Thursday 12 January 2012

ကိုကိုကြီးနဲ့  ရှမ်းပြည်ရှိထောင်များသတင်း

ရှမ်းပြည်နယ်ရှိ ထောင်များမှ နိုင်ကျဉ်းအားလုံးနီးပါး လွတ်မည်ဟု ယုံကြည်ရသည့် သတင်းရပ်ကွက်မှပြောသည်။ မိုင်းဆတ်ထောင်တွင် အကျဉ်းကျနေသည့် ကိုကိုကြီး (KKK) လွတ်မြောက်မည်ဟု ကြားသိရသည်။ နံနက်ဖြန် လေယာဉ်ခရီးစဉ်ရှိသည့် အကျဉ်းထောင်များမှ လွတ်မြောက်သူအားလုံး လေယာဉ်ဖြင့် ပြန်လာနိုင်ရန် အစိုးရက စီစဉ် ထားရှိသည်ဟုလည်း သိရှိရသည်။

ကျောက်ဖြူထောင်တွင် ရှိသည့် နိုင်ငံရေး အကျဉ်းသား ၉ ယောက်အနက် ရွှေခမောက် ကိုရွှေမောင် နှင့် တပ်မတော်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့် နှစ်ဦး စာရင်းတွင် ပါရှိသည် ဟုသိရှိရသည်။ By Yan goon Press International မနက်ဖြန် လွတ်မြောက်မည့် အထဲတွင် ဗိုလ်ချုပ်ခင်ညွန့်နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဦးခွန်ထွန်းဦးတို့ပါဝင်သည်ဟု သိရှိရသည်။
ဗိုလ်ချုပ်ခင်ညွန့်သည် အင်းစိန်ထောင် အရာရှိရိပ်သာ၌ အကျဉ်းကျခံနေရခြင်းဖြစ်သည်။ ယခုသတင်းကို သက်ဆိုင်ရာ မိသားစုဝင်များမှ သီးခြား အတည်ပြုချက် မရရှိသေးပါ။

By Yangon Press International လတ်တလောကြားရသည့်သတင်း

No comments :