မြောက်ကိုရီးယား မြန်မာနိင်ငံလိုဖြစ်သွားပြီ။ အဟာရမပြည့် တဲ့အတွက်သေဆုံးသူ ၄ သန်းနီးပါရှိနေပါတယ်။
မြန်မာ နိင်ငံသားတွေလည်း အဟာရမပြည့် ပဲဖြစ်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပထမအကြိမ်နေအိမ်အကျယ်ချုပ်ကလွတ်တော့ လူတွေကိုဆန်ဝေခဲ့သေးတယ်။ ဒီအချိန်က သူပြောပြတာကိုမှတ်မိသေးတယ်။ ဒါကတော့ လူထုထဲက ၅ နှစ်ကလေးတယောက်ရဲ့ အရပ် ဟာ ဗိုလ်ချုပ်တွေရဲ့ ကလေး ၃ နှစ်ကလေးတွေထဲ နိမ့်နေတယ်ဆိုတယ်။
အရွယ်ရောက်သူတွေရဲ့ ခန္ဒာကိုယ်တွေဟာသေးကွေးလာတယ်။ အရပ်အမောင်းနဲ့  ကိုယ်အလေးချိန်တွေရှိသင့်တာထက်လျော့နေတယ်။ ခန္ဒာကိုယ်သေးလာတာနဲ့ အမျှ လူတွေရဲ့  ဦးဏှောက်ဖွင့်ဖြိုးမှုဟာလည်း နှေးကွေးသွားတယ်။ စာကိုလွယ်လွယ်နဲ့ သင်လို့ မရသလိုဖြစ်လာတယ်။ အဆင့်မြင့်ပညာတွေကိုသင်ပေးရခက်လာတယ်။ဒါဟာအလွန် ၀မ်နည်းဖို့ ကောင်းတယ်။ မြန်မာ အနာဂတ်မျိုးဆက်ကို သတ်သလိုဖြစ်နေတယ်။
မြောက်ကိုရီးယားမှာ ကလေးတွေဟာ အဟာရမပြည့်ဘူး။ အရွယ်ရောက်လူငယ်တွေဟာသေးကွေးနေတယ်။ဂီလာနမျိုးဆက်ဖြစ်နေပြီလို့ အနောက်တိုင်းမီဒီယာတွေက ထောက်ပြနေကြပါတယ်။ လူတွေက ငတ်နေချိန်မှာအခုတက်လာတဲ့ကင်ချုံ အွန်းဟာ အဟာရပြည့်ပြည့်စားရတယ်။ ၀ဖီးနေတယ်။ လူတွေငတ်မွတ်ခေါင်းပါးသေတဲ့အချိန်မှာ သူအတွက် ဂျပန်လူမျိုးဆူချီ စားဖိုမှုးကိုခန့် ထားတယ်လို့ စီအန်အန် သတင်းဌာနက ကြေညာသွားပါတယ်။
2 comments :
If you were he, you would have hired more cocks than him.
Don't be jealous.
Tell the people the truth how Burmese activist leaders's living standard vs. the people staying in borders.
But better than Burma.
Post a Comment