ရန်ကုန်မြို့ပေါက်ကွဲမှု - ကြားဖြတ်သတင်း (Breaking News) | ||||
|
လူအသေအပျောက်များသည့် ရန်ကုန်မြို့ပေါက်ကွဲမှု - ကြားဖြတ်သတင်း (Breaking News)
ယခု သတင်းရေးသားနေချိန်အထိ မီးလောင်နေဆဲ ဖြစ်ပြီး သေဆုံးသည့် အလောင်းများကို ကောက်ယူ၍ မပြီးသေးသဖြင့် သေဆုံးသူ အရေအတွက် တိတိကျကျ ခန့်မှန်းနိုင်ခြင်း မရှိသေးသော်လည်း Mutdfan.com မှ သတင်းသွားရောက်ယူခဲ့စဉ် အချိန်အထိ အလောင်း ဆယ်လောင်းခန့် သယ်ထုတ်ခဲ့၇ပြီး ဖြစ်သည်။ အခင်းဖြစ်ပွါးရာနှင့် ကိုက် ၅၀၀ ခန့် ဝေးသော စက်ဆန်းလမ်းမကြီးပေါ်ရှိ ရွက်နုဝေ ကျောက်စရစ်ရောင်းဝယ်ရေးဆိုင် ရှေ့လမ်းဘေးတွင် ဦးခါင်းမရှိတော့သော အမျိုးသမီးငယ် နှစ်ဦး၏ အလောင်းများကို မြင်တွေ့ခဲ့ရသည်။ ကူးတို့ဆိပ်ရပ်ကွက် အတွင်းရှိ ပေါက်ကွဲမှု ဖြစ်ရာ နှင့် ကိုက်တစ်ရာအနီးရှိ နေအိမ်များ ပြိုကျကုန်ကြောင်းလည်း သိရသည်။ ပေါက်ကွဲမှုအရှိန်မှာ အလွန်ပြင်းထန်လွန်းပြီး ၈ မိုင်ခန့် ဝေးသော ဗဟန်းမြို့နယ်အတွင်းရှိ အိမ်များပါ တုန်ခါသွားခဲ့သည်။ ပေါက်ကွဲသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးသော်လည်း ဗုံးပေါက်ကွဲမှုသာ ဖြစ်နိုင်သည်ဟု ရပ်ကွက်နေ လူအများကသုံးသပ်သည်။ ကျွန်တော်နေတဲ့ ယုဇနပါလာဇာ နားက အိမ်ရဲ့ မှန်ပြတင်းတွေ အကုန်ကွဲကုန်ပါတယ် ဟု အခင်းဖြစ်ရပ်နှင့် လေးမိုင်ခန့် အကွာမှ လူငယ်တစ်ဦးက ပြောသလို အခင်းဖြစ်ပွါးရာ စက်ဆန်း လမ်းမကြီးတစ်လျောက်တွင်လည်း ပလူပျံနေသည့် ကျောက်စရစ်ခဲများကို မြင်တွေ့ခဲ့ရသည်။ |
No comments :
Post a Comment