မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို
မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊
ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ
စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့
ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုသဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပါပြီ။ အခုအချိန်ဟာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတာပါ။ မြန်မာနိုင်ငံအတွင်း ရွေးကောက် တင်မြှောက်မှုတွေနဲ့ တရားရေး လုပ်ငန်းစဉ်တွေအတွက် သင့်လျော်တဲ့ အင်အားစုတွေ ပါဝင်လာနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ တဖြည်းဖြည်း နီးလာတဲ့အဆင့်မှာ အခု ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်ပြင်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။
ဒီကနေတဆင့် ကျမတို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အထူး အချက် တချက်ဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကို ဖြေရှင်းဖို့ လိုနေတာနဲ့ အမျိုးသားလွှတ်တော်မှာ ဒီမိုကရေစီ စနစ် ထွန်းကားရေးအထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ရေးအတွက် အခု ကြိုးစားနေတာဟာ တချိန်မှာ ကမ္ဘာ့ဝန်းကျင်အတွက်ပါ ဖြစ်လာစေမယ်လို့လည်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီနှစ် အစည်းအဝေးရဲ့ဆောင်ပုဒ်က ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေဖို့ ပုံစံသစ်တွေ ပုံသွင်းဖို့ပါ။ ဒီဆောင်ပုဒ်ကို ပုံဖော်နေတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကြီးနေတဲ့ အချိန်မှာ ဒီနှီးနှောဖလှယ်ပွဲကို မတက်ရောက်နိုင်ဘူးလို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ တကယ့်ပြောင်းလဲချိန်ကို မရောက်သေးပေမယ့် မြန်မာစက်မှုဝန်ကြီး ဦးစိုးသိမ်း ဒီနှစ် အစည်းအဝေးကို ထူးထူးခြားခြား တက်ရောက်လာတာဟာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ လက္ခဏာကို ပြနေပါတယ်လို့ ဆိုပါတယ်။
ဒီအပြောင်းအလဲတွေထဲမှာ စီးပွားရေးတိုးတက် ပြောင်းလဲလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။
“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခု နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ ပေးအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာမှာတင်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ နိုင်ငံမှာ စနစ်ကျတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် တရားရေးဆိုင်ရာနဲ့ ဥပဒေပြဌာန်းမှုတွေကိုပါ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပါ”
တရားဥပဒေ စိုးမိုးရေးအပြင် မြန်မာနိုင်ငံမှာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဝန်းကျင်ကောင်း တရပ်ကိုပါ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် အနာဂတ် ကမ္ဘာမှာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင်ဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကောင်းတရပ်အတွက် ရေရှည်စံပြ စီးပွားရေစနစ်တခုကို စံနမူနာအဖြစ် မြန်မာနိုင်ငံကနေ ယူနိုင်တာမျိုးအထိပါ ဖြစ်လာစေချင်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်
source: voa burmese

6 comments :
ရှင်ဘုရင်ရဲ့ ကျန်ရစ်တဲ့မိသားစုကို နောက်တက်တဲ့ ဘုရင်ကသတ်ပစ်တဲ့သာဓကတွေ သမိုင်းမှာရှိခဲ့ပါတယ်။
ဦးသန်းရွှေဟာလည်း သူ့မိသားစုကို ဦးနေ၀င်းမိသားစုလို အဖြစ်ဆိုးမျိုးမဖြစ်အောင် သူမရှိတော့တဲ့အခါတိုင်းပြည်မှာ အာဏာရှင်စနစ်အမြစ်မတွယ်ခဲ့ဘို့ကြိုးစားနေပါတယ်။ ယနေ့ဖြစ်နေတဲ့နိုင်ငံရေးအပြောင်းအလဲတွေအားလုံးဟာ နောင်ကွယ်ကသူပဲလုပ်ဆောင်နေတာပါ။ လက်ရှိအချိန်မှာ ဒေါ်စုနှင့်သူ အပေးအယူရှိနေတယ်လို့ကြားသိရပါတယ်။
ရောက်ရှိနေတဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောသွားပါသည်။
"ဒီမိုကရေစီစနစ်ကိုလက်ခံတယ်ဆိုလို့ရှိရင် အစိုးရအပြောင်းအလဲတွေကိုလည်း လက်ခံရမယ်၊ ဒီအပြောင်းအလဲတွေဟာ ညင် သာရမယ်၊ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကိုမထိရဘူး၊ နိုင်ငံကိုမထိရဘူး၊ ဆင်းသွားတဲ့အစိုးရကိုလည်း မထိရဘူး၊ တက်သွား တဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေမပေးရဘူး၊ အားလုံးဟာမျှတတဲ့ အခြေခံအပေါ်မှာတည်ရှိရ
(ဟံသာဝတီဦးဝင်းတင် )
ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။
...အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။
ဗိုလ်ချုပ်မှူးကြီးကတော့ တခေတ်မှာတယောက် ထွန်းပေါက်သူလို့ ပြောရင်ရပါတယ်။ တိုင်းပြည်တခုလုံးကို ငြိမ်ဝပ်ပိပြားအောင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ အုပ်ချုပ်နိုင်ခဲ့တယ်။ ကမ္ဘာပေါ်မှာ ဘယ်အာဏာရှင်မှ မလုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအာဏာရှင်တွေ ခွေးပြေးဝက်ပြေး ပြေး၊ ခွေးသေ၀က်သေ သေနေတဲ့အချိန်မှာ သူက အေးဆေးပဲ။ သူနဲ့ သူ့အုပ်စုကို အရေးယူလို့မရတော့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့တယ်။ အာဏာကို စိတ်ချလက်ချ လွှဲပြောင်းပေးခဲ့တယ်။ မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် တင်ပေးခဲ့တယ်လို့ ပြောရင်ရလောက်တယ်။ အတိုက်အခံပါတီကြီးတခုတောင် နောက်ပိတ်ဆုံး သူ့လမ်းကြောင်းအတိုင်း လိုက်သွားရတာ လူတိုင်းအသိ။ နောက်ဆိုရင် ဗိုလ်ချုပ်မှူးကြီးဟာ ဒီမိုကရေစီဖခင်ကြီး ဆိုပြီး တင်စားခံရလောက်တယ် ... အဟက် အဟက်။ မတထောင်တကောင်ဖွား ဗိုလ်ချုပ်မှူးကြီးပါ။ ဘယ်သူ သူ့လောက်တော်မယ်ထင်သလဲ။
If Daw Su is mother of Democracy,he is the father of democracy.
We should call him Maha Than Shwe, starting from today.
But we should also remember Tun Kyi's Lifetime President at the socall Garuna Foundation.
Its was a big joke of those times.
Later people call Tun Kyi as Myauk Pho Sein.
၂၀၀၈ နဲ့ ၂၀၁၀ တုန်းက ပေါက်တတ်ကရ vote no သာ မလုပ်ခဲ့ရင် ပြည်သူတွေစောစောစီးစီး စိတ်ချမ်းသာရမှာ NLD ကဘိုးတော်တွေက ဒေါ်စုမရှိရင်ဘာမှ မလုပ်တတ် ကြဘူး...သူရဲကောင်းကိုးကွယ်မှုကိုစွန့်လွတ်ပြီး လွတ်လွတ် လပ်လပ်တွေးခေါ်နိုင်ရင်ဒီ့ထက်ပိုတိုးတက်မှာပါ...အခုလဲ NLD ၁၉၉၀ တုန်းကလို ၀က်ဝက်ကွဲနိုင်မယ်ထင်နေကြရင် မှားမယ်...ပညာတတ် အသိုင်းအ၀ိုင်းတွေထဲမှာ
NLD ရဲ့ ရှေ့နောက်မညီတဲ့ ပြောဆိုမှုတွေနဲ့ ငါတကောကော နေတာတွေကို တော်တော်
စိတ်ပျက်နေကြတယ်ဆိုတာ analysis လုပ်ကြည့်ရင်ပိုရှင်းမှာပါ..အောက်ခြေလူထု
(Grass Root) ကတော့ NLD ဘာလုပ်လုပ်ကောင်းနေမှာ သံသယမရှိပါဘူး....
၂၀၀၈ နဲ့ ၂၀၁၀ တုန်းက ဆန့်ကျင်ခဲ့တယ်...
အခု ၂၀၁၂မှာဗြုံးဆိုပြီးတော့ ရွေးကောက်ပွဲ
ထ၀င်တယ်....အစိုးရက ဥပဒေတွေကို NLD တောင်းဆိုတဲ့အတိုင်းပြင်ပေးခဲ့လို့ဝင်တာလား
NLD ဘာပဲလုပ်လုပ်
မျက်စီမှိတ်ပြီးထောက်ခံနေကြတာလား?
Criticism ဝေဖန်ထောက်ပြတာတွေ မရှိဘူးလား
လုပ်ခွင့်မရှိတာလား........
ပြည်သူကို ရှင်းပြသင့်တာတွေရှင်းဖို့ NLD မှာ တာဝန်ရှိတယ်..အထူးသဖြင့် ဦးဝင်းတင်/ဦးညဏ်ဝင်း
တို့အနေနဲ Vote No ကိုတက်ကြွစွာဆောင်ရွက်ခဲ့လို့
ကြံ့ဖွံ့ကိုထောက်ခဲမဲပိုရစေခဲ့တာတွေကိုရှင်းပါ.
Vote
NO VOTE လှုပ်ရှားမှု ကို ကြံ့ခိုင်ရေးပါတီက ပိုက်ဆံထုတ်ပေး
ဤ သို့ဖြင့် ကျွန်ုပ်တို့ပါတီ၏ ဥက္ကဌ ဖြစ်သော ဦးကောင်းမြင့်ထွဋ်သည် ရွေးကောက်ပွဲNO VOTE သမား များအား ဆန့် ကျင်၍ တောင်ဥက္ကလာပမြို့နယ်မှ ရဲဝံ့စွာဖြင့်ရွေးကောက်ပွဲဝင်ခဲ့သည်။ ရွေးကောက် ပွဲဆန့်ကျင်သော NLD ၏နောက် လိုက်နောက်ပါများက ဦးကောင်းမြင့်ထွဋ် မဲဆွယ်ရာနောက်သို့လိုက်၍ NO VOTE စာရွက်များ လိုက်လံဝေငှကြ၏။ ထို NLD ၏ နောက်လိုက်များ ထိုသို့ ဒုက္ခပေးနိုင်ရန် ကြံ့ခိုင်ရေး ပါတီက ပိုက်ဆန်ထုတ်ပေးခဲ့၏။ NO VOTE လုပ်လျှင်သူတို့ ကြံ့ခိုင်ရေးပါတီသာ အနိုင်ရမည်မဟုတ်ပါလား။
NO VOTE လုပ်ငန်းများကြောင့် ရွေးကောက်ပွဲဝင် လုပ်ငန်းများအား ကြီးကြပ်ရန် မဲရုံကိုယ်စားလှယ်များ မရနိုင်ဖြစ်ရသည်။ မဲရုံတစ်ရုံလျှင် မဲရုံကိုယ်စားလှယ်တစ်ဦး ကျစီဖြင့် မဲရုံ ၂၀၀ ကျော်အတွက် ကိုယ်စားလှယ် ၂၀၀ ကျော် မထားနိုင်ခဲ့တော့ပါ။ ဤသို့ဖြင့် ကြံ့ဖွတ်တို့ စိတ်တိုင်းကျ မဲခိုးခွင့် ရခဲ့၏ ။ မဲများ လဲလှယ်ခွင့်ရခဲ့၏။ NO VOTE ဟူသော မူဝါ ဒအမှား တစ်ရပ်ကြောင့်ပြည်သူ့မဲများဆုံးရှုံးခဲ့ရ သည်။ ပါတီပျက်ခဲ့ရသည်။ နောက်ရွေးကောက်ပွဲတစ်ခုသို့ရောက်ရန် ၅ နှစ်စောင့်ခဲ့ရလေပြီ။ ကြားဖြတ်ရွေး ကောက်ပွဲဆိုသည်မှာ နေရာအနည်းငယ်မျှသာဖြစ်၏။
ဤသို့ဖြင့် မြန်မာဒီမိုကရေစီကွန်ဂရက် အဖျက်သိမ်းခံခဲ့ရသည်ဖြစ်၍ ကျွန်ုပ်တို့ပါတီမှ ဥက္ကဌ ဦးကောင်းမြင့် ထွဋ်နှင့် အဖွဲ့များ မြန်မာအမျိုးသားကွန်ဂရက်ကို ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ပါတီသစ် အဖြစ် မှတ်ပုံတင် ရန် ကြိုးစားခဲ့၏။ မြန်မာဒီမိုကရေစီကွန်ဂရက်အား ပြည်ပ စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်သော မဟာမိတ်ပါတီအဖြစ်သာ ရပ်တည်ခဲ့သည်။
ပါတီစုံဒီမိုကရေစီစနစ်တွင် ဦးဆောင်ပါတီမရှိ ပြိုင်ဘက်ပါတီသာရှိ
ပါတီ ၂ ရပ်စလုံးကို တည်ထောင်သူများမှာ ၁၉၈၈ ကျောင်းသားဟောင်းများဖြစ်၏။ ကျောင်းသား များ အဖြစ်ထက် နိုင်ငံရေးသမားများ အဖြစ် ခံယူပြီး ပါတီခေါင်းဆောင်အဖြစ်သို့ ပြောင်းလဲတာဝန်ယူကြသည်။ ဤ သို့ဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက် သည်မှာ မှားယွင်းသောမူဝါဒ ဖြစ်သည့်အလျှောက် အချိန်လွန်မှ အမြင်မှန် ရလာကြသော NLD မှ အဖိုးအိုတစ်သိုက် ဒေါ် အောင်ဆန်းစုကြည် ၏ အရှိန်အ၀ါကို သုံး၍ ပါတီထောင် ခြင်း ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း တို့အား လုပ်ဆောင်လာကြသည့် အခါလည်းဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ NLD ဟူသော နာမည်ကြီး ပါတီနှင့် ရွေးကောက်ပွဲတွင် ထိပ်တိုက်တွေ့ရဦးမည်ဖြစ်ပေသည်။
ပြည်သူများ သိရမည့် အချက်မှာ ဒီမိုကရေစီလောက တွင် ဦးဆောင်ပါတီဟူ၍ မရှိပဲ ပါတီစုံတို့သည် ပြိုင်ဘက်သာလျှင်ဖြစ်ကြကုန်၏။ မဲထဲ့ကြမည့် ပြည်သူတို့သည် မိမိတို့မဲထဲ့မည့် ပါတီ၏ မူဝါဒ နှင့် မိမိ တို့မဲထဲ့မည့် လွတ်တော်ကိုယ်စားလှယ်လောင်း၏ အရည်အချင်း နှင့် မူဝါဒကိုသာ အကဲဖြစ်ရလေ့ရှိပါသည်။ NLD ပါတီအား ဦးဆောင်ပါတီဟု သုံးနှုံးနေခြင်းမှာ မှားယွင်းခြင်းမျှသာဖြစ်ပါ၏။ NLD ခေါင်းဆောင်များက မသိချင်ယောင် ဆောင်ပြီး သူတို့ပါတီသာလျှင်ဦးဆောင်ပါတီဖြစ်သယောင် ခေါင်းဆောင်ပါတီဖြစ်သယောင် ရောချနေကြ၏။
http://myanmardemocracycongress.blogspot.com/
ဒေါ်စုကို ဝေဖန်တဲ. ကောမန်. ဆို ခင်ဗျား သေချာပေါက် တင်ပြီ....ခင်ဗျားကို ဝေဖန်ရင် တင်မပေးဘူး...အဲတော. ခင်ဗျား ဒေါ်စုကို ၀န်းရံမယ်ဆိုတာ ဘယ်လိုယုံရမလဲ...ခင်ဗျား အတွင်းစိတ်က ဒေါ်စုကို ဆန်.ကျင်နေတာအသိသာကြီးပဲ....ဟန်ဆောင်မနေပါနဲ.ဗျာ..အရှိအရှိအတိုင်းပေါ..
Post a Comment