Friday 30 December 2011

မီးလောင်မှုကြောင့် ဒဏ်ရာရသူများစာရင်း



ဆေးရုံကြီးတွင်ရောက်ရှိနေသော မီးဘေးသင့်လူနာများ အခြေအနေ။ [သွန်းနေစိုး] မီးဘေးသင့် လူနာတစ်ဦးစီကို ကျနော်ကိုယ်တိုင် လိုက်လံမေးမြန်းမှုအရ ... က) ဆေးကုသစရိတ် တစ်ပြားတစ်ချပ်မှ မကျခံရကြောင်းသိရပါသည်။ ခ) သေဆုံး၊ ဒါဏ်ရာရသူ အများစုမှာ ယောက်ျားလေးများအနေဖြင့် မီးဝင်ငြိမ်းသတ်ရင်း ဖြစ်ရကြောင်းသိရပါသည်။ ဂ) လက်ရှိ ဆေးရုံတွင် ကုသမှုခံယူနေရသော မီးသတ်ဝန်ထမ်း ၈ ဦး တွေ့ရှိရပါသည်။ ၁- ကို ဟိန်းဇော်အောင် (အရံမီးသတ်) ခုတင်နံပါတ် ၁၉။ ၀ါဒ် ၅-၆ ခြေမျက်စိကျိုး အဆစ်လွဲ ၂- ကို မင်းမင်းထွန်း (ဒုတပ်ကြပ်၊ သန္ဓေမီးသတ်ဝန်ထမ်း) ခုတင်နံပါတ် ၂၀။ ၀ါဒ် ၅-၆ ပေါင်၊ ဘယ်လက်မောင်း၊ ဒူး များ ကျိုးသွားသည်။ ဘယ်လက်သုံးချောင်းကျိုးသည်။ လည်ပင်းတစ်ဝိုက်၌ ထိခိုက်ရှနာများရှိသည်။ ၃- ကို ဇော်ထိုက်မိုး (တပ်သား၊ သန္ဓေမီးသတ်ဝန်ထမ်း) ခုတင်နံပါတ် ၂၂။ ၀ါဒ် ၅-၆ ညာလက် ဒါဏ်ရာရ၊ ကျိုး ခြေတွင် ထိခိုက်ရှနာ။ ၄- ဦးစိုးဝင်း (မီးသတ်မြို့နယ်မှူး) ခုတင်နံပါတ် ၁၄။ ၀ါဒ် ၅-၆ မီးလောင်မြိုက်နေသော သစ်တန်းများအောက်မှ တွားထွက်လာရ၍ လက်နှစ်ဘက်လုံး မီးလောင်ဒါဏ်ရာများရရှိ ၅- မီးသတ်ဒုဦးစီးမှူး ဦးကျော်ဆန်း ၀ါဒ် ၇-၈ ၆ - တပ်သားမျိုးမင်းသူ ၀ါဒ် ၉-၁၀။ (ယနေ့ ညနေ ၅နာရီတွင် သွားရောက် သတင်းယူရာ ထိုဝါဒ်တွင် စောင့်သော ဆရာဝန်မ ထင်ရသူ၏ ရိုင်းပျစွာ ပြောဆိုနှင်လွှတ်မှုကြောင့် သတင်းယူခွင့် မရခဲ့ပါ) ၇။ မီးသတ်တပ်သားစည်သူ ၈။ ဒုတပ်ကြပ် သီဟမျိုး (နှစ်ယောက်လုံး ဦးဏှောက်နှင့် အာရုံကျောဘက်တွင် ကုသနေရကြောင်း သိရှိရပြီး ခွဲစိပ်ဆောင်တွင် ရှိနေဆဲဖြစ်ကြောင်းသိရှိရသည်။)

သွန်းနေစိုး 

No comments :