Wednesday 28 December 2011

ရဲ ဆိုး သတင်း

ကသာမြို့ပေါ်မှ လူငယ်လေးတစ်ယောက် ဗန်းမော်ကို ဆိုင်ကယ်သွားဝယ်ပါသတဲ့၊ဗန်းမော်မှာ ရဲက ဆိုင်ကယ်ခိုးမှုအတွက် မသင်္ကာလို့ဆိုပြိး လူငယ်လေးကို (၅)ရက်ကြာ နယ်ထိန်းနဲ့ ဂါတ်စာရေးက ရိုက်နှက်စစ်ဆေးပါသတဲ့၊နောက်ဆုံးတော့ လူငယ်လေးက နာလွန်းလို့ ၀န်ခံလိုက်ရပါတယ်။

အဲဒီလိုလည်း ၀န်ခံပြီးရော ကသာမှာရှိတဲ့ ကလေးမိဘကို ဗန်းမော်ရဲက ငွေ(၁၀)သိန်းတောင်း ပါသတဲ့၊ငွေ၁၀သိန်းပေးရင် အမှု မဖွင့်ဘူးဆိုလို့ ၁၁.၁၂.၂၀၁၁ရက်နေ့က ဗန်းမော်မြို့က နန်းသီတာစားသောက်ဆိုင်မှာချိန်းပြီး ငွေ၁၀သိန်းပေးလိုက်ရပါတယ်၊သက်သေတစ်ယောက် အရှေ့မှာပေးလိုက် တာဖြစ်ပါတယ်၊အဲဒီ လိုပေးလိုက် ရပေမယ့် မနက်ဖြန်မှာ အမှုကိုတော့ ရဲကဖွင့်ထားလိုက်ပါတယ်.မနက်ဖြန်ရုံးချိန်းပါ၊အဲဒါကို မကျေနပ်တဲ့ လူငယ်လေးရဲ့ အမေက ရင်ဖွင့်ချင်ပါသတဲ့၊သူ့မှာ အသံသွင်းတိတ်ခွေလည်း သက်သေရှိနေပါသတဲ့၊အသေးစိတ်မေးမြန်းလို သူမီဒီယာများဟာ ၀၉၄၇၀၈၄၉၅၆ (ဒေါ်ဖြူဖြူ)ကို ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း သတင်းပေးသွားပါလေရဲ့...အမေဖြစ်သူက မိအေး(၃)ခါနာရ တာပါတဲ့၊(၁)ကိုယ့်ငွေ နဲ့ဝယ်ထားတဲ့ဆိုင်ကယ်တွေ ရဲကသိမ်းသွားတယ်၊ (၂)ငွေ(၁၀)သိန်းထပ်ပေးလိုက်ရတယ်(၃)သားကို ဆိုင်ကယ်ခိုးမှုနဲ့အမှုဖွင့်ခံရတယ်...။

No comments :