Thursday 12 January 2012

နိုင်ငံရေးအကျဉ်းသား သတင်း

၆နာရီ သတင်းကြေငြာချက် ........

သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေး
အတွက်၎င်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်၎င်း၊ နိုင်ငံရေး
လုပ်ငန်းစဉ်များအတွင် အားလုံးပါဝင်ခွင့် ရရှိစေရေးအတွက်၎င်း၊ လူသားခြင်း
စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်၎င်း၊ နိုင်ငံတော်၏ မေတ္တာနှင့်
စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် တစ်ဖက်
တစ်လမ်းမှ အထောက်အပံ့ဖြစ်သည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ
နိုင်ရေးအတွက်၎င်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီးမှ အကျဉ်းကျနေသော
အကျဉ်းသား၊ အကျဉ်းသူ ၆၅၀ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁
ပုဒ်မခွဲ (၁) အရ ဇန်န၀ါရီလ ၁၃ ရက်နေ့မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်
သည်။


 မှတ်ချက် - ပုဒ်မ ၄၀၁ ဆိုတာကတော့ ပြစ်မှုအကြွေးရှိသေးတယ်။
သမ္မတကသနားလို့ လွှတ်လိုက်တာ။ 
အပြင်ရောက်လို့မတရားမှုတွေကိုတောင်းဆိုတိုက်ပွဲဖေါ်ရင်ပြန်ဖမ်းမယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ နိင်ငံရေးအကျဉ်းသားတွေက ဒီပုဒ်မကိုဘယ်လို သဘောထားသလဲ။ 
အာဏာပိုင်တွေကလက်မှတ်ထိုးခိုင်းမှာလား။ မခိုင်းဘူးလား ဆိုတာကို မသိသေးပါ။
၄၀၁ ကိုလက်မှတ်မထိုးသူများစွာရှိပါတယ်။ ဥပမာ မနီလာသိန်း။ 

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ က နိုင်ငံတော်သမ္မတ အနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ သဘောတူညီချက် မလိုဘဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလို ပြစ်ဒဏ်တွေကို လျှော့ချပေး နိုင်ပါတယ် " ဟု တရားလွှတ်တော် ရှေ့နေ ဦးသိန်းညွန့်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကမူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၁ တွင် နှစ်ပိုင်း ပါဝင်ပြီး အပြီးအပြတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းနှင့် ခံဝန်လက်မှတ် ရေးထိုး၍ လွတ်ငြိမ်းခွင့် ပေးခြင်းတို့ ဖြစ်ကြောင်း ပြောကြားသည်။

" ရှင်းအောင် ပြောရရင်တော့ ထောင်အကြွေး ထားပြီး လွှတ်လိုက်တာ " ဟု ၎င်းက ဆိုသည်။
( The voice weekly)





No comments :