Saturday 14 January 2012

ဦးစိန်ဝင်း၊ဦးမိုးသီးဇွန်အပါအ၀င်ပြည်ပရောက်မြန်မာနိုင်ငံသားများပြည်တွင်းပြည်ပတွင်ရာဇ၀တ်မှုကျူးလွန်ခြင်းမရှိပါကအမိမြန်မာနိုင်ငံသို့ ပြန်လာနိုင်



ဇန်န၀ါရီလ ၁၄ ရက်၊ ၂၀၁၂
ရန်ကုန်တိုင်းမ်  Yangon Media Group

ဦးစိန်ဝင်း၊မိုးသီးဇွန်အပါအ၀င်ပြည်ပရောက်မြန်မာနိုင်ငံသားများ အမိမြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုကယနေ့ ပြောကြားသည်။

" ဒီနိုင်ငံတွင်းမှာပြစ်မှုကျူးလွန်ထားခဲ့တာတွေ၊ပြည်ပမှာပြစ်မှုကျူးလွန်ထားခဲ့တာတွေမရှိရင်တော့သူတို့ 
ဘာမှအရေးယူမှာမဟုတ်ပါဘူးဟု " ပြည်ထောင်စုဝန်ကြီးကဆက်လက်ပြောကြားသည်။


www.theyangontimes.com www.theyangontimes.com



19 comments :

မင်းနန္ဒ said...

ကိုမိုးသီး ခင်ဗျားပြန်သင့်တယ်။ ခင်ဗျားဟာ ကိုမင်းကိုနိုင် အမေစု တို့ဘေးမှာ ခြင်္သေ့ တကောင်ကဲ့သို့ ဖြတ်လတ်နိုးကြားစွာ ရှိနေသင့်တယ်။ ပြည်ပက အမြင်မကျယ်သော အချို့ သူများရဲ့ ကောင်းမှုကြောင့် အညိုရိပ်သန်းနေတဲ့ ခင်ဗျားရဲ့ image ကို ပြန်လည် ဖြူစင်အောင် ရှော်ဖွတ်ရမယ့် အချိန်ရောက်နေပြီ။

Anonymous said...

Dear Ko Moe Tee,
You shoot a shoe to U Than Sein.U made crime.U cant go back.

Anonymous said...

Yes, Ko Moe Thee, you should go home. We need you.

Anonymous said...

ကိုမိုးသီး

ပြည်ပမှာ ဘာလုပ်နေမှာလဲ။ ပြန်ပါတော့လား။ အပြင်မှာ ဘလော့ဂ်လေး ရေးနေတာလောက်နဲ့ပဲ မြန်မာ့နိုင်ငံရေးထဲက ကိုယ်ရဲ့အခန်း ကဏ္ဍကို တင်းတိမ်နေမှာလား။

မြန်မာ့နိုင်ငံရေးမှာ ကိုမိုးသီးရဲ့ အခန်းဏ္ဍက ဒီလောက်ပဲလား။ ဒါမှမဟုတ် ဒီလောက်ပဲလုပ်နိုင်တာလား။ အဲဒါကိုယ့်ဟာကိုယ် ပြန်စဉ်း စားဖို့လိုတယ်နော်။

နောက်ပြီး ကိုမိုးသီးက အမေရိကန်ပတ်စပို့ကိုင်ထားတာ။ ကိုမိုးသီး အထဲဝင်သွားလို့ တခုခုဖြစ်ရင် အထဲက အမေရိကန်သံရုံးက လည်း ဒီတိုင်း ငြိမ်နေမှာမဟုတ်ဘူး။ အခုပြောနေတာက ကိုမိုးသီးကို အမေရိကန်နိုင်ငံသားအဖြစ်ကနေ စွန့်လွှတ်ခိုင်းနေတာ မဟုတ်ဘူး။ ကိုမိုးသီး မြန်မာပြည်ကနေ ထွက်လာတာ အနှစ် ၂၀ ကျော်ပြီ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် နဲ့ အခု နဲ့ မြန်မာပြည်ထဲမှာ ဘာတွေကွာခြားသွားလဲဆိုတာလောက် တော့ ကိုမိုးသီး တိုင်းအပြည်ကို ချစ်တယ်ဆိုရင် ကိုယ်တိုင်သွားပြီး လေ့လာသင့်ပါတယ်။ နောက်မှ အထဲမှာ ဒေါ်အောင်ဆန်းစုကြည် တို့၊ ကိုမင်းကိုနိုင်တို့ အုပ်စုနဲ့ လက်တွဲပြီးလုပ်ချင်စိတ်ပေါက်လို့၊ ပြည်တွင်းအခြေအနေကလည်း စိတ်ချရတဲ့ အခြေအနေရှိတယ်ဆိုရင် ကိုယ့်အမေရိကန်နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ချင်စွန့်လွှတ်လိုက်ပေါ့။

အရှင်းဆုံးပြောရမယ်ဆိုရင်တော့ဗျာ ကိုမိုးသီးအနေနဲ့ မြန်မာပြည်ဒီမိုကရေစီအရေးအတွက် ထိရောက်တဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ချင်တယ်ဆိုရင်တော့ မြန်မာပြည်ကို အနည်းဆုံး ၁ ပတ်ဖြစ်စေ၊ ၁ လ ခရီးလောက်ဖြစ်စေ အရင်သွားလေ့လာကြည့်ပါဦးလို့ အကြံပေးချင်ပါတယ်။

Thet said...

အဲဒီ ရှူးဖိနပ်နဲ့ ပေါက်တဲ့ ကိစ္စကို ခွင့်လွှတ်လောက်ပါတယ်။ ဖိတ်ခေါ်ပြီးမှ ဖမ်းမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ လူရယ်စရာကြီး ဖြစ်မှာပေါ့။

Anonymous said...

ကျွန်မ အမြင်အရတော့ ကိုမိုးသီးတို့  မပြန်သင့်သေးဘူး။ ပြည်ပရောက် အုပ်စုတွေဟာ ပြည်တွင်းနဲ့ ဆက်ဆံရေးတော့ လုပ်ကိုလုပ်ရမှာ ဖြစ်သလို၊ ကိုမိုးသီးတို့ လို ၈၈ ကျောင်းသားခေါင်းဆောင်တွေဟာ ဘာလုပ်ရမလဲဆိုတာလည်း သိပြီးသားပါ။ အခုချိန်ဟာ အစိုးရကို မျက်လုံးကန်းပြီး ယုံနေဖို့ မဟုတ်သေးဘူး။ ဆန်းစစ်ရမယ်။ တခုခု ဖြစ်ခဲ့သော် ပြည်ပရောက်များဟာ နိုင်ငံတကာ အသီးသီးကို တပ်လှန့် နိုင်တယ်။ ကိုမိုးသီးတို့ ကို မကောင်းပြောနေတဲ့ သူတွေကိုတော့ တခုတော့မေးချင်တယ်။ နိုင်ငံအတွက်ဘာများစွန့် လွတ်ပြီး လုပ်ပြီးပါပြီလဲ။ ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများဟာ လိုအပ်ပါတယ်။ အခုလို ဖိတ်ခေါ်တယ်ဆိုတဲ့ သူဟာ စစ်ယူနီဖောင်းဝတ်နေဆဲဆိုတာ မမေ့ပါနဲ့ ။ မြန်မာ့ နိုင်ငံ့ ရေးဟာ သိပ်ကို ရူပ်ထွေးပါတယ်။ ဦးသိန်းစိန်ကို နိုင်ငံရေးသမား ၃၀၀ ကျော် လွတ်ပေးတာကို စွတ်ယုံနေရင်၊ လွတ်လပ်ရေးပေးခဲ့တဲ့ အင်္ဂလိပ်ကို ကျွန်မက ပိုယုံတယ်။ ဦးသိန်းစိန် အစိုးရဟာ ထူးပြီး စွန့် လွတ်ပြီး လုပ်ပေးနေတာ မဟုတ်ပါဘူး။ လုပ်သင့်တာ သူတို့ လိုချင်နေတဲ့ ဟာတွေအတွက် နိုင်ငံရေးသမားများကို လွတ်ပေးတာပါ။ ပိုပြီး သတိထားဖို့ က နိုင်ငံေ၇းသမားများကို လွတ်ပေးတယ်ဆိုပြီး စသုံးလုံးများ အားလုံးနီးပါး လွတ်လာခြင်းပါ။

Anonymous said...

မပြန်ပါနဲ့တော့လို့ ပြောချင်ပါတယ်...မင်းကိုနိုင်တို့ ကိုကိုကြီးတို့ အုပ်စု ထွက်လာပြီပဲ..သူတို့တွေ တိုင်းပြည်အတွက် လုပ်သင့်တာတွေ ဆက်လုပ်ကြပါလိမ့်မယ် ..ကိုမိုးသီးကတော့ အမေရိကမှာပဲ တခြားအလုပ်ကလေးပါလေး ရှာပါတော့ဗျာ..

linn said...

Ko Moe Thee,

You should wait about a month and decide.

Anonymous said...

ဟားဟားဟား thet ပြောလိုက်တော့ မှပဲ အမှတ်ရတော့ တယ်။ ပြောလို့ ရဘူးနော် ဖမ်းရင်ဖမ်းမှာ :D ကိုမိုးသီအမြင်ကိုသိချင်ပါတယ်

Anonymous said...

အဲဒီ ရှူးဖိနပ်နဲ့ ပေါက်တဲ့ ကိစ္စကို ခွင့်လွှတ်လောက်ပါတယ်။ ဖိတ်ခေါ်ပြီးမှ ဖမ်းမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ လူရယ်စရာကြီး ဖြစ်မှာပေါ့။

i m proud of u.U r ရှူးMoetee.

Anonymous said...

ကိုမိုးသီ ဘုန်ကြီးပဲ ၀တ်လိုက်ပါတော့ ပြည်ပနိုင်ငံမှာ အချိန်ကုန်ပြီး အသက်လဲကြီးနေပြီး ပြည်တွင်းနိုင်ငံရေးလုပ်ဖို့မစဉ်စားနဲ့ ကိုစိန်ဝင်းပါ အဖော်စပ်လိုက် အသက်ကြီး ဘုန်ကြီးဝတ်ရင်တော့ ကျောင်းထိုင်ဆရာဖြစ်နိုင်တယ် ပြည်တွင်းနိုင်ငံရေးသွားလုပ်ရင်တော့ အဆဲခံရမှာ ပြည်တွင်းကလဲ ဆဲဖို့စောင့်နေတာ

stock said...

ကိုမိုးသီး ခင်ဗျားပြန်သင့်တယ်။ အမေစု အသက်ကြီ်းနေပြီ။ခင်ဗျားတို့ ဘဲဆက်လုပ်ရမှာပါ။

Anonymous said...

Dear ko moe thee zun,

You are born to do a good thing for your courntry. Please wait and see the situation, then visit to Myanmar and explore the real situation and decide yourselve whether you should back or not.
For my personnel, yes, our country need you (a lion)to stand beyond our leader Amay Su.
wishing you all the best
your younger brother...
BYN

Anonymous said...

U Thein Sein wanted you to count iron bars at Insein. This job suits best for you.

Bo Bo said...

ကိုမိုးသီး မြန်မာပြည်ကိုပြန်သင့်တယ်ဟုမြင်ပါသည်။ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်တို့တွေနဲ့ အတူအကွပူးပေါင်းပြီး မြန်မာပြည်နိုင်ငံရေး၊ ဒီမိုကရေစီရရှိရေးကို ဆုံးခန်းတိုင်အောင် ဆက်လက်ပြီးကြိုးစားသင့်လှပါသည်။ ဦးသိန်းစိန်ကို ဖိနပ်စာကျွှေးတာလောက်နဲ့တော့ အပြစ်မဖြစ်နိုင်ပါ။ ကိုမိုးသီးတို့လို နိုင်ငံခြားအတွေ့အကြုံရှိသူတွေ၊ International Diplomacy အတွေ့အကြုံရှိသူတွေဟာ ခုလိုအချိန်မှာ ပြည်တွင်းမှ ရဲဘော်ရဲဘက်များအတွက် အလွန်ပဲအဖိုးတန်လှပါသည်။ တစ်နည်းမဟန်လျှင်နောက်တစ်နည်းထပ်ကြံနိုင်ပါသေးသည်။ Undercover Group တွေလိုမျိုးလဲ ဖွဲ့စည်းထားပေးခဲ့နိုင်ပါသေးသည်။ စဉ်းစားပါ ကိုမိုးသီး..

layaung said...

You should go home mate.

Anonymous said...

don't relutant, go back and shout what you are doing abroad. But don't shoot with shoe, you will be !!!!!!!!!!!!!

Anonymous said...

ha ha haaaaa

ဦသန်းမြင့် said...

တတ်နိုင်ပေတယ် ပြောရက်ပေတယ် ဗိုလ်ချုပ်ကိုကို

သူတို့ကြတော့ တရားမဆွဲဘိုအမှုမလုပ်ဘို့ကို ဥပဒေမူကြမ်းထဲမှာတောင် မရ ရအောင် အတင်းအကြပ်ထည့်ဆွဲကြတယ်။ ကိုယ်ကျိုးကာကွယ်ဘို့ ကိုယ့်လူမျိုးကိုသတ်တာကြတော့ပြစ်မှု ကျူးလွန်တာ မဟုတ်ဘူးလား ပြည်သူ့အကျိုးအတွက်တောင်းဆိုတဲ့ ဘာသာသာဿနာဝန်ထမ်း သံဃာတော်နှင့်ကျောင်းသူကျောင်းသားများကျတော့
ပြစ်မှုကျူးလွန်ခဲ့ရင် တရားစွဲမယ်တဲ့ ခြင်္သေကြီး ရေ မင်းသူငယ်ချင်းကျောင်းနေဘက်တွေလို ထောင်ထဲမှာနေ နိုင်တယ် ဆိုရင်တော့ ပြန်ပေါ့။ ထောင်ထဲမှာ နေရာပေး မှာတော့ ကျိန်းသေတယ်။