Thursday 12 January 2012

တယ်လီဖုန်း ဆင်းကဒ် တခု ၅ထောင်သာတန်သည် ။ အမြတ်ကြီးစား ဈေးတင်ရောင်းတာ ကို ဆန်ကျင့်ကြ။



 pls click like http://www.facebook.com/5000SimCard
ထိုင်းနိုင်ငံမှ ဆင်းမ်းကဒ်တကဒ်ကို ဘတ် ၅၀ နဲ့ ၀ယ်သုံးလို့ရတဲ့အတွက် လူတိုင်းနီးပါး မိုဘိုင်းဖုန်းလေးတွေ ကိုင်နိုင်ကြပါတယ်။ ကျမတို့ တိုင်းပြည်မှာ လူတိုင်း မိုဘိုင်းဖုန်း ကိုင်နိုင်ဖို့အတွက် ဆင်းမ်ကဒ်ဈေးနှုန်းဟာ လူတိုင်း တတ်နိုင်တဲ့ ဈေးဖြစ်ဖို့လိုပါတယ်။ ပြည်သူ လူထု သက်သာစွာ ရှင်သန်နေထိုင်ရေးအတွက် လုပ်ဆောင်ပေးရမှာက အစိုးရမှာ တာဝန်ရှိပါတယ်။ဒါကြောင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည် အမှန်တကယ်ဖြစ်စေချင်ရင်တော့ တကယ်ပဲ ဆင်းမ်းကဒ် တကပ်ကို ငွေ ၅၀၀၀ ကျပ် နဲ့ ရောင်းပေးလိုက်သင့်တယ်။ ငွေကျပ် ၅ ထောင်ဆိုတဲ့ ဈေးက ထိုင်းနိုင်ငံက ဆင်းမ်းကဒ်ထက် စာရင် ဈေးကြီးနေပါသေးတယ်။
 May Thingyan Hein

2 comments :

Anonymous said...

တိုင်တွေကိုလုံလောက်အောင် ထောင်ဖို့ အရင်ပြောပါဦးဗျာ။ လက်ရှိအနေအထားနဲ့ တောင်မှ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတာကို။ ဒီအနေအထားနဲ့  အဲလောက်ဖုန်းအရေအတွက် ကိုင်လိုက်လို့ ကတော့  GSM ဖုန်းကသုံးလို့ ကိုရမှာမဟုတ်တော့ ဘူး။

Anonymous said...

ငါးထောင်သာတန်ရင် လူတိုင်းဝယ်သုံးမှာပေါ့၊
ငါးထောင်တောင် ပေးရလို့ လူတိုင်းမသုံးနိုင်၊
ခေါင်းစဉ်ကိုက တလွဲ