထုတ်ပြီးတော့ ပြန်လည်ရှင်းလင်းရတဲ့ ရည်ရွယ်ချက်က ဒီပေါ့ ကျနော်တို့ ၅ ရက်နေ့ကနေ ၅ ရက်နေ့ နေ့စွဲနဲ့ ၈၈မျိုးဆက်ကျောင်းသားများဆိုပြီးတော့ ဒီပေါ့ ... ဒီ .. ရွေးကောက်ပွဲအပေါ်မှာရော နောက်ပြီးတော့ NLD ဆုံးဖြတ်ချက်အပေါ်မှာရော ဒီလိုပေါ့ .. မထောက်ခံဘူးဆိုတဲ့ .. သဘောထားမျိုးတွေ ပေါ်ထွက်လာတာကနေပြီးတော့ စတာဗျာ။ ဟို ကျနော်တို့ ပထမဆုံးပြောချင်တာကတော့ ဒီ သဘောထားက ကျနော်တို့ ၈၈ အားလုံးကို ကိုယ်စားပြုတဲ့ သဘောထားမဟုတ်ဘူး။ အဲလို သဘောထားမဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ကနေပြီးတော့ ပြန်လည်ပြီးတော့ ရှင်းလင်းပေးတဲ့သဘောပဲ ကျနော်တို့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့ ဒီမိုကရေစီအင်အားစုတွေ ညီညီညွတ်ညွတ်နဲ့ ၀န်းရံပြီးတော့ ပံ့ပိုးကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကျနော်တို့မှာ ရှိနေတယ်။ ရှိတယ်၊ အဲလို ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကနေပြီးတော့ ဒီ ၅ ရက်နေ့ကြေညာချက်နဲ့ပတ်သက်ပြီးတော့ ပြန်လည်ပြီးတော့ ရှင်းလင်းတဲ့သဘောပါ။
အထက်မှာ ကိုတိုးကျော်လှိုင်ပြောတာလွဲနေပါတယ်။ ရွေးကောက်ပွဲကိစ္စတွေ NLD ဆုံးဖြတ်ချက်တွေကို မထောက်ခံဘူးဆိုတဲ့ သဘောမျိုး ၈၈မျိုးဆက်ကျောင်းသားများ ရဲ့ ကြေညာချက်မှာ မပါပါ။
Burma VJ။ ။ ကိုထွန်းမြင့်အောင်တို့ကိုစိုးထွန်းတို့ဟာ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဆိုပြီးတော့ အဲဒီ တံဆိပ်တုံးတွေဘာတွေနဲ့ လက်မှတ်ထိုးပြီးထုတ်တာလေ။ အရင်တုန်းက ကျနော်တို့နားလည်ထားတာက ကိုမင်းကိုနိုင်တို့ ဘာတို့ အားလုံးပါတဲ့ ၈၈မျိုးဆက်၊ ဗကသ စသဖြင့် 88 တုန်းက ကျောင်းသား အဖွဲ့အစည်းတွေ အားလုံးကို ပေါင်းစုထားတဲ့အဖွဲ့ပေါ့နော်။
တိုးကျော်လှိုင်။ ဟုတ်ပါတယ်။
Burma VJ သတင်းထောက်မေးခွန်းကိုတော့ ကိုတိုးကျော်လှိုင်က ဟုတ်ပါတယ်လို့ဖြေထားတယ်။ ဒီတော့ ၅ ရက်နေ့မှာထုတ်ပြန်တဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ထုတ်ပြန်ချက်ဟာ တကယ် ကိုယ်စားပြုမှုရှိတယ် အင်အားစုတွေအားလုံးပါဝင်တယ်ဆိုတာကို ကိုတိုးကျော်လှိုင် မငြင်းရဲတဲ့အနေအထားရှိတာတွေ့ရပါတယ်။
Burma VJ။ ဆရာတိုးတို့အနေနဲ့ ပြန်ပြီးတော့ ကြေညာချက်ထုတ်တဲ့အခါကျတော့ ဘယ်လို ဟိုဟာတွေ ကိုယ်စားပြုပြီးထုတ်တာလဲခင်ဗျ။
တိုးကျော်လှိုင်။ အားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ဒီအချိန်မှာပေါ့နော် ကျနော် ယူဆတာကတော့ ၈၈ ပဲဖြစ်ဖြစ် ၈၈ မျိုးဆက်ကျောင်းသားများပဲဖြစ်ဖြစ် ဘယ်လိုနာမည်မျိုးပဲသုံးသုံး အားလုံးကို ကိုယ်စားပြုမယ့် အနေအထားမျိုးတော့ မရောက်နိုင်ဘူး ဒီအပေါ်မှာ ထားပါတော့ စည်းတံဆိပ်တွေ ၁၀ ခု ၁၅ ခု ရိုက်လည်း ဒါဟာ အားလုံးကို ကိုယ်စားပြုတဲ့သဘောမျိုး ကျနော်တို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၈၈ အများစုက ပြည်ပနိုင်ငံတွေမှာ ရောက်နေကြတာရှိတယ်။ အကျဉ်းထောင်တွေထဲမှာ ရောက်နေကြတာ ရှိတယ်၊ တကယ် ၈၈ မှာ မိုးထဲရေထဲမှာ ဖြတ်သန်းခဲ့တဲ့လူတွေအများစုကို ကိုယ်စားမပြုတာတော့ သေချာတယ်။
၈၈ လို့ ပြောမယ်ဆိုရင်တော့ အားလုံးပါတာပေါ့၊ အေးလွင်တို့လည်း ပါတာပေါ့။ တတိုင်းပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အုံကြွပုံကန်ခဲ့ကြ တာဆိုတော့။ ဖြိုးမင်းသိန်း တို့လည်း ပါပါတယ်။ ကျနော်တို့ မြို့နယ် အကသ မှာလုပ်ခဲ့တဲ့ သစ္စာဖောက် ကျော်စွာလင်း လည်းပါတာပါပဲ။
ခုပြောနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ဆိုတာ အဲဒီလို ဗြောက်သောက် မဟုတ်ပါဘူး။ ၈၈ ကတည်းကနေ ဒီနေ့အချိန် အထိ ပြည်သူလူထုအပေါ် သစ္စာရှိရှိ၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရည်မှန်းချက်ပန်းတိုင်ဆီကို ဇွဲရှိရှိ နဲ့ (ကိုမင်းကိုနိုင် ပြောခဲ့သလိုပါပဲ) လမ်းတွေပေါ်မှာ အကျဉ်းထောင်တွေထဲမှာ ဘ၀တွေ အသက်တွေကို ပေးခဲ့ကြသူတွေပါ။ ထောင်ကလွတ်လာ တော့လည်း ကျနော်တို့ စီးပွားရေးပဲ လုပ်ဦးမယ်ဗျာ… ကျနော်တော့ … ပါတီထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်မယ်ဗျာဆိုတဲ့ လူတွေ ၈၈ မျိုးဆက်ကျောင်းသားများ မှာ မပါခဲ့တာတော့ အမှန်ပါဘဲ။
၈၈မျိုးဆက်ကျောင်းသားများ ဆိုတာ ကိုမင်းကိုနိုင်တို့ ထောင်ကနေ ပြန်လွတ်လာပြီးနောက်ပိုင်း၊ ဗကသ အနေနဲ့ သွားကြ မလား မကသ အနေနဲ့သွားကြမလား အားလုံးက စောင့်ကြည့်နေတဲ့အချိန်မှာ ဘာနဲ့မှ မသွားပဲ ၈၈မျိုးဆက်ကျောင်းသားများ အဖြစ်နဲ့ လုပ်ခဲ့ကြတယ်။ ရင်ဖွင့်သံလှုပ်ရှားမှု၊ အဖြူရောင်လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးလှုပ်ရှားမှု၊ ကားခဈေးနှူန်းတွေကျဆင်းရေးလှုပ်ရှားမှု၊ ရွှေဝါရောင်လှုပ်ရှားမှု၊ …စသဖြင့်…ယနေ့အချိန်ထိပေါ့ဗျာ… တဗိုလ်ကျ တဗိုလ်တက်နဲ့ လုပ်ခဲ့တဲ့ အင်အားစုကြီးပါ။
အဲဒီအင်အားစုထဲမှာ ကိုမင်းဇေယျတို့လည်း ပါပါတယ်။ ဗကသ ရဲဘော်တွေလည်းပါပါတယ်။ ၉၆/၉၈ ကျောင်းသားရဲဘော်တွေလည်းပါပါတယ်။ ကျနော်ကိုယ်တိုင်လည်း ၁၉၉၆ ကျောင်းသားရဲဘော်တယောက်ပါပဲ။ ကျနော်တို့ကို ကိုယ်စားပြုထားတယ်လို့ပြောလို့ရတဲ့ ကိုစိုးထွန်းကိုယ်တိုင် ဒီကြေညာချက်မှာ လက်မှတ်ထိုးထား ပါတယ်။ ကိုမင်းကိုနိုင်တို့ အဖမ်းခံသွားရတဲ့အခါမှာ ကိုဌေးကြွယ် ဆက်ပြီးတာဝန်ယူခဲ့ပါတယ်။ ကိုဌေးကြွယ် အဖမ်းခံရတဲ့အချိန်မှာ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်း၊ မနီလာသိန်း တို့ ဆက်ပြီးတာဝန်ယူခဲ့ကြတယ်။ မနီလာသိန်း အဖမ်းခံရတော့ ကိုထွန်းမြင့်အောင်နဲ့ ကိုစိုးထွန်း ဆက်ပြီးတာဝန်ယူပါတယ်။ အခု စမ်းချောင်းကိုကိုကြီး နဲ့ ကိုမြတ်သူတို့ ပြန်လွတ်လာတော့ သူတို့တွေအားလုံး ကိုထွန်းမြင့်အောင် ကိုစိုးထွန်းတို့နဲ့အတူ ဆက်ပြီးတာဝန်ယူနေကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် ကိုတိုးကျော်လှိုင်ပြောသလို အများစုကို ကိုယ်စားမပြုဘူးဆိုတာ လုံးဝ လွဲနေပါတယ်။ ကိုတိုးကျော်လှိုင်သာ အများစုကို ကိုယ်စားမပြုနိုင်သူဖြစ်တယ်လို့ မြင်ပါတယ်။ ကိုတိုးကျော်လှိုင်သာ ဒီ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့နဲ့ပတ်သက်ပြီး ဘာတာဝန်မှ ယူမထားသူဖြစ်တယ်ဆိုတာကို ငြင်းနိုင်ပါသလားလို့ ပြန်ပြီး မေးခွန်းထုတ်ပါတယ်။
Burma VJ။ အခု ဒီစာကိုကျတော့ ဆရာတို့ ဒီ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များဆိုပြီးထုတ်တယ် .. အဲဒီ့ ဟာမှာရော ဘယ်သူတွေများ ပါဝင်ပါလဲဆရာ။
တိုးကျော်လှိုင်။ ဒီမှာတော့ပေါ့ ကျနော်တို့ ပါမယ်ပေါ့ဗျာ။ ကိုဖြိုးမင်းသိန်းတို့လည်းပါမယ်ပေါ့ဗျာ နောက်ပြီးတော့ ၈၈ နဲ့ပတ်သက်ပြီးတော့ တကယ်အလုပ်လုပ်ခဲ့ကြတယ် တကယ်ပြစ်ဒဏ်တွေကျခံပြီးတော့ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလည်း ပါမယ်ပေါ့ဗျာ။ ဒီလူတွေတော့ ပါကြမှာပါ။ ဒါပေမယ့် ကျနော်တို့ကတော့ အခွင့်အရေးတရပ်အနေနဲ့ နာမည်ခံပြီးတော့ ကြေညာချက် ပြန်လည်ရှင်းလင်းချက်ထုတ်တာမဟုတ်ဘူး။ ကျနော်တို့ကတော့ ၈၈ မှာ တကယ်ပါဝင် ပတ်သက်ခဲ့ကြတဲ့ လူတွေအနေနဲ့ ဒီကြေညာချက်အပေါ်မှာ လက်ရှိ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးလမ်းကြောင်းကို ကျနော်တို့ ဟိုပေါ့ ဘာခေါ်မလဲ အထောက်အပံ့မဖြစ်စေဘူးလို့ ကျနော်တို့က ယုံကြည်တယ်၊ ဒီကြေညာချက် ၅ ရက်နေ့ ကြေညာချက်က၊ ဒါကြောင့်ကျနော်တို့ ပြန်လည်ပြီးတော့ ရှင်းလင်းချက်ထုတ်တာပါ။
ကိုတိုးကျော်လှိုင်နဲ့ ကိုဖြိုးမင်းသိန်းတို့နှစ်ယောက် ပါမယ်ဆိုတာကိုတော့ ကျိန်းသေတွက်ထားပြီးတဲ့အတွက် မအံ့သြပါ။ အမတ်အဖြစ်ဝင်ချင်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ကျနော်တို့ သိနေရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားများရဲ့ထုတ်ပြန်ချက်ထဲမှာ .....
၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် မဟုတ်ဘဲ၊ မိမိတို့တဦးချင်း သဘောဆန္ဒအလျောက် ရွေးကောက်ပွဲဝင်ခြင်းအပေါ် သဘောထား မှတ်ချက် တစုံတရာပေးရန် မရှိပါ။....
လို့ ပါရှိပြီးဖြစ်တဲ့အတွက် ကိုတိုးကျော်လှိုင်တို့ ရွေးကောက်ပွဲဝင်ချင်တယ်ဆိုရင် တသီးပုဂ္ဂလအနေနဲ့ ၀င်နိုင်ပါတယ်။ ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့ကိုတော့ ဆွဲထည့်လို့ မရဘူးလို့ မြင်ပါတယ်။ ကိုတိုးကျော်လှိုင်ပြောသွားတဲ့
.... ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့လမ်းကြောင်းကို အထောက်အပံ့မဖြစ်စေဘူး...
ဆိုတာဟာ ၈၈မျိုးဆက်ကျောင်းသားများကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်တိုက်ပေးသလိုလို ဖြစ်နေပါတယ်။ ဒီလိုမျိုးမလုပ်ပါနဲ့လို့ သတိပေးချင်ပါတယ်။
Burma VJ။ ဒီ အစုအဖွဲ့တွေအနေနဲ့ မဟုတ်ပဲနဲ့ အဲလိုပေါ့ ဒီ အားလုံး အလွတ်တန်းသဘောမျိုးလို့ ဆရာတို့ဆိုလိုတာလားခင်ဗျ။
တိုးကျော်လှိုင်။ ဟုတ်ပါတယ်ဗျ၊ ဟုတ်ပါတယ်၊ ကျနော်တို့က လောလောလတ်လတ်အနေအထားမှာ ကျနော်တို့က အစုအဖွဲ့အနေနဲ့ ရပ်တည်နေတဲ့သဘောမျိုး ကျနော်တို့မဟုတ်ဘူး ကျနော်တို့ ဟို သီးခြား လွပ်လပ်စွာနဲ့ အားလုံးကို အခြေအနေပေါ်မှာ အားလုံးကိုဝန်းရံပြီးတော့ ပေါင်းစည်း လုပ်ကိုင် နေတဲ့အပေါ်မှာပဲ ကျနော်တို့ ရပ်တည်နေကြတာဖြစ်ပါတယ်။
ကိုတိုးကျော်လှိုင်ပြောတဲ့အထဲမှာပါပြီးပါပြီ ကိုတိုးကျော်လှိုင်တို့အစုအဖွဲ့အနေနဲ့ မဟုတ်ဘူး ... သီးခြားလွပ်လပ်စွာရပ်တည်နေတယ်ဆိုတဲ့ တသီးပုဂ္ဂလသဘောမျိုးဖြစ်နေတဲ့အတွက် ကိုတိုးကျော်လှိုင်တို့ပြောတဲ့သဘောထားတွေဟာလည်း ဘယ်အစုအဖွဲ့ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားပြုမှုမရှိဘူးလို့ ကျနော်တို့ယူဆပါတယ်။
Burma VJ။ ဒီမနေ့က ကိုထွန်းမြင့်အောင်ထုတ်တဲ့စာထဲမှာ တချက်ပါတာက ဒီ . ထောင်ထဲမှာရှိနေတဲ့ကိုမင်းကိုနိုင် အပါအ၀င် တခြားကျောင်းသားခေါင်းဆောင်တွေ မလွတ်မခြင်း ဒီဟာ လွတ်ဖို့အတွက် သူတို့ဆက်ပြီး ဆောင်ရွက်သွားဖို့ရှိတယ် ဒီ ဆရာတိုးတို့ ကိုတိုးတို့ ကိုဖြိုးမင်းသိန်းတို့ဘက်အနေနဲ့ကရော ဒီရွေးကောက်ပွဲ ၀င်ရေးနဲ့ အန်တီနဲ့အန်တီစုကို လိုက်ဝန်းရင်းနဲ့ သူတို့လွတ်မြောက်အောင် လုပ်မယ့်ပုံစံမျိုးတွေလား ဘယ်လို ဘယ်လို အနေအထားမျိုးရှိလဲဗျ။
တိုးကျော်လှိုင်။ ကျနော်တို့က ဒီ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဆိုတာက ကျနော်တို့ န၀တ နအဖ ပေါ့နော် ခေတ်အဆက်ဆက် ကျနော်တို့ တောင်းဆိုလာခဲ့တာပါပဲ။ ဒီနေ့အချိန်ထိကို ကျနော်တို့ တောင်းဆိုနေတာပဲလေ။ အဲဒီတော့ ဒီမှာပေါ့ ကျနော်တို့ အခုဆို ကျနော်တို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်ကိုယ်တိုင်လည်း အခု အများကြီး လုပ်နေတာရှိတယ်။ ကျနော်တို့ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို ကျနော်တို့ signature campaign ဆိုပြီး ကျနော်တို့ လုပ်ခဲ့တာလည်းရှိတယ်။ အခုလည်း ကျနော် နိုင်ငံရေးအကျဉ်းသားစာရင်းကို ပြုစုပြီးတော့ ကျနော်တို့ ဟလား ... ဒီအစိုးရ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင် တို့ဘာတို့နဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့ တောင်းဆိုသွားမယ့်အနေအထားတွေလည်း ကျနော်တို့ ရှိတယ်။ တလက်စတည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုကတော့ ကျနော်တို့ တောက်လျှောက်လုပ်နေတဲ့ လုပ်ငန်းကြီးတရပ်ပါ။ ဒါပေမယ့်လို့ ကျနော်ပြောချင်တာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တာနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကိစ္စတွေကို ကျနော်တော့ ရောထွေးမစဉ်းစားသင့်ဘူးလို့ ကျနော်တို့တော့ ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဆက်လက်တောင်းဆိုနေမှာပဲ။ အန်တီဒေါ်အောင်ဆန်းစုကြည် ကိုယ်၌လည်း အဲဒီ ၁၈ ရက် နိုဝင်ဘာ ၁၈ ရက်နေ့ ဟို ဟိုဟာမှာ တွေ့ဆုံပွဲမှာ သူ အတိအလင်းပြောထားပြီးသား။ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးမလွတ်မချင်း ဆက်လက်တောင်းဆိုသွားမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ကျနော်တို့ ရောထွေးမစဉ်းစားသင့်ဘူးလို့ ကျနော်တို့မြင်ပါတယ်
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် ကိုတိုးကျော်လှိုင်တယောက်တည်းမဟုတ်ပါဘူး။ ကျနော်တို့လည်း တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။ ကိုမင်းကိုနိုင်တို့မလွတ်ခင် ကျနော်တို့ ပြည်ပက အင်အားစုတွေလည်း signature campaign ဆိုပြီး ကျနော်တို့လုပ်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုကို တကယ်ယုံယုံကြည်ကြည်နဲ့ ရိုးရိုးသားသားနဲ့လုပ်မယ်ဆိုရင် ကျနော်တို့ ကြိုဆိုပါတယ်။
NLD က မှတ်ပုံတင်တယ်ဆိုတာ ထောင်ကျနေတဲ့သူ့ပါတီဝင်တွေကို ထုတ်ပစ်စရာမလိုတော့ဘူး၊ ဒေါ်စုလည်း ရွေးကောက်ပွဲဝင်ချင်ရင် ၀င်လို့ရတဲ့အနေအထားမို့လို့ ၀င်တဲ့အတွက် ဒီကိစ္စကို ၈၈ မျိုးဆက်ကျောင်းသားများက သူတို့ကြေညာချက်မှာ အခုလိုဖော်ပြထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီမှတ်ပုံတင်ပြီး လာမည့်ရွေးကောက်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဆုံးဖြတ် ချက်ချခဲ့ခြင်းသည် ၄င်းတို့ပါတီအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အထွေထွေသဟဇာတဖြစ်ရေး တို့အတွက် သင့်တော်မည်ဟုထင်သည့် လမ်းကို ပါတီဝင်အများစု၏ဆန္ဒအရ ရွေးချယ်လျှောက်လှမ်းလိုက်ခြင်းသာ ဖြစ်သည်ဟု မိမိတို့ မှ လေးစားစွာဖြင့် ရှုမြင်နားလည်သည်။
ဒါကြောင့် သူတို့တွေဟာ ... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ရောထွေးမစဉ်းစားဘူးဆိုတာ ထင်ရှားပါတယ်။ ကိုတိုးကျော်လှိုင်ပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ ကျနော်တို့ ရောထွေးမစဉ်းစားသင့်ဘူးဆိုတာဟာ ၈၈မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်ပြီး ရန်တိုက်ပေးတဲ့သဘောဖြစ်နေပါတယ်။ ဒီလိုမျိုးမလုပ်ပါနဲ့လို့ ထပ်ပြီး သတိပေးချင်ပါတယ်။
Burma VJ။ ဒီအနှစ်ချုပ်အနေနဲ့ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ဘာများပြောချင်ပါသေးလဲ
တိုးကျော်လှိုင်။ ဟို ဒီဟာတွေကပေါ့နော် ကျနော်တို့ ဟို .. ဘယ်လိုခေါ်မလဲ ကျနော်တို့ အချင်းချင်းမှာ ဒါဟာ သဘောထားကွဲလွဲတယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုးဖြစ်ချင်လည်း ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့်လို့ ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် ဟို နိုင်ငံရေးလမ်းကြောင်းပေါ်ကို လက်တွေ့ကျကျ ပြတ်ပြတ်သားသား ကျနော်တို့ ဆုံးဖြတ်ရွေးချယ်ရမယ့် အချိန်ဖြစ်ပါတယ်။ အန်တီဒေါ်အောင်ဆန်းစုကြည်ကိုယ်၌လည်းပဲ ဘာပဲဖြစ်ဖြစ်လက်ရှိအချိန်မှာ ဒီပေါ့နော် အကောင်းဆုံးလို့ သူယူဆတဲ့ နိုင်ငံရေးလမ်းကြောင်းကို သူဆုံးဖြတ်ရွေးချယ်တာ ဒါအများစုဆန္ဒနဲ့ သူ ဆုံးဖြတ်ရွေးချယ်တာဖြစ်ပါတယ်။ ဒီမိုကရေစီနည်းကျကျဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒါတွေအတွက် ကျနော်တို့က ဟို ဘယ်လိုခေါ်မလဲ ပုတ်ခတ်ပြောဆိုတာမျိုး ကျနော်တို့ သဘောထားမရှိပါဘူး ကျနော်တို့ကတော့ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ကျနော်တို့အားလုံး ၀န်းရံပံ့ပိုးမယ်လို့ ဆုံးဖြတ်ချက်ရှိထားပြီးသားဖြစ်ပါတယ်။ ဒ့ါကြောင့်လည်း ကျနော်တို့ ဒီ ၅ ရက်နေ့ သူတို့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ထုတ်ပြန်ရှင်းလင်းရတာဖြစ်ပါတယ်။ တခြား ကျနော်တို့ ပုဂ္ဂိုလ်ရေးအာဃာတ ဘာညာ ကျနော်တို့ ပုဂ္ဂိုလ်ရေးမပြေလည်မှု ဘာညာ ဘာမှမရှိပါဘူး အားလုံး ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေချည်းပါပဲ
NLD က မှတ်ပုံတင်တယ်ဆိုတာ ထောင်ကျနေတဲ့သူ့ပါတီဝင်တွေကို ထုတ်ပစ်စရာမလိုတော့ဘူး၊ ဒေါ်စုလည်း ရွေးကောက်ပွဲဝင်ချင်ရင် ၀င်လို့ရတဲ့အနေအထားမို့လို့ ၀င်တာဖြစ်တယ်လို့ ကျနော်အထက်မှာဖော်ပြပြီးပါပြီ။
ကျန်တဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတွေအနေနဲ့ ရွေးကောက်ပွဲမ၀င်တာဟာလည်း သူတို့ တိုင်းရင်းသားခေါင်းဆောင်တွေကို ပြန်မလွှတ်ပေးသေးလို့ မ၀င်တာဖြစ်တယ်ဆိုတာနဲ့ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း နားလည်ပြီးဖြစ်ပါတယ်။
၈၈မျိုးဆက်ကျောင်းသားတွေ ရွေးကောက်ပွဲမ၀င်ဘူးဆိုတာဟာလည်း ဒီသဘောပါပဲ။ သူတို့ထုတ်ပြန်တဲ့ကြေညာချက်မှာ အတိအလင်းဖော်ပြထားပြီးဖြစ်ပါတယ်။
မိမိတို့အနေဖြင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ သံဃာ့ခေါင်း ဆောင်များနှင့်နိုင်ငံရေးအကျဉ်းသားပေါင်း မြောက်များစွာ အကျဉ်းထောင်ထဲတွင် မတရားဖမ်းဆီး ချုပ်နှောင်ခံနေရဆဲ ဖြစ် သောကြောင့် ယခုလာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ တစုံတရာ ထည့်သွင်း စဉ်းစားနိုင်လိမ့်မည် မဟုတ်ပါ။
ဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း နားလည်မယ်လို့ ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ...
- ကိုတိုးကျော်လှိုင်တို့ နိုင်ငံရေးကို ရိုးရိုးသားသား စေတနာရှိရှိလုပ်ပါလို့ အကြံပေးချင်ပါတယ်။
- အဆုံးသတ် ရည်မှန်းချက်ခြင်းတူတဲ့လူတွေ စေတနာခြင်းတူတဲ့လူတွေဟာ တချိန်မှာ ဆုံချက်တခုခုမှာ ပြန်ပြီးဆုံတွေ့ကြမှာဖြစ်ပါတယ်။
- ဒါကြောင့် ၈၈ မျိုးဆက်ကျောင်းသားတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်တိုက်ပေးတာမျိုးမလုပ်ပါနဲ့၊ မပြောပါနဲ့လို့ အလေးအနက် အကြံပေးချင်ပါတယ်။
(သားဆွေ)
8 comments :
Tay Za Thura says:
December 6, 2011 at 8:52 pm
၈၈ ရဲ့ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ခံယူချက် တွေကတော့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည် ပထမ၊ ဒီမိုကရေစီ ရရှိရေးသည် ဒုတိယ ဖြစ်သလို ကျန်တာတွေကလည်း နောက်အဆင့်တွေမှာဘဲ ရှိတယ်။ အဲဒီတော့ အာဏာရှင်တွေရှိနေသမျှ ဒီမိုကရေစီစနစ်ကို မကျင့်သုံးနိုင်ဘူး။ ဒီမိုကရေစီကိုလိုလားရင် အာဏာရှင်တွေကို အရင်ဆုံးဖယ်ရှားရမှာဖြစ်တယ်။ အာဏာရှင်တွေကို မဖယ်ရှားဘဲ ရတဲ့နေရာကနေ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတာက သဘာဝမကျသလို ဖြစ်လည်းမဖြစ်နိုင်ဘူး။ ပါတီနိုင်ငံရေးကိုလုပ်ချင်ရင် ကျောင်းသားနိုင်ငံရေးကို စွန့်ခွါပါ။ သင့်ကြောင့် ကျောင်းသားနိုင်ငံရေးကို မထိခိုက်ပါစေနဲ့။
လေးစားစွာဖြင့်
တေဇသူရ
၈၈ ကျောင်းသား
how many guns do you have? do you have one for me? let me know if you have one. I would like to join you.
if you don't have enough force, don't say about getting rid of burmese regime's army.
what were you guys doing during 2007 revolution? why didn't you give guns to the people at that time? wanting to do something is not enough.you got to know how to do it.if you don't know how to do it, don't say about fighting against Burmese regime's army.
အချိန်တွေသာ ကြာသွားတယ် အတွေးအခေါ်က မပြောင်းလဲဘူး မတိုးတက်လာဘူး ... အသက်သာကြီးသွားတယ် ရင့်ကျက်မှုက ရှိမလာဘူး .... ဒီမိုကရေစီကို လိုလားရင် အာဏာရှင်ကို အရင်ဆုံးဖယ်ရှားမယ်ဆိုတော့ ဘယ်လိုနည်းနဲ့ ဖယ်ရှားမှာလဲ ... လက်နက်ကိုင်တိုက်ပွဲနည်းနဲ့လား ... လူထုလှုပ်ရှား အုံကြွမှုနည်းနဲ့လား ... ဘယ်နည်းလမ်းနဲ့ ဖယ်ရှားမှာတဲ့လဲ ရှင်းရှင်းပြောစမ်းပါ ... လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ဆိုရင် လက်တွေ့ လက်နက်ကိုင်တိုက်ပွဲဝင် လှုပ်ရှားရမဲ့ နေရာမှာ ရှိရမယ် ... လူထုလှုပ်ရှား အုံကြွမှုနည်းနဲ့ဆိုရင် လူထုကြားထဲ ဝင်ရောက် ထိုးဖေါက် ဦးဆောင် လှုပ်ရှားဖို့လိုတယ် ... အဝေးကနေ ပြည်ပကနေ အော်နေ ပြောနေ တောင်းနေလို့မရဘူး ... လေနဲ့ ဖယ်ရှားနေလို့ မရဘူး ... လက်တွေ့ကျကျ လုပ်ဖို့လိုတယ် ... အဲဒီလိုမဟုတ်ပဲ အပေါ်က နည်းလမ်းတွေနဲ့လဲ ကိုယ်တိုင်က လက်တွေ့မလုပ်နိုင် ... အခြား နည်းလမ်းနဲ့ လုပ်နေတဲ့သူ ကြိုးစားနေတဲ့သူကို အပြစ်ထိုင်ပြောနေလို့ကတော့ ... ဖယ်ရှားနိုင်ပါလိမ့်မယ် ... ဘေးထိုင်ဘုပြော ပြစ်တင် လေနဲ့တိုက်လို့ မရဘူး ... ဘာလဲ ပါတီ နိုင်ငံရေး ကျောင်းသားနိုင်ငံရေး ... ပါတီဖွဲ့လုပ်ရင် ပါတီနိုင်ငံရေး ကျောင်းသားအဖွဲ့နာမည်နဲ့ဆို ကျောင်းသားနိုင်ငံရေးတဲ့လား ... မှတ်သားလောက်ပါတယ် ... ပြည့်စုံသွားအောင် အာဏာရှင်တွေပြောသလို အမျိုးသားနိုင်ငံရေးလို့ကော မပြောတော့ဘူးလား .... အဲဒီလို အတွေးအခေါ်မျိုးနဲ့ လုပ်နေကြလို့ ခုလိုကြာနေတာ ... ၈၈ ဟာ ငါတို့နဲ့ပဲဆိုင်တယ် ငါတို့ပိုင်တယ်ဆိုပြီး ခုထိမူပိုင်ခွင့် လုနေကြတုန်းပဲ ... အေးပါ မင်းတို့ပဲလုပ် ဟုတ်ပြီလား မင်းတို့ပဲ ၈၈ ကိုပိုင်တယ် ဆိုင်တယ် ... ကျန်တဲ့သူတွေ တခြားလူတန်းစား အလွှာတွေက ဘာမှမဟုတ်ဘူး .... စိတ်ပိန်ပ့ါကွာ .... အရင်ကတည်းက ခုလိုအမြင်မတော်လို့ ကွန်မန်းတွေ ဝင်ဝင်ရေးတယ် တင်မပေးဘူး ... မင်းတို့လိုချင်တဲ့ အတိုင်းရေးမှ တင်ပေးတာထင်တယ် ... အေး ငါလဲ အမြင်မတော်ရင် ရေးဖြစ်ဦးမှာပဲ ... တင်ပေးတာ မတင်ပေးတာက မင်းတို့အလုပ် မင်းတို့ပိုင်တဲ့ဟာကိုး ....
(မူပိုင်မရှိ .... ဘာမှန်းမသိ ညာမှန်းမသိ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ဖူးသူတဦး)
အကုန်လုံးချီးထုပ်တွေ တိုးကျော်လှိုင်အဆိုးဆုံး။ မုဒိမ်းတပ်ချုပ်ကြီး။ ဖြိုးမင်းသိန်းလည်းဘာထူးလဲ ကိုယ့်အမရဲ့သမီး ကိုယ့်တူမအရင်းခေါက်ခေါက်ကို သမတဲ့ကောင်
တေဇသူရ
၈၈ ကျောင်းသား
တသက်လုံးကျောင်းသားလုပ်လိုမရဘူး ပြုပြင်ပြောင်းလဲရေးကို လုပ်ချင်ရင် လုပ်ပိုင်ခွင့် (သို့) အာဏာကိုလက်ထဲမှာ ရှိဖို့လိုတယ်။ အလွတ်တော်ထဲဝင်ပြီ ပြည်သူတွေအတွက် တိုင်းပြည်အရေးကိုလုပ်မယ်ဆိုရင် ထိုပြည်သူ့အရေးကိုလုပ်မဲ့သူတွေ အစိုးရထဲမှာပါဝင်မဲ့သူတွေက သင့်တော်တဲ့ ပညာရေးကိုရရှိထားရမယ်
ရွှေထီး(၈၈၈၈)
Co-Founder
Burmese Community
Metropolitan Area
Washington, DC
December 6, 2011
ဘာ တွေပြောပြော ရေးရေး
သတိရ အားနာ ကြ ရ မှာ က ထောင် ထဲ က လူ တွေကိုပါ အခု ထိ ဘ၀ တွေ ကို ရင်း နေကြတဲ့ လူငယ် တွေ ကို ပါ။လူငယ် တယောက် ရဲ့  လွတ် လပ် ခွင့် တွေ ကို ဘဲ ဆုံး ရှုံး နေ ပါ စေ။ယုံ ကြည်ချက် တွေ ကို တော့ မပျက် စီး ပါ စေနဲ့ ။တခုဘဲစဉ်းစား တယ် ကို ပေါ် ဦး ထွန်း အပြင် မှာ ၇ှိ နေ စဉ် က NLD ပါ တီ လို မျိုး တွေး ခေါ် ဆုံးဖြတ် ခဲ့ မယ် ဆိုရင် ထောင် ထဲ မှာ ရှိနေမဲ့ သူ ကဘယ်သူဖြစ် မယ် ထင် လည်း။
ဘာနိုင်ငံရေးပဲပြောပြော လက်ရှိ နိုင်ငံရေး ရဲ့ 
အချက်အချာ ဗဟိုက ပြည်တွင်းရောက်သွားပြီ
လုပ်ချင်အော်ချင်ရင် ပြည်တွင်းမှာပဲ လုပ်သင့်နေပြီ ပြည်သူတွေ စုတ်ပြတ်သတ်နေပြီ
ဟုတ်ပါတယ် ဘာလို့ အပြင်ကနေ အတွင်းမကောင်းဘူပြောတာလဲ အတွင်းမှာလာနေပြီး ဆန့်ကျင်ပြိး ကောင်း၇ာကို ပြုပြင်မှ၇မှာလေ....
မြန်မာပြည်မှာက လေနဲ့ နိုင်ငံေ၇းလုပ်တဲ့သူကများပါတယ်..
တကယ်တော့ ဘယ်သူမှ လက်တွေ့မလုပ်နိုင်ပါဘူး ကျွှန်တော်အပါအ၀င်ပါ... အဲဒီလိုမျိုးမလုပ်နိုငလို့ ဘယ်သူ့ကိုမှ မပြစ်မတင်ပါဘူး... ဒါပေမဲ့ လေလှိုင်နဲပတိုက်လို့မ၇တာကတော့ သေခြာပါတယ်... ပြီးတော့ မြန်မာပြည် နိုင်ငံေ၇းကလဲ မီဒီယာနဲ့တိုက်လို့မ၇ပါဘူး....
မြန်ပြည် အစိုး၇က မီဒိယာမပြောနဲ့ တကမ်ဘာလုံး ဖွဲ့စည်းထားပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေတောင် မျက်ခုံးမွေး စင်းကြံေ၇ှက်သေးတာပဲလေ...
အဲဒိလောက်ဆို တော်လောက်ပါပြီ ...
ကို့အတ်တကိုေ၇ှ့တန်းမတင်ပါနဲ့ စေတနာထားပြီး လုပ်၇င် အလုပ်မဖြစ်တောင် ကုသိုလ်၇ပါတယ်.................................................................................................(အထူးသတိထား၇မှာက နိုင်ငံေ၇းသမားဆိုတဲ့ လေနဲ့ တိုက်နေသူများ)
Post a Comment