
စက်ဆန်းမီးလောင်မှုနှင့်ပတ်သက်၍
... ၁) ဘာလက်နက်တိုက်မှ မဟုတ်။ ဘာဓာတုပစ္စည်းမှ မဟုတ်။ ထိုနေရာသည်
အင်မတန်လူနေထူထပ်သော နေရာဖြစ်၏။ ကျူးကျော်ရပ်ကွက်ပမာ လူနေအိမ်ခြေ
ပြွတ်သိပ်နေ၏ ဘယ်သူမှ ဒီလောက်တုံးပြီး လူတွေကြားမှာ လက်နက်လာမလှောင်။ ၂)
EVD DVD စသော အီလက်ထရွန်နစ်ပစ္စည်းများ ထားရာဂိုဒေါင်မှ စလောင်သည်။
နံဘေးတွင် ယမ်း၊ ကန့်စသည့် ပရဆေးများ ထားရာ ဂိုထောင်သို့ ကူး၏။ ဟိုဒရိုဂျင်ဗုံးအသေးတစ်လုံးပေါက်သကဲ့သို့
ပြင်းထန်သွားသည်။ ကိုယ်တိုင်လာရောက်ကြည့်ရှု သုံးသပ်တော်မူကြပါ။ ၃)
ထိုနေရာရှိဂိုထောင်များမှာ ... ယခင်က ကုန်သွယ်လယ်ယာနှင့်
ဆိပ်ကမ်းအာဏာပိုင်မှ ပိုင်သော ဂိုထောင်များဟု သိရငည်။ ယခု ပုဂ္ဂလိကသို့
အငှားချထား၏။ အာဏာရအသိုင်း အ၀ိုင်း ၀ိသမလောဘသား ဂိုးထောင်ပိုင်ရှင် နှစ်ဦးကြောင့်ဟု
ကောက်ချက်ချရမည် ထိုနှစ်ယောက်အား အရေးယူဖို့ ရပ်မိရပ်ဖများတောင်းဆိုမည်ဟု
သိရသည်။ (ယခုမှ ကျနော်ပြန်ရောက်သည်။ လွဲမှားစွာ ကောက်ချက်ချ နေကြခြင်းကို
တွေ့၍ ကျနော် ဒီStatus ကိုတင်၏။)
1 comment :
Who are those two person?
Post a Comment