Friday 13 January 2012

ကိုယ်သိပ်ပျော်တယ်

အသက်တမျှချစ်ရတဲ့ ဇနီး မသန္တာ ပြန်လွတ်လာတယ်ကြားရလို့  ကိုယ်သိပ်ပျော်တယ်။ (ကိုပါကြီး) 


မသန္တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၀င်တဦးဖြစ်ပြီး သူဟာ မတရားတဲ့ဥပဒေနဲ့  ထောင်ဒဏ် ၂၇ နှစ်အပြစ်ပေးခံရတဲ့ သူတဦးဖြစ်တယ်။ မသန္တာ ဟာ စိတ်ကောင်းရှိသူဖြစ်ပြီ။ ထက်ထက်မြက်မြက်ရှိသူ။ လုံးလ၀ီရိယရှိပြီး  လူတဖက်သားကိုသနားကြင်နာတတ်သူတဦးဖြစ်တယ်။
သူကအမှန်တရားကိုချစ်မြတ်နိုးသူ လို့ ခင်ပွန်းသည်ကိုပါကြီးကပြောပါတယ်။ 


သူမမှာ သမီးငယ်တဦးရှိတယ်။ ကိုပါကြီးနှင့် သမီးလေးဟာ ထိုင်းနိင်ငံမှာမဲဆောက်မြို့  မှာ တရားမ၀င် နေထိုင်နေရတဲ့ မြန်မာ ဒီမိုကရေစီအင်အားစုတွေထဲက မိသားစုတခုဖြစ်ပါတယ်။  

No comments :