Friday, 20 January 2012

ဆရာကြီးဒေါက်တာအေးကျော်ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာ



“ဆရာကြီးဒေါက်တာအေးကျော်ကွယ်လွန်ခြင်းအတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာပီးပို့ ခြင်း”
                                                                နိန့် စွဲ။ ။ ဇန္န၀ါရီလ ၂၀ ရက် ၂၀၁၂ ခု
ဒေနိန့် မိုးထဖက် ၉ နာရီခွဲလောက်တွင် ဆရာကြီးဒေါက်တာအေးကျော်ကွယ်လွန်ခြင်းသတင်းကိုရရှိပါသည်။ ပူဆွေးခြင်းတုန့် လှုပ်ခြင်းဖြစ်ဖြစ်ရပါသည်။ မထင်မှတ်သောတိုက်ခိုက်ခြင်းတရပ်ပိုင် နာကြင်စွာခံစားရပါသည်။
ဒီဇင်္ဘလကပင် အမေရိကန်၊ အိန်ဒီယါနာပြည်နယ်ရောက်တူတော်သူတယေါက်၏ပြောကြားချက်အရ ဆရာ
ကြီးအဆုပ်ကင်ဆာဖြင့်ဆေးရုံတက်ရောက်ကုသနိန်ရကြောင်းကြားသိခရသည်။ သို့ သော်အမေရိကပိုင်နိုင်ငံ
တွင်ဆီးကုသမှုခံယူနိန်ရစော်ဖြစ်ခြင်းကြောင်း ပျောက်ကင်းအောင်ကုသနှိုင်တန်ကောင်းသည်ဟုမျှော်လင့်
ခပါသည်။
        ကျနော်သတိပြုမိသလောက် ဆရာကြီးသည် ဆယ်စုတခုကျော်လောက်ကပင်နှင့် ကွယ်လွန်သည် အချိန်အထိ တစိုက်မတ်မတ်လုပ်ခပါသည်။ အဆင့်ရှိသော ရခိုင့်အမျိုးသားတေးခင်းတပုတ်ရရှိရေး၊ ရခိုင့်အ
မျိုးသားနိန့် တနိန့် သတ်မှတ်နှိုင်ရေး၊ ရခိုင်ပြည်လွတ်မြောက်ရေးလှုပ်ရှားမှုတိအပါအ၀င်။
တနည်းအားဖြင့် - ရခိုင်မသားတိ၏အနာဂတ်ကျန်ခဖို့ အရေးကို ရတက်မအီးနှိုင်ဘဲ “ဒေအတိုင်းလား ကတ်ဖို့ ဆိုကေ ရခိုင်ပြည်၊ ရခိုင်မြိန်ရေ မကြာခင်ပျောက်ဆုံးလားလိမေ” လို့  ဂေါင်းဆောင်ကောင်းပီသစွာ ရခိုင် ကျွန်တိအတွက် မိန့် မှာထားခပါသည်။
        အရည်အခြင်းညံ့ဖျင်းသော၊ ညီညွတ်မှုမရှိဖရိုဖရဲပြိုကွဲနိန်သော၊ တချို့ ဝိသမလောဘသားတိဖြစ်နိန်သော
တပါးကျွန်နင်းပြား သားသ္မီးများအား မျက်စိမကွယ်ခင် စိုးရိမ်ကြောင့်ကြခြင်းကြီးစွာဖြင့်တတွတ်တွတ်မှာကြားနိန်
သော ဖခင်အိုကြီးကဲ့သို့ အချိန်ရတိုင်း၊ အခွင့်အခါသင့်တိုင်းမှားကြားခသည်ကို ရခိုင်မသားတိုင်းသိကြပါလိမ့်
မည်။ သိနှိုင်ကြပါသည်။
        ရခိုင်ပြည်သာလွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်းနှင့်သာရှိခမည်ဆိုလျှင် ဘ၀တလျှောက်လုံးအပါတ်တ ကုတ်သင်ယူဆည်းပူးခသော ဆရာကြီး၏ပညာရပ်တိကို ပညာရင်နို့ သောက်စို့ ရရေအရည်အခြင်းပြည့် တပည့် များရခိုင်ပြည်တနံတလျားတွင် ထောင်သောင်းချီရှိမည်မလွဲ ။
ရခိုင်ပြည်သာလွတ်လပ်သော ကိုယ့်မင်းကိုယ့်ချင်းနှင့်သာရှိခမည်ဆိုလျှင် ဆရာကြီး၏ချက်မြုတ်ရခိုင့်ရိုးမတောင် ခြီတလျှောက် သားအရွယ်မြိန်းအရွယ် ရခိုင့်မျိုးဆက်သစ်ချေတိကို ရခိုင့်သမိုင်း၊ ရခိုင့်ပုံပြင်တိကိုနားမငြီးနှိုင် လောက်အောင်သင်ပြပြောပြယင်း ရခိုင့်ရိုးမတောင်ကစီးဆင်းရေအသန့်  ရှင်းအအီးမြဆုံး စမ်းရီ၊ ရမျက်ရီတိကို သောက်သုံးလို့ အပူအပင်ကင်းကင်းနန့် အနားယူအပန်းဖြေချင်ခဖို့ စော်လည်းအမှန်။
ယ္ခုကားထိုထိုဆန္ဒများမပြည့်ဝခသော၊ ရခိုင်ပြည်လွတ်မြောက်ရေးခရီးကြမ်းမှ အစားထိုးဖို့ ရန်ခက်သော
ဂေါင်းဆောင်တယေါက်ဖြစ်သည့် ဆရာကြီးဒေါက်တာအေးကျော်ကွယ်လွန်လားခြင်းသည် ကျနော်ရို့ ရခိုင်ပြည်
လွတ်လပ်ရေးတိုက်ပွဲအတွက် ကြီးမားသောဆုံးရှုံးမှုတရပ်ဖြစ်ပေသည်။ သို့ သေါ်ကျနော်ရို့ သည်ရပ်တန့် နိန်
လိမ့်မည်မဟုတ် ဆရာကြီးသွန်သင်ခသော ဆုံးမစကားများကို မမှိတ်မသုန်လိုက်နာပြီး ရခိုင်ပြည်လွတ်လပ်ရေး
ရသည်အထိ သို့ မဟုတ် ရခိုင့်အချုပ်အချာအာဏာ ၃ ရပ်ကိုပြန်လည်ရယူနှိုင်အောင်ထိ မဆုတ်မနစ်သောဇွဲဖြင့်
ဆက်လက်တိုက်ပွဲဝင်လားကြမည်သာဖြစ်ပါသည်။
        ဆရာကြီးဒေါက်တာအေးကျော်ကွယ်လွန်လားရေအတွက် ကျန်ခရေ ဆရာကြီး၏မိသားစုနှင့်အတူထပ်
တူထပ်မျှဝမ်းနည်းကြီကွဲခြင်းဖြစ်ရပါကြောင်း ဤသ၀ဏ်လွှာအားပီးပို့ အပ်ပါသည်။
        “ဆရာကြီးကောင်းရာသုဂတိသို့ လားပါစီ”

ထာဝရဦးညွှတ်လျက်-

ဖိုးလှ
ဥက္ကဌ
ရခိုင်ပြည်လွတ်မြောက်ရေးလှုပ်ရှားမှုကော်မတီ
ဖလောင်းချိတ်၊ ဘင်္ဂလာနိုင်ငံ
Contact e-mail: afmc11.bd@gmail.com, phohla08@gmail.com


 “ဆရကြီး ဒေါက်တာအေးကျော်၏နာရေးသတင်း”
                                                        ၂၀။ ၁ ။ ၂၀၁၂
ဆရကြီး ဒေါက်တာအေးကျော် ညပိုင်း ၅ နာရီတွင် အမေရိကန်ပြည်၊ နယူးယေါက်ဆီးရုံတခုတွင်
၁၉-၁-၂၀၁၂ နိန့် က ကွယ်လွန်အနိစ္စရောက်။

ဒေါက်တာအေးကျော်၏ သမိုင်းအကျဉ်း
(အသက် - ၇၆ နှစ်)
ဒေါတာအေးကျော်ကို ၁၉၃၆ခုဒီဇင်္ဘာလတွင် အဖဦးလူမောင်၊ အမိဒေါ်လှဝင်းဦးရို့ မှမွီးဖွားခသည်။
မွေးရပ်ဇာတိ။   တန်းလွဲချောင်း၊ ကတို့ဆိပ်ကျေးရွာ၊ တောင်ကုတ်မြို့နယ်၊ ရခိုင်ပြည်ဖြစ်သည်။

ကျန်ခသော သားသ္မီးများမှာ= အောင်မြတ်ကျော်၊ တိုးတိုးကျော်၊ ဥမ္မာကျော်၊ သုတကျော်၊ နိုင်ကျော်၊ မေကျော်။ (ကိုဘခင်ပီးပို့ သောသတင်းအရ)၊
---------------------------------------------------
ဒေါက်တာအေးကျော်၏ သမိုင်းအကျဉ်း
(According to facebook)
ဒေါက်တာအေးကျော်သည် ရခိုင်လူမျိုး သမိုင်း ပညာရှင်တဦးဖြစ်သည်။ ဒေါက်တာအေးကျော်ကို ၁၉၃၉ ခုနှစ် က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲချောင်း ရွာမ ရွာသစ် တွင် မွေးဖွားခဲ့သည်။

ဆည်းပူးရရှိခဲ့သော ပညာရပ်ဆိုင်ရာ ဘွဲ့များ
B.A (History and Religion) ရန်ကုန် တက္ကသိုလ် (၁၉၅၉) ၊
B.A (Honors) Oriental History ရန်ကုန် တက္ကသိုလ် (၁၉၆၀) ၊
M.A (History of Asia) ရန်ကုန် တက္ကသိုလ် (၁၉၆၄) ၊
B.L (Law) ရန်ကုန် တက္ကသိုလ် (၁၉၆၆) ၊
PhD (History of Southeast Asia) Monash University. Australia. 1979 စသည့် ဘွဲ့များကို ရရှိခဲ့သည်။

လုပ်ကိုင်ခဲ့သော တာဝန်များ
-ကထိက (သမိုင်းဌာန) ရန်ကုန်တက္ကသိုလ်(၁၉၆၂-၁၉၈၀) ။
-တွဲဖက် ပါမောက္ခ (သမိုင်းဌာန) ဖယတ် တက္ကသိုလ်၊ ချင်းမိုင်၊ ထိုင်းနိုင်ငံ (၁၉၈၂-၈၄) ။
-ကထိက (ခေတ်သစ် ဘာသာဗေဒနှင့် သဒ္ဒဗေဒ ဌာန) ကော်နဲ တက္ကသိုလ်၊ နယူးယောက်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၈၄- ၈၉)။
-ဘာသာပြန် ကျွမ်းကျင်သူ ( သက္ကတစာပေ ဌာန) ဟားဗတ် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု၊ (၁၉၉၁-၀၂) ။
-တွဲဖက် ပါမောက္ခ (သက်ကြီးများအတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေး အစီအစဉ်) နယူးယောက် တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စု၊ (၁၉၉၃- ၉၅) ။
-တွဲဖက်ပါမောက္ခ (အာရှသုတေသန ဌာန) နယူးယောက် တက္ကသိုလ်၊ အမေရိကန် ပြည်ထောင်စု (၁၉၉၆- ၉၉)၊
-လွတ်လပ်သော အာရှအသံ (R.F.A) မြန်မာပိုင်း အစီအစဉ်တွင် အကြံပေး အယ်ဒီတာ (၃နှစ်ခန့်)အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် အငြိမ်းစားယူ၍ မြန်မာ့အရေးဆိုင်ရာများကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီလ ၁၉ ရက်နေ့ ကွယ်လွန်သည်။

ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များ
-ရှမ်းလူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၆၈)
-မြန်မာနိုင်ငံ အမျိုးသားပညာရေးသမိုင်း (၁၉၇၀) စာအုပ်ဖြင့်
၁၉၇၁ခုနှစ်အတွက် အမျိုး သားစာပေဆုကို ဆွတ်ခူးခဲ့သည်။
-ရခိုင်လူမျိုးများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ (၁၉၇၃)
-On the Birth of Modern Family Law in Burma and Thailand. Singapore (1990)
-The Voice of young. Cornell University, March 1990
-Code and Custom in Burma and Thailand. Scotland. 1993

No comments :