Thursday 5 January 2012

ဒီချုပ်သတင်း

၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် အချက် (၃) ချက် အဓိကဆောင်ရွက်မည်ဟုဆို

မြန်မာနိုင်ငံရဲ့ ​ အဓိက အတိုက်အခံပါတီကြီး​ ဖြစ်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဟာ ၂၀၁၂ ခုနှစ်မှာ အ​လေး​ထား​ ​ဆောင်ရွက်မယ့်​ ကိစ္စ ၃ ရပ်ကို ပါတီ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ထုတ်​ဖော် ​ပြောကြား​လိုက်ပါတယ်။
ပြည်တွင်း ​ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ ပြင်ဆင်​ရေး​ကိစ္စ​တွေ ဦး​စား​ပေး​လုပ်သွား​မယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​လိုက်ပါတယ်။
 ဒေါ်​အောင်ဆန်း​စုကြည်က ဒီဗွီဘီက​နေတဆင့်​ မြန်မာပြည်သူ​တွေကို ၂၀၁၂ ခုနှစ် အတွက် နှစ်သစ်ကူး​နှုတ်ခွန်း​ဆက်စကား​ ​ပြောကြား​ရာမှာ ခုလို ထည့်​သွင်း​ ​ပြောဆိုလိုက်တာပါ။
“ကျမတို့ ​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ဦး​စား​ပေး​ လုပ်မယ့်​ လုပ်ငန်း​တွေက ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​ရေး​နဲ့​ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ​တွေထဲမှာ ပြင်သင့်​တာ​တွေကို ပြင်ဖို့​ အ​ရေး​တွေကို ကျမတို့​ ​ပြောခဲ့​ပြီး​ ဖြစ်ပါတယ်။ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို ဘာဖြစ်လို့​ ​ရွေး​ရတယ်ဆိုတာ ထူး​ထူး​ထွေ​ထွေ ​ပြောဖို့​ မလိုပါဘူး​။ ငြိမ်း​ချမ်း​ရေး​ ပတ်သက်လို့​လည်း​ ကျမ အရင်တ​လောက ရှင်း​ပြဖူး​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ကို ရိုး​ရိုး​လေး​ မြင်ပါတယ်။ ငြိမ်း​ချမ်း​ရေး​ဆိုတာ အိပ်နိုး​ချမ်း​သာ​ပေါ့​။ အိပ်တဲ့​အခါကျရင် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံနဲ့​ အိပ်ရာဝင်နိုင်ရမယ်။ နိုး​တဲ့​အခါကျရင်လည်း​ ​နေ့​သစ်ကို ရင်ဆိုင်ဖို့​ရာအတွက် စိတ်ချမ်း​ချမ်း​သာသာနဲ့​ လုံလုံခြုံခြုံ ရှိနိုင်ရမယ်။ အဲ့​တော့​ ဒီလိုပဲ ကျမတို့​ရဲ့​ နှစ်​ဟောင်း​ကြီး​ဟာ အိပ်သွား​ပြီး​တော့​ နှစ်သစ်ကြီး​ နိုး​လာတဲ့​အချိန်မှာ ကျမတို့​ နှစ်သစ်ကို စိတ်​အေး​အေး​ချမ်း​ချမ်း​၊​ လုံလုံခြုံခြုံနဲ့​ ပြည်သူပြည်သား​တွေကို ရင်ဆိုင်နိုင်​စေချင်တယ်။ ဒါ​ကြောင့်​ ကျမတို့​က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ကို ပထမ အ​ရေး​ကြီး​ဆုံး​ပဲလို့​ ​ပြောတာ ဖြစ်ပါတယ်။”
ဖွဲ့ ​စည်း​ပုံ အ​ခြေခံဥပ​ဒေပြင်ဆင်​ရေး​နဲ့​ ပတ်သက်ပြီး​ ဥပ​ဒေမှာပါတဲ့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြည်သူလူထုအများ​စုရဲ့​ အမြင်နဲ့​ ညှိနှိုင်း​ပြီး​ ပြင်ဆင်နိုင်​အောင် ကြိုး​စား​မယ်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ခုလို ​ပြောပါတယ်။
“ဖွဲ့ ​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ ကျမတို့​ တိုင်း​ပြည်ကို အကျိုး​မပြုနိုင်မယ့်​ အချက်အလက်​တွေကို ပြင်သင့်​တာ​တွေ ပြင်ရမယ်လို့​ ကျမတို့​ စဉ်း​စား​ထား​ပါတယ်။ တဘက်က​နေ ပြန်ပြီး​ ကြည့်​လိုက်လို့​ရှိရင်လည်း​ တိုင်း​ပြည်အတွက် ပိုပြီး​ အကျိုး​ပြုနိုင်​အောင် ပြင်သင့်​တာ​တွေကို ပြင်ရမယ်လို့​ ကျမတို့​စိတ်ထား​တာ ဖြစ်ပါတယ်။ အဲဒီ​တော့​ တချို့​က ​မေး​ပါတယ်။ ဘာ​တွေကို ပြင်ဖို့​ စဉ်း​စား​ထား​လဲ။ ဘာ​တွေက တိုင်း​ပြည်ကို အကျိုး​မပြုဘူး​လို့​ ထင်သလဲ။ ဘယ်လို ပြင်ရင် တိုင်း​ပြည်အတွက် အကျိုး​ဖြစ်နိုင်မလဲလို့​ ​မေး​မြန်း​တဲ့​သူ​တွေ ရှိပါလိမ့်​မယ်။ အဲဒီအ​ဖြေ​တွေကို တ​ယောက်ချင်း​၊​ အဖွဲ့​တခုတည်း​က အ​ဖြေရှာလို့​ မဖြစ်ပါဘူး​။ ကျမတို့​ အမြင်ကို ပြည်သူလူထု အများ​စုရဲ့​ အမြင်နဲ့​ ညှိယူရမှာ ဖြစ်ပါတယ်။ ကျမတို့​ နိုင်ငံမှာ ရှိတဲ့​ အဖွဲ့​အသီး​သီး​၊​ အလွှာအသီး​သီး​ရဲ့​ အမြင်ကို ညှိယူရမှာ ဖြစ်ပါတယ်။ ဒီလို ညှိယူမှသာလျှင် တကယ့်​ကို ပြည်သူပြည်သား​အား​လုံး​က ယုံကြည်​လေး​စား​တဲ့​ အချက်အလက်​တွေဟာ ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေမှာ ပါလာနိုင်တယ်လို့​ ကျမတို့​ ယုံကြည်ပါတယ်။”
အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၂၀၀၈ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေမှာ နိုင်ငံရဲ့​ အမျိုး​သား​နိုင်ငံ​ရေး​ ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ တပ်မ​တော်က ပါဝင်​ရေး​ဆိုတဲ့​ အ​ခြေခံမူ အပါအဝင် ဒီမိုက​ရေစီမကျတဲ့​ အချက်​တွေကို လက်မခံ​ကြောင်း​ အရင်က အတိအလင်း​ ​ကြေညာခဲ့​ဖူး​ပြီး​ ​ရွေး​ကောက်ပွဲ ဥပ​ဒေ​တွေကိုလည်း​ လက်မခံနိုင်လို့​ ၂၀၁၀ ​ရွေး​ကောက်ပွဲကို သပိတ် ​မှောက်ခဲ့​ဖူး​ပါတယ်။
ဒါ ​ပေမယ့်​ ​ရွေး​ကောက်ပွဲဥပ​ဒေပါ အချက်တချို့​ကို အစိုး​ရက ပြန်လည် ပြင်ဆင်​ပေး​ခဲ့​ပြီး​နောက်မှာ အန်အယ်လ်ဒီက ပါတီမှတ်ပုံတင် ပြန်လည် ​လျှောက်ထား​ခဲ့​ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ပြန်လည် ဝင်​ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့​ ​ကြေညာထား​ပါတယ်။ ဒါ​ပေမယ့်​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က​တော့​ လာမယ့်​ ဧပြီ ၁ ရက်​နေ့​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပေမယ့်​ အန်အယ်လ်ဒီပါတီကို​တော့​ ခုချိန်ထိ ပါတီမှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​ခြင်း​ မရှိ​သေး​ပါဘူး​။

1 comment :

Anonymous said...

လာမယ့်​ ဧပြီ ၁ ရက်​နေ့​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကျင်း​ပမယ်လို့​ ​ကြေညာထား​ပေမယ့်​ အန်အယ်လ်ဒီပါတီကို​တော့​ ခုချိန်ထိ ပါတီမှတ်ပုံတင် ခွင့်​ပြုချက် ချ​ပေး​ခြင်း​ မရှိ​သေး​ပါဘူး​။

မနေ့ကပဲ ခွင့်ပြုလိုက်ပြီလေဗျာ။ သတင်းလေးဘာလေးဖတ်အုံး... ပေါက်တတ်ကရတွေ လျှောက်ရေးမနေနဲ့။