Friday 6 January 2012

စစ်တွေကျောင်းသားများဆန္ဒပြ ဒီဇင်ဘာ ၆ ရက်။၂၀၁၂

ယနေ့ နံနက် ၉ နာရီမှစပြီး စစ်တွေတက္ကသိုလ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြလျှက်ရှိကြောင်း
စစ်တွေမြို့ မှသိရပါသည်။ကျောင်းသားအယောက် ၅၀၀ ခန့် မှာစစ်တွေတက္ကသိုလ်မှမြို့ ထဲဖက်သို့ ငြိမ်း
ချမ်းစွာလမ်းလျှောက်ဆန္ဒပြနေခြင်းဖြစ်ပြီးယခုညနေ ၃နာရီခွဲခန့် အထိစစ်တွေမြို့ လောကနန္ဒာဘုရား
နှင့်နာရီစင်တို့ အနီးတွင်ငြိမ်းချမ်းစွာစုဝေးလမ်းလျှောက်နေကြပါသည်။ကျောင်းသားအချို့ မှာပြည်နယ်
ဝန်ကြီးချုပ်ရုံးရှေ့ တွင်စုဝေးနေကြပြီးတာဝန်ရှိသူများကကျောင်းသားများနှင့်တွေဆုံညှိနှိုင်းရန်ကြိုးပမ်း
နေကြကြောင်းသိရပါသည်။ကျောင်းသားများအားအာဏာပိုင်များဖက်မှတစုံတရာအရေးယူမှုမရှိသေး
သော်လည်းရဲတပ်ဖွဲ့ ဝင်အင်အား ၇၀ခန့် က၀တ်စုံပြည်ဖြင့်လိုက်ပါစောင့်ကြည့်နေကြကြောင်းသိရပါ
သည်။ယခင်ကလည်းကားခများဈေးနှုန်းကြီးမြင့်သဖြင့်အာဏာပိုင်များကတစုံတရာအတိုင်းအတာထိ
ဖြေရှင်းပေးခဲ့ကြသော်လည်းယခုအကြိမ်တွင်မှုလက်ရှိ ၂၀၀ ကျပ်မှ ၅၀၀ ကျပ်ထိယဉ်စီးခဈေးနှုန်းများ
တိုးမြှင့်သဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း အာဏာပိုင်များဖက်ကလည်းတစုံတရာဖြေရှင်းပေးခြင်းမရှိ
သေးကြောင်းမြို့ ခံတဦးကပြောပြပါသည်။

2 comments :

Anonymous said...

I think u something wrong sir,but anyway thank u. Im arakanese.Hope ur news again pls! TQ

tintshwethiha said...

In U.S.A,Government could arranged students with school-buses & tickets.