Saturday, 14 January 2012

နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦးလွတ်မြောက်၊၊ထောင်ထဲတွင်၂၀၀နီးပါးကျန်နေ

နိုင်ငံရေး အကျဉ်းသား NLD ပေးပို့စာရင်း အခြေခံ လွတ်ပေးဟုဆို
The Voice Weekly

ရန်ကုန်၊ ဇန်န၀ါရီ ၁၄

နိုင်ငံတော် သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)က ပေးပို့ သော စာရင်းကိုအခြေခံ လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က နေပြည်တော်တွင် ပြောကြားလိုက်သည်။

NLD က ပေးပို့သော နိုင်ငံရေး အကျဉ်းသားစာရင်းမှာ ၆၀၄ ဦးရှိပြီး ၁၀၇ ဦးကို ကနဦး သုံးကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်ပေးပြီးဖြစ်ကြောင်း၊ ၅၁ ဦးမှာ စိစစ်နိုင်ခြင်းမရှိသေးဘဲ နောက်ဆုံးလွတ်ပေးရန် ၄၃၀ ဦး ကျန်ရှိနေသေးကြောင်း၊ ယခု စတုတ္ထအကြိမ်တွင် ၃၀၂ ဦးလွတ်ပေးခဲ့ပြီး ကျန်ရှိ ၁၂၈ ဦးမှာ ဖောက်ခွဲရေးကဲ့သို့သော အကြမ်းမှု ဆိုင်ရာ ပုဒ်မ များဖြင့် တရားစွဲဆိုဖမ်းဆီးထားသဖြင့် လွတ်ပေးနိုင်ခြင်းမရှိသေး ကြောင်း ၄င်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ ၁၃ ရက်နေ့က လွတ်ပေးခဲ့သော အကျဉ်းသားဦးရေမှာ ၆၅၁ ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦး၊ ထောက်လှမ်းရေးဆိုင်ရာမှ ၁၀၀ ကျော်နှင့် ကျန်ရှိသော သူများမှာ အကောက်ခွန်ကဲ့သို့သော ဌာနဆိုင်ရာအဖွဲ့အစည်းများမှ ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ယခုကဲ့သို့ လွတ်ပေးခြင်းသည် မည်သူ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းချက်ကြောင့်မဟုတ် ဘဲ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်း၍ လွတ်ပေးသင့်လွတ်ပေးထိုက်သဖြင့် လွတ်ပေးခြင်းဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံးမှ ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။

"အခုထိ KNU ကလည်း လွတ်ပေးပါလို့ မတောင်းဆိုသေးဘူး"ဟု ၄င်းက ဆိုသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကမ္ဘာကျော် တာလီဘန်အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်စည်းရုံးခဲ့သူ ၁၃ ဦးကို ဖမ်းဆီးထားကြောင်း ၄င်းက ပြောကြားသည်။

1 comment :

Anonymous said...

Hi our minister
ကရင်အမျိုးသားအစည်းအရုံးမှ ဗဒိုမန်းငြိမ်းမောင်ကို နိုင်ငံအတွင်းတရားမ၀င် ၀င်ရောက်မှုဖြင့် တရားစွဲဆိုထားပြီး နောက်တစ်ဆင့် အနေနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ကိစ္စကို စဉ်းစားမည်ဖြစ်ကြောင်း ၄င်းကပြောဆိုသည်။
I would like to ask you about Pha Do Mann shar. He is not our citizen!!!He is not our main ethnic group!!! He entitle to go all over our country because he is Karen he is our citizen. He don't need visa he don't need permission from none of us.Why you said that he is crossing the country without permission!!! Because he is KNU!!! KNU is not our main ethnic!!! Watch out what your gov;( Not truly elected) said. I'm Ba mar-Kachin born an grown up in Taunggyi but I love our nation(Karen or chin or whats over)So please don't just read the statement what they ask you to.We are aware of this for long time. Your have to change some stance which really show that CHANGE.