Friday 23 December 2011

ဒေါ်အောင်ဆန်းစုကြည်နှင့်NLD ခေါင်းဆောင်များပါတီမှတ်ပုံတင်ရန်နေပြည်တော်ရောက်ရှိ


  ဒီဇင်ဘာ ၂၃၊၂၀၁၁



၂၃-၁၂-၂၀၁၁ (ဓါတ်ပုံ AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့်  ဒေါ်အောင်ဆန်း
စုကြည်၊ ရှေ့ နေကြီး ဦဥာဏ်ဝင်း အပါအ၀င် အဖွဲ့ ချုပ်ခေါင်းဆောင်များ ယနေ့  ဒီဇင်ဘာ ၂၃ရက် ၂၀၁၁ နံနက် ၁၀ နာရီ တွင် နေပြည်တော်သို့ 
ပါတီမှတ်ပုံတင်ရန်ရောက်ရှိလာသည်ဟုသိရှိရပြီး နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်းနှင့် အစိုးရတာဝန်ရှိသူများက လက်ခံကြို
ဆိုတွေဆုံကြသည် ဟုသိရှိရပါသည်။
ယင်းကဲ့သို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်၊ ဒေါက်တာငယ်ငယ်တို့ ပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်မှ ဥက္ကဌ ဦးတင်အေး၊ အတွင်းရေးမှုး ဦးဝင်းကို၊ အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ပါဝင်ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည်နေပြည်တော်သို့ လာရောက်သည်မှာယခုအကြိမ်သည်ဒုတိယအကြိမ်
ဖြစ်ပြီးယခင်ဩဂုတ်လကသမ္မတဦးသိန်းစိန်နှင့်တွေ့ ဆုံရန်တကြိမ်ရောက်ခဲ့ဘူးပါသည်။

No comments :