စစ်သားစစ် စစ် ကို ကျနော်တို့  ချစ်ပါတယ်။ ဒါပေမဲ့စစ်သားပျက် တွေနိင်ငံရေးတက်လုပ်ပြီဆိုရင်တော့
ကိုယို့ ကားယားအမြဲဖြစ်တော့တာပဲ။ ဟီလာရီကလင်တန်လာတယ်။ သူဟာမြန်မာ ပြည်သူတွေအတွက်
လာခြင်းကောင်းတဲ့ ဧည့်သည်ပါ။ မြန်မာ ပြည်သူလူထုကို ကူညီဖို့ 
လာခဲ့တယ်။ စီးပွားရေးရုတ်သိမ်းမှုတွေကို အမြန်ဆုံးလုပ်ရမဲ့အစား စစ်သားပျက်တွေ ဟီလာရီကို
ကိုယို့ကားယားလုပ်လွှတ်ခဲ့တယ်လို့  အမေရီကန် သံတမန် သတင်းရပ်ကတွက် ဆိုလိုပါတယ်။
တနည်းအားဖြင့် သူတို့ အမေရိကန် တည်းဟူသော ကမ္ဘာ့ပုလိပ်ကြီးကို နားရွက် တံတွေးစွပ်လိုက်ကြပါတယ်။
နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံ ကို လာတယ်။ အမေရိကန် နိုင်ငံ ရဲ့ နိုင်ငံခြားရေး ပေါ်လစီ အရ မြန်မာနိုင်ငံ ကို ဒီမိုကရေလမ်းကြောင်း ကို ဦးတည်လျှောက်လှမ်းဖို့ လိုလားတယ်။ တနည်းအားဖြင့် ဒီ အချိန်ဟာ နှစ်နိုင်ငံဆက်ဆံရေး အတွက် အင်မတန် မှ အရေးကြီးတဲ့အချိန်ဖြစ်တယ်။
ဒါပေမဲ့ သိန်းစိန် စစ်အစိုးရ က တော့ ထုံးစံအတိုင်း အင်မတန်မှ အောက်တန်းကျလှတဲ့ စစ်သားနိုင်ငံရေး လုပ်နေတုန်းပဲ လို့ နိုင်ငံတကာ သံတမန် အသိုင်းအ၀ိုင်းတွေ ကပြောနေကြပြီ။
အချက်အားဖြင့် - ၄ ချက်ကို အမေရိကန် တွေ မကြေလည်ဘူးလို့ ဆိုတယ်။ ဒါတွေကတော့-
- မင်းအောင်လှိုင် ကို တရုတ်ပြည်ကိုရှောင်ခိုင်းထားတာ။
- ကြပ်ပြေး လေဆိပ်နဲ့ လမ်းတွေပေါ်မှာတော့ ဘီလားရှစ်-Belarus ဝန်ကြီးချုပ်ကို ကြိုဆိုပါတယ်ဆိုတဲ့ ပုံစံ ကို ပြထားတယ်။
- ကမ္ဘာ့ အင်အားကြီးနိုင်ငံ က နိုင်ငံခြားရေးဝန်ကြီး အဆင့် လာရောက်မှု ကို ဒု ၀န်ကြီးအဆင့် ရှိတဲ့ သူ ကို သွားကြိုခိုင်းတယ်။
- ကြပ်ပြေးကားလမ်းတွေမှာ ကားတွေ လူတွေ တယောက်မှမရှိအောင်ရှင်းထားတာကိုသူတို့ ကို စိုးရိမ်လာစေတယ်။ ပုံမှန်စည်ကားနေတဲ့မြို့ တခုအဖြစ်မဟုတ်ပဲ စစ်ဖြစ်တော့မဲ့မြို့ လိုဖြစ်နေတာ။ သက်တောင့်သက်သာမရှိဘူးလို့ ဆိုတယ်။
- ဟီလာရီ လာတဲ့သတင်းကို သတင်းစာ ရှေ့ မျက်နှာဖုံး မှာမဖေါ်ပြပဲ အတွင်းထဲမှာ အရေးမပါတဲ့သတင်းလိုလုပ်ထားပါတယ်။
၁၀မိနစ်ခန့်  နောက်ကျမှာဆင်းလာတယ်။ အောက်ကစောင့်နေတဲ့ မြန်မာ ဖက်က တာဝန်ရှိသူတွေဟာ
စိုးရိမ်လာကြတယ်လို့  အတွင်းက ပေးပို့ လာတဲ့သတင်းတွေအရဆိုတယ်။
အမေရိကန် အစိုးရ ကလည်း မစခင်ကတည်း က သိန်းစိန်ရဲ့ တမတ်သား အစိုးရ ဟာ ဘယ်ခြေလှမ်း လှမ်းနေတယ်ဆိုတာ သတိပြုမိ တယ်။
ဒီလို မြန်မာနိုင်ငံ အတွက် အရေးကြီးလှတဲ့ အချိန်မှာ ဒီလုပ်ရပ်တွေ ကို ဘယ်သူ က ညွှန်ကြားခဲ့သလဲ၊ ဘယ်အုပ်စု က စနစ်တကျ လုပ်ခဲ့သလဲဆိုတာ က မြန်မာပြည်သူတွေ အားလုံးက မေးနေကြတဲ့ မေးခွန်းတွေပါ။
တချို့ ၀ါရင့် သံတမန် တွေ ကတော့ စစ်သား က နိုင်ငံရေးလုပ်တော့ Diplomatic protocol ကို နားမလည်ဘူး ပေါ့ဗျာ လို့ ဝေဖန်ထားကြတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကတော့ မြန်မာ စစ်ဗိုလ်ချုပ်ကြီး ဆိုသူတွေကို သင်တို့ ဘယ်လမ်း သွားမလဲ ဆိုတာ သံတမန် နည်းလမ်း ကနေ လူကိုယ်တိုင် လာ သတိပေးနေတာပါ။
11 comments :
Hi Moe Thee June,
It's retribution for US. What US did for Myanmar? Nothing! Who care? You & your beggers friends only care so much. I, poor man in the street also do not care Clinton. If they do not like Regime but if they really care the people they should help the poor, not you & your begger friends. At least If you want to be respected, you must also respect others. If I were Thein Sein, I'll deport her from airport or reject her visa. They can't even call UN recognized name Myanmar. Do not like Regime but US must have minimum respect to anyone. This is called diplomatic & wise approach. She is un-invited visitor. I love only US if they help us & give us jobs, aid like China, Singapore. Otherwise, sorry Mr. Begger & group!
နဲနဲပါးပါးလဲစုံစမ်းပါအုန်း။ ဟိုကဒါမျိုးဆိုရေးချင်တာ ကြိုချင်တာတပိုင်းသေနေတာ။ သနားဖို့တောင်ကောင်းတယ်။
ုမြန်မာအစိုးရဘက်က သံတမန် ဆက်ဆံရေးအရ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး၏ သမိုင်းဝင်ခရီးစဉ်အပေါ် ခမ်းနားစွာကြိုဆို မှုပြသလိုခဲ့သော်လည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဘက်က ထိုသို့ မကြိုဆိုရန် ကြိုတင်ညှိနှိုင်းမှုရှိခဲ့ပုံရသည်ဟု လေ့လာသူ များက သုံးသပ်ကြသည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံခြား အထူးဧည့်သည်လာရောက်သည်ကို ယခင်က ခမ်းနားစွာဖော်ပြလေ့ရှိပြီး နိုင်ငံရေး အမြတ် ထုတ်သည်ကို အမေရိကန်ဘက်ကလိုလားဟန် မရှိကြောင်း၊ မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် သံတမန်အဆင့်လျှော့ထားသည့် ကာလဖြစ်၍လည်း ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။ (source - Irrawaddy)
ကိုမိုးသီးတို့ Website ကတခါတလေမှားသွားရင်တောင် ဘယ်တော့မှတောင်းပန်တယ်မရှိဘူး။ တခါတလေအားပေးရတာ တကယ်စိတ်လေတယ်ဗျာ။ :( :(
ခပ်ရိုင်းရိုင်းပြောရရင် မြန်မာစစ်ဗိုလ်ချုပ်တွေက တရုတ်ကို စုပ်ရတာခိုက်နေတာ။ တော်တော်စွဲလမ်းနေပုံရတယ်။ ဗိုလ်ချုပ်တွေကို တရုပ်က သွတ်ထားတာ တော်တော်ခိုက်ပြီးစွဲနေတာ
အနေအထိုင်ကြမ်း လူကြမ်း စိတ်ကြမ်း အပြောအဆိုကြမ်းတာနဲ့ ရိုင်းစိုင်းပက်စက်တာနဲ့ မတူတာ ကိုမိုးသီး ခွဲခြား နားလည်ဖို့ လိုတယ်၊ တချိုဖတ်ရတဲ့ comment တွေက ရိုင်းစိုင်းတယ်။
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာမှ မုန်လာဥလုပ်ချင်သေးတယ်။ တရုပ်ကြီးမကြည်မှာကြောက်ပြီး ရဲရဲမကြိုဝံ့ဘူးလို့ ပြောလိုက်စမ်းပါ။
ပွဲပျက်အောင်အော်ထား ကိုမိုးသီးရေ။ ပွဲမပျက်ရင်ထမင်းငတ်မှာနော်။
They just downplaying her visit bcoz the whole wold know Hilary came to see Daw Su Kyi not USDP government and they are not happy about it, jealousy
ခပ်ရိုင်းရိုင်းပြောရရင် မြန်မာစစ်ဗိုလ်ချုပ်တွေက တရုတ်ကို စုပ်ရတာခိုက်နေတာ။ တော်တော်စွဲလမ်းနေပုံရတယ်။ ဗိုလ်ချုပ်တွေကို တရုပ်က သွတ်ထားတာ တော်တော်ခိုက်ပြီးစွဲနေတာ
Myanmar public views this website. People posting comments should be polite.
Burmese soldiers never understand diplomatic protocols .
your website will lose your standard if you don't control rude comments. don't let rude comments appear on your site.
Post a Comment