Monday, 26 December 2011

မဂ္ဂင်ကျောင်း သတင်း နှင့်တောရမေဒီနီသတင်း


သင်္ကန်းကျွန်း မြို့ နယ်၊ မဂ္ဂင်ကျောင်း တိုက်ကို အာဏာပိုင်တွေက  ပြန်ပေးမယ် ဟု သတင်းထွက်ပေါ်နေပါတယ်။  မဂင်ကျောင်းက ဆရာတော်များဟာ ၂၀၀၇ ခုနစ် ရွှေဝါရောင်တော်လှန်ရေးမှာတက်ကြွစွာပါဝင်ခဲ့ကြတယ်။ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်များကို ကျောင်း
မှာတင်ပြီး ကုသပေးနေခဲ့ကြတဲ့ဆရာတော်များဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတော်တပါးဖြစ်တဲ့ဦးပညာဇောတဟာ အခုအခါမှာ နယူးယောက်မြို့  ဘရုခ်ကလင်းမြို့ နယ်မှာသီတင်းသုံး
နေထိုင်လျက်ရှိပါတယ်။

မဂင်ကျောင်းလိုပဲ အသိမ်းခံရတဲ့ကျောင်းတကျောင်းကတော့ တောရမေဒီနီကျောင်း
ဖြစ်ပါတယ်။ ကျောက်ကုန်းမှာ ရှိပါတယ်။ တောရမေဒီနီ ဆရာတော်ကြီး ကို  မဟန ဖုန်းကြီးမိုက် ဂိုဏ် ၀င်တယောက်က အတင်းနှင်ချပြီး ကျောင်းကိုသိမ်းပြီးမျက်နှာပြောင်တိုက် နေထိုင်လျက်ရှိပါတယ်။ 
တောရမေဒီနီကျောင်းကို ဗိုလ်ချုပ်ခင်ညွန့် နှင့်အဖွဲ့ ကသိမ်းပိုက်ခဲ့တယ်။ ဆရာတော်ကြီးကိုနှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခဲ့တယ်။ ဆရာတော်ကြီးက သက်တော် ၈၀ ကျော်ရှိပါပြီ။ တောရမေဒီနီကျောင်းကို သန်းရွှေ လက်ထက်ကလည်းပြန်မပေးပါ။  သိန်းစိန်လက်ထက်တွင်လည်း ပြန်မပေး
သေးပါ။ ဆရာတော်ကြီးမှာ ဆွမ်းကွမ်းခက်ခဲလျက်ရှိကြောင်းသိရပါတယ်။ 


1 comment :

Anonymous said...

ဒီသတင်း မှန်ရင် ဦးသိန်းစိန် တတွတ်တွတ် ရွတ်နေတဲ့ "သန့်ရှင်းတဲ့အစိုးရ" ဆိုတာ ဖြစ်ဖို့ ခြေတလှမ်း လေလားဗျာ?။ ရွှေဝါရောင် သံဃာတွေ အတွက် အလင်းရောင်ပါပဲ။ သံဃံသရဏံ ဂန်းစာမိ မှသည် သံဃံသရဏံ ဂစ္ဆာမိ သို့ ဦးသိန်းစိန် အစိုးရ ပြောင်းရွတ်ဖတ်နိုင်ပါစေ။