Thursday 29 December 2011

ဗိုလ်ချုပ်အောင်ဆန်းစီးခဲ့တဲ့ ကား ရဲ ဘ၀ ပါ။ ဂုဏ်ပြုထားတာလား။ ထောင်ချထားတာလား။

အမေရိကန် နိင်ငံသားတွေနဲ့ အစိုးရက သူတို့ ခေါင်းဆောင်ကြီးဂျော့ဝါရှင်တန်ကို ဘယ်လို ဂုဏ်ပြုထားသလဲ
ဆိုတာကို   Mount Vernon  ပြတိုက်မှာသွားကြည့်ဘူးတယ်။ ( http://www.mountvernon.org/ ) 
ဂျော့ဝါရှင်တန် သုံးစွဲခဲ့တဲ့အသုံးဆောင်တွေကို အကောင်းပကတိ ဆက်လက်သိမ်းဆည်းထားတယ်။ ပြုပြင်ထိမ်းသိမ်းထားကြတယ်။ စာရေးစာပွဲကနေ မီးဖိုချောင်အထိပစ္စည်းတွေဟာသုံးစွဲလို့ ရသေးတယ်။ ပြတိုက်ကိုရောက်သူတိုင်းဂျော့ဝါရှင်တန်က အသက်ရှင်သေးသလိုခံစားရတယ်။ ခွန်အားတွေပေးခဲ့တယ်လို့ ခံစားရမယ်။ မြင့်မြတ်တဲ့စိတ်ဓါတ်ကိုမျှဝေပေးသလို့ ခံစားစေနိင်တယ်။ 
ဒီလိုဖြစ်အောင် အစိုးရနဲ့  လူထုတွေက ဖန်တီးပေးထားတာပါ။  အခု ဗိုလ်ချုပ်ရဲ့  ပြတိုက်ထဲက ကားလေးရဲ့  ဘ၀ကိုကြည့်ရင် ဒီနေ့ စစ်အုပ်စုက ဗိုလ်ချုပ်အောင်ဆန်းရဲ့  ပုံရိတ်ကို ဘယ်လိုဖျက်ဆီး နေတာလဲဆိုတာကိုတွေ့ နိင်တယ်။  ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓါတ်ဆိုတာ ဟာ လူငယ်တွေအတွက် ထားရစ်ခဲ့တဲ့အမွေ ကောင်းတခုပါ။ ဆရာကြီးဦးခင်မောင်ရင်ကတော့ ဗိုလ်ချုပ်ရဲ့  ရဲရင့်တဲ့စိတ်ဓါတ် လို့  ဆိုပါတယ်။ ဒီစိတ်ဓါတ်က အစိုးရထဲမှာရော လူငယ်တွေထဲမှာပျောက်နေတယ်။ 
ဒီစိတ်ဓါတ်က ပဲ ဒီနေ့ ဖြစ်နေတဲ့လူမှုအနိဌာရုံတွေကို ကျော်လွားနိင်မယ် လို့ ဆရာကြီးက ဆိုလိုခြင်တာပါ။  ဗိုလ်ချုပ်ရဲ့ ကား ဘ၀က လူငယ်တွေရဲ့  အနာဂတ်ကို ဖေါ်ပြနေတယ်။
ဒီစိတ်ဓါတ်ဟာ အကျဉ်းကျခံနေရတယ်။ ရုမ်းထွက် ကြပါစို့ လို့ တိုက်တွန်းချင်တယ်။


No comments :