Saturday 10 December 2011

Chosen People မဟုတ်တဲ့ ပြည်သူတွေရဲ့  ဘဝ

ကိုမိုးသီးကြီးရေ..........

သတင်းထူးလေးပါဗျာ....

သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော်သမ္မတကြီးရဲ့ အမိန့်မှာစကားကြောင့် ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေသူ မြန်မာတွေထဲက တစ်ချို့  ဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ မြန်မာပြည်ကို ပြန်ခဲ့ကြတယ်... တစ်ချို့ ကလဲ မိသားစုအရေးကြောင့်ပြန်ကြသလို တစ်ချို့ကလဲ နိုင်ငံရေးခံယူချက်တွေနဲ့ ပြန်ကြတယ်ပေါ့ဗျာ...

ကျွန်တော် တင်ပြချင်တာက....

အင်္ဂလန်.. နော်ဝေနဲ့ နယ်သာလန်ကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေသူ ( နိုင်ငံရေးခိုလှုံခွင့်) ဒုက္ခသည်အဖြစ် ခံယူထားတဲ့ မြန်မာတစ်ချို့  ဟာ သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်ကြောင့် မြန်မာပြည်ကို ပြန်ဖို့ ကြိုးစားခဲ့ကြတယ် .. သမ္မတကြီး ဦးသိန်းစိန်ထံ အသနားခံလျှောက်ထားပြီး ပြည်တော်ပြန်ခွင့် လျှောက်ထားခဲ့ကြတယ် ။

သက်ဆိုင်ရာ သံရုံးတာဝန်ရှိသူတွေကလဲ ပြည်တော်ပြန်လျှောက်ထားသူတွေကို (အစပိုင်းမှာ) လှိုက်လှောပျူငှာစွာနဲ့ ကူညီပေးကြတယ် .. နိုင်ငံတော်ကို မဆန့်ကျင်ပါဘူး ၊ နိုင်ငံတော်အစိုးရကို မဆန့်ကျင်ပါဘူး ၊ တိုင်းပြည်အေးချမ်းသာယာရေးနဲ့ဥပဒေစိုးမိုးရေးတွေကို မနှောက်ယှက်ပါဘူးဆိုတဲ့ ခံဝန်ကတိကို လက်မှတ်ထိုးကြရတယ်လို့ သိရတယ် ။
ဒါ့အပြင် လျှောက်ထားသူရဲ့ လက်ဗွေ ( ဘယ် နှင့် ညာဘက် လက်မ ) တွေကို မှတ်တမ်းတင်ယူကြတယ်တဲ့ ။
ဒါတင်မကသေးဘူးဗျာ... ပြည်တော်ပြန် လျှောက်ထားသူတွေဟာ အဲဒီခံဝန်ကတိထိုးတဲ့အခါ အသိသက်သေအဖြစ် မြန်မာပါတ်စ်ပို့ ကိုင်ဆောင်ထားသူ နှစ်ယောက်ကိုပါ ခေါ်လာပြီး လက်မှတ်ထိုးပေးရတယ် ။

မွေးရပ်မြေပြန်ချင်တဲ့ သူတွေဆိုတော့လဲ သူတို့ခိုင်းသမျှ လုပ်ကြတယ်ပေါ့ဗျာ... ။
တစ်ချို့  ဆို နိုင်ငံရေးအရ လက်ရှိအစိုးရကို ယုံကြည်လို့ ပြန်ကြဖို့ လုပ်ကြတာတဲ့ ။ (အထူးသဖြင့် သမ္မတကြီးကို ယုံတယ်ဆိုပဲ )ပြဿနာက အဲလို လျှောက်ထားသူတွေဟာ အခုချိန်အထိ (သုံးလခန့်ကြာသည်အထိ) မည်သည့် အကြောင်းပြန်ကြားချက်ကိုမှ မရရှိကြပါဘူးတဲ့ ။
ပြည်တော်ပြန်ခွင့် ရမရ သက်ဆိုင်ရာသံရုံးကို စုံစမ်းမေးမြန်းတဲ့အခါ သံရုံးက ဝန်ထမ်းတွေက မချေမငံ ဆက်ဆံတာခံနေကြရတယ်ဆိုပဲ ။ မြန်မာစကားပုံတစ်ခုလို မိဘက လက်နဲ့ရေး .. သားသမီးက ခြေနဲ့ဖျက် ဆိုသလို အစိုးရရဲ့ အာဏာအရှိဆုံး သမ္မတကြီးကိုယ်တိုင် ဖိတ်ခေါ်ချက်ဟာ အောက်ခြေဝန်ထမ်းတွေကြောင့် အရာမထင်ဖြစ်နေတာ ကြားသိနေရတယ် ။

ဒါကြောင့် ခေတ်မှီတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ တက်လှမ်းနေတဲ့ ဒီမိုကရေစီအစိုးရမှန်ရင်တော့ အောက်ခြေဝန်ထမ်းတွေ အစိုးရ(သမ္မတရဲ့) မိန့်မှာစကားကို ဘယ်လောက် လိုက်နာ ကျင့်သုံးတယ်ဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုနေပြီလို့ ကျွန်တော်ယူဆမိပါတယ် ။
သမ္မတကြီးရဲ့ ဖိတ်ခေါ်ချက်ဟာ လူသိများတဲ့ ပြည်ပရောက် မြန်မာတွေကိုပဲ ( ပေါ်လစီအရ နိုင်ငံရေးအမြတ်ထွက်အောင် ) ဖိတ်ခေါ်တာလား...

ဒါမှမဟုတ်...

အောက်ခြေဝန်ထမ်းတွေကပဲ သမ္မတကြီးရဲ့ စကားကို လေးစားလိုက်နာခြင်းမရှိတာလား....
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ကိုမိုးသီးရေ...
ပြည်တော်ပြန်လိုသူတွေကတော့ ရွှေပြည်တော် မျှော်လေတိုင်းဝေး... ဝေးနေတုန်းပါပဲ...

လေးစားလျက်
ပြည်တော်ပြန်လိုသူတစ်ဦး

7 comments :

Anonymous said...

ကိုမိုးသီး စီစဉ်ပေးပါလိမ့်မယ်..ပွဲခပေးစရာမလိုပါဘူး... ကန်တော့ပွဲလေးလောက်ပါပဲ

Anonymous said...

It might be true in Norway but not in US.

It takes only three working days in Washington DC, US.

If you are in US, you would like to return to Myanmar for visit or for good and call 202-332-3344 ext 216 at Sai Mon Naung.

He will ask you for few questions like you are an american citizen. There is no paper work to sign for dealing with political concerns expect the forms issued by Myanmar Embassy for Myanmar Passport.

Good Luck!

Anonymous said...

ကိုမိုးသီးလို လူမျိုးက နိုင်ငံရေး အမြတ်မထုတ်ဘူးဆိုတာ အချိန်က သက်သေပြပါလိမ့်မယ် သူငယ်ချင်းရေ... အချိန်ဆိုတာလဲ တစ်နည်းအားဖြင့် သမိုင်းတစ်ခုရဲ့ အစိတ်အပိုင်းပဲမဟုတ်လား.. ဘယ်လိုလူမျိုးတွေက ပွဲခရမှလုပ်တယ် ကန်တော့ပွဲလေးရမှလုပ်တယ် ဆိုတာ လူတိုင်းနားလည်နေတာပဲ.. သူငယ်ချင်းမသိတာလား.. မသိချင်ရောင်ဆောင်နေတာလား... အဲဒါသိဖို့ကတော့ သမိုင်းကိုပြန်ကြည့်စရာမလိုဘူး.. မြန်မာပြည်က ကလေးကအစသိတယ်..

Anonymous said...

Who believe Thein Sein speech, sure they are suffer..

Anonymous said...

လာချင်တော့လည်းမင်းတို့ပဲ။
ပြန်ချင်တော့လည်းမင်းတို့ပါပဲ။
သမ္မတဦးသိန်းစိန်ပြောတာကို
သေသေချာချာလည်းနားထောင်ပါအုံး၊
ဲံစဉ်းစားပေးမယ်-မယ်ပဲပြောတာ၊
ဘာမှထွေထွေထူးထူးမပါဘူးကွယ်။

Anonymous said...

ကိုမိုးသီးလို လူမျိုးက နိုင်ငံရေး အမြတ်မထုတ်ဘူးဆိုတာ အချိန်က သက်သေပြပါလိမ့်မယ် သူငယ်ချင်းရေ... အချိန်ဆိုတာလဲ တစ်နည်းအားဖြင့် သမိုင်းတစ်ခုရဲ့ အစိတ်အပိုင်းပဲမဟုတ်လား..


yes, it is true that he helped 8years ago!!!!

Anonymous said...

ရှင်ဘုရင်ရဲ့ ကျန်ရစ်တဲ့မိသားစုကို နောက်တက်တဲ့ ဘုရင်ကသတ်ပစ်တဲ့သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ်။
ဦးသန်းရွှေဟာလည်း သူ့မိသားစုကို ဦးနေ၀င်းမိသားစုလို အဖြစ်ဆိုးမျိုးမဖြစ်အောင် သူမရှိတော့တဲ့အခါတိုင်းပြည်မှာ အာဏာရှင်စနစ်အမြစ်မတွယ်ခဲ့ဘို့ကြိုးစားနေပါတယ်။ ယနေ့ဖြစ်နေတဲ့နိုင်ငံရေးအပြောင်းအလဲတွေအားလုံးဟာ နောင်ကွယ်ကသူပဲလုပ်ဆောင်နေတာပါ။ လက်ရှိအချိန်မှာ ဒေါ်စုနှင့်သူ အပေးအယူရှိနေတယ်လို့ကြားသိရပါတယ်။