ကချင်ပြည်က စစ်ပွဲတွေကို အမြန်ဆုံးရပ်ပေးပါ
ကျနော်တို့တွေ. . .ညီအကိုမောင်နှမတွေ လွတ်မြောက်လာလို့ ၀မ်းသာကြည်နူးနေကြတုန်းမှာပဲ မြန်မာပြည်ရဲ့မြောက်ပိုင်းက ကျနော်တို့ရဲ့ သွေးသား ညီနောင်
အချို့ဟာ ငိုကြွေးနေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာဟာ ကျနော်တို့တိုင်းပြည်ရဲ့
အကြိတ်အခဲ၊ အထုံးကြီးတခု ပြေသွားရသလိုပါ။ ဒါပေမယ့်
ဒီမိုကရေစီလမ်းဖြောင့်တန်းဖို့ ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး
မရှိလို့မရပါဘူး။ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေကို ထပ်ပြီးကူးစက်ရအောင်။ပြည်သူပျော်တာ မမြင်လိုတဲ့ ပြည်သူ့အစိုးရများ ရှိပါသလားဗျာ။တကယ်တော့ အချုပ်အခြာ အာဏာဆိုတာ တိုင်းနယ်နမိတ်တွေပေါ်မှာ ထက်၊ ပြည်သူလူထု အပေါ်မှာသာ မူတည်ပါတယ်။
ကျနော်ငယ်ငယ်က Submersion of Japan ဆိုတဲ့ ရုပ်ရှင်ကားလေး
တကားကြည့်ဖူးပါတယ်။ အဲဒီကားမှာ ဂျပန်ပြည်ကြီး သမုဒ္ဒရာအောက်ကို
မြုပ်သွားတော့မှာမို့ တိုင်းပြည်ခေါင်းဆောင်တွေ
က သူတို့ပြည်သူတွေကို ဘေးလွတ်အောင် စီစဉ်ကြရတယ်။
လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ အိန္ဒိယ သမုဒ္ဒရာအောက်ကို မြုပ်သွားတော့မယ့်
မော်လ်ဒိုက်ကျွန်းနိုင်ငံရဲ့ သတင်းတက်လာတယ်။ မော်လ်ဒိုက်အစိုးရဟာ အိမ်နီးနားချင်းနိုင်ငံ
တွေကနေ မြေတွေ လိုက်ဝယ်နေရပါသတဲ့။ အချုပ်အခြာအာဏာ ဆိုတာ တိုင်းနယ်နမိတ်မြေကြီး ပေါ်မှာ မူတည်ပါသလား၊ ပြည်သူလူထုအပေါ်မှာမူတည်သလား ဆိုတာ အဲဒီလိုအခြေအနေမျိုးနဲ့ စဉ်းစားကြည့်မယ်ဆိုရင်. . .ပြည်သူရှိရင် အချုပ်အခြာအာဏာ ရှိတယ် လို့ပြောရမယ် လို့ ကျနော်တော့ ယူဆပါတယ်။ပြည်သူတွေကို အလေးထားပါမှ ပြည်သူ့အစိုးရပါ။ ပြည်သူတွေတည်တံ့ပါမှ အချုပ်အခြာအာဏာတည်တံ့မှာပါ။ပြည်သူတွေ ငြိမ်းချမ်းလုံခြုံတည်တန့်ပါမှ အချုပ်အခြာအာဏာလုံခြုံတည်တံ့နေမှာပါ။
နိုင်ငံတော်အစိုးရအနေနဲ့အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ကို အလေးအနက်ထားရင် ပြည်သူတွေ လုံခြုံမယ့်ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းပါရစေ။
ချိုတူးဇော်
ကျနော်တို့တွေ. . .ညီအကိုမောင်နှမတွေ လွတ်မြောက်လာလို့ ၀မ်းသာကြည်နူးနေကြတုန်းမှာပဲ မြန်မာပြည်ရဲ့မြောက်ပိုင်းက ကျနော်တို့ရဲ့ သွေးသား ညီနောင်
အချို့ဟာ ငိုကြွေးနေကြရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်တာဟာ ကျနော်တို့တိုင်းပြည်ရဲ့ အကြိတ်အခဲ၊ အထုံးကြီးတခု ပြေသွားရသလိုပါ။ ဒါပေမယ့် ဒီမိုကရေစီလမ်းဖြောင့်တန်းဖို့ ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး မရှိလို့မရပါဘူး။ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေကို ထပ်ပြီးကူးစက်ရအောင်။ပြည်သူပျော်တာ မမြင်လိုတဲ့ ပြည်သူ့အစိုးရများ ရှိပါသလားဗျာ။တကယ်တော့ အချုပ်အခြာ အာဏာဆိုတာ တိုင်းနယ်နမိတ်တွေပေါ်မှာ ထက်၊ ပြည်သူလူထု အပေါ်မှာသာ မူတည်ပါတယ်။
ကျနော်ငယ်ငယ်က Submersion of Japan ဆိုတဲ့ ရုပ်ရှင်ကားလေး တကားကြည့်ဖူးပါတယ်။ အဲဒီကားမှာ ဂျပန်ပြည်ကြီး သမုဒ္ဒရာအောက်ကို မြုပ်သွားတော့မှာမို့ တိုင်းပြည်ခေါင်းဆောင်တွေ
က သူတို့ပြည်သူတွေကို ဘေးလွတ်အောင် စီစဉ်ကြရတယ်။
လွန်ခဲ့တဲ့ တနှစ်လောက်ကတော့ အိန္ဒိယ သမုဒ္ဒရာအောက်ကို မြုပ်သွားတော့မယ့်
မော်လ်ဒိုက်ကျွန်းနိုင်ငံရဲ့ သတင်းတက်လာတယ်။ မော်လ်ဒိုက်အစိုးရဟာ အိမ်နီးနားချင်းနိုင်ငံ
တွေကနေ မြေတွေ လိုက်ဝယ်နေရပါသတဲ့။ အချုပ်အခြာအာဏာ ဆိုတာ တိုင်းနယ်နမိတ်မြေကြီး ပေါ်မှာ မူတည်ပါသလား၊ ပြည်သူလူထုအပေါ်မှာမူတည်သလား ဆိုတာ အဲဒီလိုအခြေအနေမျိုးနဲ့ စဉ်းစားကြည့်မယ်ဆိုရင်. . .ပြည်သူရှိရင် အချုပ်အခြာအာဏာ ရှိတယ် လို့ပြောရမယ် လို့ ကျနော်တော့ ယူဆပါတယ်။ပြည်သူတွေကို အလေးထားပါမှ ပြည်သူ့အစိုးရပါ။ ပြည်သူတွေတည်တံ့ပါမှ အချုပ်အခြာအာဏာတည်တံ့မှာပါ။ပြည်သူတွေ ငြိမ်းချမ်းလုံခြုံတည်တန့်ပါမှ အချုပ်အခြာအာဏာလုံခြုံတည်တံ့နေမ
နိုင်ငံတော်အစိုးရအနေနဲ့အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ကို အလေးအနက်ထားရင် ပြည်သူတွေ လုံခြုံမယ့်ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးတည်ဆောက်ပေးဖို့ မေတ္တာရပ်ခံတိုက်တွန်းပါရစေ။
ချိုတူးဇော်
No comments :
Post a Comment