ရွေးကောက်ပွဲဝင်ခဲ့သောပါတီဝင်များအဖြစ်မှ နှုတ်ထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီဝင်အဖြစ်ပြန်လည်လျှောက်ထားရန်ပြင်ဆင်
by Myanmar Mediamm on Thursday, December 1, 2011 at 11:24am
ရွေးကောက်ပွဲဝင်ခဲ့သောပါတီများတွင်
အဖွဲ့ဝင်အဖြစ်ပါဝင်လှုပ်ရှားနေကြသော အဖွဲ့ ဝင်အများစုသည်
ယခုကြားဖြတ်ရွေးကောက်ပွဲတွင် NLD အနေဖြင့် တရားဝင်
ပြန်လည်မှတ်ပုံတင်ကာလွတ်လပ်သော နေရာများတွင်ပြန်လည်အရွေးချယ်ခံမည်ဟူသော
သတင်းများကြောင့် အဆိုပါ နေရာဒေသအသီးသီးရှိ ကြံ့ခိုင်ရေးပါတီ , NDF
အစရှိသည့်ပါတီများမှ အောက်ခြေပါတီဝင်များအနေဖြင့်စုပေါင်းနှုတ်ထွက်ကာ
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်ပါဝင်ပြီး ၉၀ ပြည့်နှစ်
ရွေးကောက်ပွဲအနိုင်ရပါတီတခုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့
အသစ်များအဖြစ် ပြန်လည်လျှောက်လွှာ တင်သွင်းရန်စောင့်စားနေကြကြောင်းသိရပါသည် ။
ယခုကဲ့သို့  သတင်းများထွက်ပေါ်လာချိန်တွင် ကြံ့ခိုင်ရေး ပါတီအနေဖြင့်
ပါတီဝင်များ အားချေးငွေများ အားတိုးမြင့်ပြီး ပါတီဝင်တဦးလျှင်
ငွေကျပ်တသိန်း အထိ ထုတ်ချေးမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ သို့ 
ရာတွင် လူအများစူမှာ ထိုသတင်းအားစိတ်ပါဝင်စားမှု မရှိပဲ NLD
ပါတီဝင်အဖြစ်လျှောက်ထားရန်ကို သာ စိတ်အားထက်သန်နေကြသည်ဟု သိရပါသည်။ သို
့ရာတွင် ယခင်ပါတီများတွင် ပါတီဝင်များအဖြစ်
စည်းရုံးသိမ်းသွင်းခံခဲ့ရသူအဖွဲ့ဝင်များသည် ယခုအချိန်တွင်မိမိတို့ 
ဆန္ဒအလျှောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်အဖြစ်
လျှောက်ထားလိုသော်လည်း အဖွဲ့ ချုပ်မှာပါတီဝင်များအဖြစ်
လက်ခံမည်၊လက်မခံမည်ကို သေချာ မသိရှိရသေးသည့်အတွက်
စိုးရွံ့မှုများလည်းရှိနေသည်ဟုသိရပါသည်။
No comments :
Post a Comment