ဘယ်လိုပဲ ထိန်းသိမ်းတာလုပ်လုပ် ပြာက လေထဲကို လွင့်မယ်
by Hawdeka Aethae on Saturday, January 7, 2012 at 3:16am
ထားဝယ်ဒေသတွင်လုပ်ဆောင် နေသည့် ထားဝယ်အထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း၊ ရေနံဓာတုအခြေပြုလုပ်ငန်းများ၊ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံ စသည်တို့ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို ထိုင်းနိုင်ငံရှိ talian-ThaiDevelopment Public Co., Ltd မှ အကောင်အထည်ဖော်နေ ခြင်း ဖြစ်သည်။
“ထားဝယ်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း၊ ဓာတ်မြေသြဇာစက်ရုံ၊ ရေနံဓာတုလုပ်ငန်း စတာတွေ ပါမယ်။ ၂၅၀ စတုရန်းကီလိုမီတာရှိ။ အဓိကထားပြီး ပြောချင်တာကတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်လို့ပါပဲ။ ထိုင်းအနေနဲ့စီးပွားရေးမှာ လျှပ်စစ်ကို အဓိကသုံးတယ်။ ဒါပေမယ့် မဂ္ဂါဝပ် ၄၀၀၀ လောက် ရှိတဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတော့မရှိဘူး။ ထိုင်းမှာ အကြီးဆုံးက မဂ္ဂါဝပ် ၂၆၀၀ ပဲရှိတယ်။ သဘာဝဓာတ်ငွေ့စက်ရုံအကြီးဆုံးက မဂ္ဂါဝပ် ၃၅၀၀ ပဲရှိတယ်။ ထားဝယ်လို မဂ္ဂါဝပ် ၄၀၀၀ ရှိတာ ထိုင်းမှာ ရှိလာဖို့တောင် ခဲယဉ်းပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျန်းမာရေး လေ့လာဆန်းစစ်မှုဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထားဝယ်စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပါရှိမည် ဆိုသည်နှင့်ပတ်သက်၍ လေ့လာသူများသိရှိခဲ့သော အချက်ပေါ်မူတည်ကာ သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်မှုများကို ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများအရ ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း . . .
ထားဝယ်စီမံကိန်းတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပါရှိ မည် ဆိုသည်နှင့်ပတ်သက်၍ လေ့လာသူများ သိရှိခဲ့သော အချက်ပေါ်မူတည်ကာ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးအပေါ်တွင် သက်ရောက်မှုများကို ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အနေအထားများအရ ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လတ်တလော လေ့လာမှုအရ မဂ္ဂါဝပ် ၄၀၀၀ ရှိတဲ့ စက်ရုံကနေ ကာဗွန် တစ်နှစ်ထုတ်လွှတ်မှု တန်သန်း ၃၀ ရှိနိုင်ပါတယ်။ ထိုင်းမှာ စွမ်းအားပေးတဲ့အစုစု လျှပ်စစ်အား လုံး၊ စက်ရုံအားလုံးက ကာဗွန်ထုတ် လွှတ်တာ တစ်နှစ် တန်သန်း ၈၀ ရှိပါတယ်။ ထားဝယ်ကထွက်တာက တစ်ခုတည်းတင် ထိုင်းရဲ့တစ်ဝက် လောက်ရှိနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မဂ္ဂါဝပ် ၄၀၀၀ ၀န်းကျင်ထုတ်လုပ်မည့် ကျောက်မီးသွေးဓာတ်အား ပေးစက်ရုံနှင့် ပတ်သက်၍ အဆိုပါအဖွဲ့အစည်းမှ လေ့လာထားမှုအရ ယင်းစက်ရုံသည် တစ်နှစ်လျှင် ဆာလဖာ ဒိုင်အောက်ဆိုက် တန် ၁၁၈၀၀၀ ထုတ်လုပ်မည်ဖြစ်ကာ နိုက်ထရိုဂျင် အောက်ဆိုက်တစ်နှစ်လျှင် တန် ၁၁၉၀၀၀ ထုတ်လုပ်နိုင်သည်ဟု သိရသည်။
“ဆာလဖာက အသက်ရှုလမ်းကြောင်းရောဂါကို ဖြစ်စေပြီး နိုက်ထ ရိုဂျင်အောက်ဆိုဒ်က လူနဲ့သစ်ပင်ကို ထိခိုက်စေပါတယ်”ဟု အဆိုပါတာ ၀န်ရှိသူက ပြောပြသည်။
ထို့အတူ ပြဒါးထုတ်လွှတ်မှု တစ်နှစ်လျှင် ကီလိုဂရမ် ၁၁၃၀၀ နှင့် အမှုန်ထုတ်လွှတ်မှုတန် ၁၀၃၀၀ ရှိမည်ဖြစ်ပြီးစက်ရုံအတွက် တစ်ရက်လျှင် ပင်လယ်ရေ ကုဗမီတာသန်း ပေါင်း ၂၀ ဒသမ ၆ သန်းနှင့် ရေချို ကုဗမီတာ ၆၀၀၀ အသုံးပြုမည်ဖြစ် သည်။ ထို့ပြင် တစ်နှစ်လျှင်ရေကုဗမီတာ သန်းပေါင်း ၆၇၀၀ ကို အပူအတိုင်း ပြန်လွှတ်နိုင်ခြေရှိသည့် အတွက် ရေသတ္တ၀ါများ သေကျေ ပျက်စီးမှုများကို ကြုံတွေ့လာနိုင်ကြောင်း သိရသည်။
“တစ်နှစ်ကို ကျောက်မီးသွေး ၁၁ ဒသမ ၄ သန်းမီးရှို့ရမယ်။ သြစတြေးလျစတဲ့ဘက်က ကျောက် မီးသွေးတွေသင်္ဘောကြီးနဲ့သယ်ရမယ်။ တစ်လကို ၁၀ စင်းးကနေ ၁၆ စင်း လာရပါမယ်။ စက်ရုံက ပြာ လေထဲ လွင့်တာ တန် ၁၁၅၀၀၀၀ နှစ်စဉ် ထုတ်လွှတ်မယ်။ ပြာ ၁၂၈၀၀၀ တန်က မြေကြီးမှာ ရှိမယ်။ ဒါတွေ ကို ဘယ်လိုနည်းနဲ့ ထိန်းသိမ်းမ လဲ၊ စွန့်ပစ်မလဲဆိုတာ ရှိပါတယ်။ ဘယ်လိုပဲ ထိန်းသိမ်းတာလုပ်လုပ် ပြာက လေထဲကို လွင့်မယ်။ စိုက်ပျိုးရေး၊ သစ်ပင်နဲ့ သဘာဝပတ် ၀န်းကျင်ကို ထိခိုက်နိုင်ပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကျန်းမာရေး လေ့လာဆန်းစစ်မှုဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
http://simon474.blogspot.com/2011/12/blog-post_2990.html


No comments :
Post a Comment