Thursday, 26 January 2012

မောင်နှမ မိတ်ဆွေများ သို့ အသိပေးအကြောင်းကြားချက်



မောင်နှမ မိတ်ဆွေများ ခင်ဗျား

ဇော်ဝင်းအမည်နဲ့ ဆောင်းပါးတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ တက်နေပါတယ်။ ဒါဟာ ကျနော် မဟုတ်ပါကြောင်း ပြောလိုပါတယ်။ဒီလူနဲ့ကျနော်ကနာမည်တူနေတဲ့ အတွက်မိတ်ဆွေတွေကကျနော်ရေးတာလားလို့ လာလာမေးနေတာကို ကျနော်ရှင်းနေရလို့ ပါ။ ကျနော်က ဆောင်းပါးရေးရင် ဇော်ဝင်း ( နယူးယောက်) လို့  ရေးလေ့ရှိပါတယ်။

သူရေးတဲ့ဆောင်းပါးတွေကတော့

"ကြုံးသွင်းခံရသော ဆင်ကြီတကောင်" ကနေ "ကတ္တီပါလမ်းခွဲ" အထိ တပုဒ်ပြီးတပုဒ် ကို မိတ်ဆွေတို့ ဖတ်ကြရမှာပါ။
ဆောင်းပါးတွေရဲ့အနစ်ချုပ်ကတော့ ဒေါ်စုကိုဝေဖန်နေတဲ့ ဆောင်းပါးတွေပါ။

ပြီးတော့ ကျနော်စာရေးရင် ခေတ္တ - ဆိုပြီးလည်း ရောက်နေရာအရပ်ကို ထည့်ပြီးရေးလေ့ရှိပါတယ်။ နိုင်ငံတကာ ရောက် ကျနော်နဲ့နာမည်တူတွေရှိပေမဲ့ကျနော်ကိုပဲအများက ရေးတယ်လို့ထင်မြင်ယူဆကြတဲ့အပြင်၊ကိုမိုးသီးနဲ့ပါဆက်စပ် စွပ်စွဲ ဝေဖန်ကြပါတယ်။ ကျနော် ဟာ ၈၈မျိုးဆက်ကျောင်းသားများ ပြည်ပ ကို စုစည်းသူ တယောက် ဖြစ်ယုံမက အခုလည်း နိုင်ငံတကာရောက် ၈၈မျိုးဆက်ကျောင်းသားများ စုစည်းဆွေးနွေးပွဲ တွေကို လုပ်ဆောင်နေပါတယ်။ ပြည်တွင်းက နောင်တော် ၈၈မျိုးဆက်ကျောင်းသားများ နဲ့ နိုင်ငံတကာရောက် ၈၈မျိုးဆက်ကျောင်းသားများ စုစည်းညီညွတ်ဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ဝန်းရံကူညီကြဖို့ ဆိုတဲ့ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ မူကို ထောက်ခံသူဖြစ်ပါတယ်။ ကျနော့် သဘောထားယုံကြည်ချက်ကတော့ ဒီမိုကရေစီ တန်ဖိုးအနှစ်သာရများမရှိတဲ့ စစ်ကျွန်၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံပါ။ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မယူဆပါ။ ဒီချုပ်ရဲ့ ၂၀၀၈ အခြေခံဥပဒေအောက် ကကြားဖြတ် ရွေးကောက်ပွဲကို ဝင်ဖို့ ဆုံးဖြတ်တဲ့အခါ စိုးရိမ်မှုတကယ်ကြီးမားစွာဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ် ကို ထိမ်းသိမ်းဆုတ်ကိုင်ပြီး တွေ့ဆုံဆွေးနွေးရေးလမ်းကို ဆက်လုပ်သင့်တယ်လို့ယုံတယ်။ ပြီးတော့ ၈၈ အရေးတော်ပုံကြီးရဲ့ ရလဒ်ဖြစ်တဲ့ ၉၀ရလဒ်ကို စွန့်လွှတ်ရမှာကို စိုးရိမ်မကင်းဖြစ်သူထဲမှာ ကျနော်လည်းပါ ပါတယ်။ ကျနော်ဟာ ဒီမိုကရေစီသမားတဦးဖြစ်တာမို့ အများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာသူဖြစ်ပါတယ်။ အန်တီစုရဲ့ သူ့သဘောထား မှာ သူဟာ တိုင်းပြည်အတွက် စွန့်စားရတဲ့လမ်းကို လျှောက်နေတယ် မှားတယ်မှန်တယ် ဘယ်သူမှမပြောနိုင် တိုင်းပြည်အတွက်လုပ်တာ မှားရင်လည်း သူခံမယ်လို့ ဆိုပြီး ရဲရဲဝံ့ဝံ့ ဒီမိုကရေစီရေးတိုက်ပွဲကို ဦးဆောင်တာကို ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသား နောင်တော်များနဲ့ အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို မြန်မာပြည် မှာ ဒီမိုကရေစီစနစ် အမြစ်တွယ် တည်မြဲသွားရေး လုပ်ငန်းစဉ်အားလုံး တပ်နိုင်သရွေ့ ဝန်းရံကူညီအားဖြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။

ကျနော် ဟာ ကျနော် နဲ့ အယူအဆတူ မည်သူ့နဲ့မဆို မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုအောင်မြင်ရေးအတွက် နိုင်ငံ့အနာဂတ်ရေးအတွက် အများအကျိုးဦးတည်တဲ့ အလုပ်များကို ရိုးရိုးသားသားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခု အင်တာနက် စာမျက်နှာတွေပေါ်မှာ တက်နေတဲ့ နာမည်တူ ဆောင်းပါးတွေဟာ ကျနော်ရေးသားသော ဆောင်းပါးများ မဟုတ်ကြောင်း၊ ကျနော် ဆောင်းပါးတွေကိုရေး တိုင်း ဇော်ဝင်း ( နယူးယောက်) ၊ ၈၈ မျိုးဆက်ကျောင်းသား လို့  မည်တပ်ရေးလေ့ရှိပါကြောင်း။မိတ်ဆွေတို့ကို လေးစားစွာ အသိပေးလိုက်ပါတယ်။

တည်ကြည်စွာဖြင့်

ဇော်ဝင်း (နယူးယောက်)
၈၈မျိုးဆက်ကျောင်းသား
ခေတ္တ- မဲဆောက်
+66 802375344
adipadigyi@gmail.com
zawwinburma @ skype

6 comments :

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

aww zaw win is trying to be a popular person. who care who wrote the articles bcoz no one knows who is zaw win.

Anonymous said...

အန်တီစုရဲ့ သူ့သဘောထား မှာ သူဟာ တိုင်းပြည်အတွက် စွန့်စားရတဲ့လမ်းကို လျှောက်နေတယ် မှားတယ်မှန်တယ် ဘယ်သူမှမပြောနိုင် တိုင်းပြည်အတွက်လုပ်တာ မှားရင်လည်း သူခံမယ်လို့
Idiot.If she make mistake,country has to pay for that,not her.If she say the sun set from west,u will say 'yes".

Anonymous said...

Sorry, we do't kow you and your contribution to the country. Anyway, please do something good to yourself and your society. We don't even care Moe Thee June. You all may become a waste and obstructions to Nation building.

Anonymous said...

guugbjl

Anonymous said...

ကုလား လား ဗမာလားသိချင်ရင် မင်းနှမနဲ့ညီမလေး ကို ကိုဇော်ဝင်းပေးပြီး မနက်မှ ပြန်မေးကြည့်ပါလားခွေးသူတောင်းစား ရဲ့။