“အမျိုးသားပြန်လည်သင့်မြတ်ရေး အခွင့်အလန်းနဲ့ စိန်ခေါ်မှု့ ”
ကိုမိုးသီးဇွန် မိန့် ခွန်း
လေးစား ရတဲ့ ညီအကိုမောင်နှမအပေါင်းတို့ ခင်ဗျား
၂၃နှစ်လုံးလုံးမလျှော့သောသတ္တိတွေနဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့မင်းကိုနိုင်နဲ့ ရဲဘော်တွေကိုချီးကြူးဂုဏ်ပြုကြောင်းပထမဦးဆုံးထုတ်ဖေါ်ပြော
ကြားလိုပါတယ်။၂၃နှစ်လုံးလုံးဇွဲလုံးလမလျှော့တမ်းတိုက်ပွဲဝင်ခဲ့ကြတဲ့တောထဲကရဲဘော်တွေ၊ပြည်တွင်းပြည်ပကရဲဘော်တွေကိုချီးကြူး
ဂုဏ်ပြုလိုပါတယ်။ မင်းကိုနိုင်နဲ့ ရဲဘော်တွေကိုလွတ်ပေးတဲ့ အတွက်ဦးသိန်းစိန်အစိုးရကိုကျေးဇူးတင်တယ်။ ကျန်ရှိနေတဲ့အကျဉ်းသား
တွေကိုလဲအမြန်ဆုံးပြန်လွတ်ပေးမယ်လို့ယုံကြည်တယ်။ကျနော်တို့အလွန်စိတ်ချမ်းသာတယ်။ပျော်ရွှင်ရပါတယ်။ကျနော်ရဲ့ပျော်ရွှင်မှု့ကို
အားလုံးကိုမျှဝေပါတယ် ။ကျနော့်ပျော်ရွှင်မှု့အတွက်တဖက်သားကိုမျှဝေလို့ကျနော်လျော့သွားတယ်ဆုံးရှုံးသွားတယ်လို့ကျနော်မယူဆ
ဘူး။ ကျနော်တို့ရဲ့ပျော်ရွှင်မှု့နဲ့ယုံကြည်ချက်တွေက ဘယ်သူကိုမှမနှောက်ယှက်ဘူး။ခြိမ်းချောက်မှု့တွေလက်စားချေမှု့တွေမရှိဘူး။အနာ
ဂါတ်မြန်မာနိင်ငံဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးအမျိုးသားပြန်လည်သင့်မြတ်ရေးတွေအတွက်ကျနော်တို့ဆက်လက်ကြိုးပန်းသွားမယ်။ကျနော်
်ုပြည်တွင်းကိုပြန်လာပြီးမြန်မာ့ နိင်ငံရေးဖြစ်စဉ်မှာကြိုးပန်းဆောင်ရွက်နိုင်ဖို့ ပြန်လည်ဖိတ်ခေါ်တဲ့ ပြည်ထဲရေးဝန်ကြီးဦးကိုကို ကိုလည်းခု
လိုဖိတ်ခေါ်တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ကျနော်ပြောချင်ပါတယ်။ရဲဘော်တို့ ခင်ဗျား မြန်မာပြည်ဟာလမ်းဆုံလမ်းခွတခုကိုရောက်
ရှိနေပြီဖြစ်ပါတယ်။ လမ်းတခုက သုခမြို့ သို့ ခေမာလမ်း ဖြစ်တယ် ။ တခုက ဒုက္ခ မြို့  သို့  အသူရာ လမ်း ဖြစ်တယ်။ ဘယ်လမ်းကိုရွေး
မလဲ။ ခေမာလမ်းမှာ အခွင့်အလန်းတွေ (Opportunity ) ရှိတယ်။အသူရာလမ်းမှာ ၀မ်းနည်းပူဆွေးခြင်း (Miseries ) တွေရှိနေတယ်။ ကျနော်တို့ ဘယ်လမ်းကိုရွေးမလဲ ။
ကျနော်ယုံကြည်တယ်။အားလုံးဟာခေမာလမ်းကိုပဲရွေးချင်ကြမှာပဲ။အသူရာလမ်းဟာဘယ်လိုလဲကျနော်အထူးရှင်းပြစရာမလိုတော့ဘူး။
ကျနော်တို့မြန်မာပြည်ဟာငရဲမြို့မှာနှစ်ပေါင်း၆၀တိုင်ခဲ့ပါပြီ ။ဒါကြောင့်အသူရာမြို့ကိုသွားရာဆင်းရဲမွဲတေခြင်းဒုက္ခလမ်းကိုဆန်ကျင်လိုက်
ကြပါပြီ လို့ အတိအလင်းပြောချင်ပါတယ်။ ခေမာလမ်းဟာ ပျှော်ရွင်မှုတွေ၊ သုခတွေ ၊ မနက်ဖြန်အတွက်မျှော်လင့်ချက်တွေ ပြည့်နှက်နေ
တယ်။ ဒီလမ်းက အဆိုးဆုံးလမ်းမှာတောင် အကောင်းဆုံးအိမ်မက်ရှိနေတယ်။ ဒါကြောင့် လမ်းဆုံးရင်တော့ပန်းပေါင်းဝေဆာနေတဲ့သုခ
မြို့ တော်ကိုကျနော်တို့ ရောက်မယ်။ ဒီနေ့  ဦးသိန်းစိန်အစိုးရထဲက တာဝန်ရှိသူတွေဟာ သုခမြို့ တော်သို့ ဦး တည် ရာကနေနောက်ပြန်မ လှည့်ပဲ ဆက်လက်လျှောက်လှမ်းကြပါလို့ ကျနော်တိုက်တွန်းလိုပါတယ်။ ဒီလမ်းမှာအခွင်းလန်းတွေရှိနေတယ်။ စိန်ခေါ်မှုတွေလဲရှိနေပါ
တယ်။ အခွင့်အလန်းတွေကိုများများရအောင်ကျနော်တို့လုပ်ရမယ်။စိန်ခေါ်မှုတွေကိုနည်းနိင်သမျှ နည်းအောင်လုပ်ဖို့ တိုက်တွန်းလိုတယ်။ Maxime profit ပေါ့ minimize risk ပေါ့ ။
အခွင့်အလန်းတွေများများရဖို့ ဆိုရင်
၁- အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ရပါမယ်။
နိင်ငံရေးအသို်က်အမြုံ ဖြစ်တဲ့နိင်ငံရေးအင်အားစုတွေအားလုံးပါဝင်အောင်ဖိတ်ခေါ်မှု ( All Inclusive) တွေလုပ်ပါလို့ တိုက်တွန်းလိုတယ်။
၂- ငြိမ်းရေး(Peace ) တည်ဆောက်ရပါမယ်။ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေး ။
ကမ္ဘာမှာ မြန်မာပြည်ဟာ ပြည်တွင်းစစ်သက်ဆိုးအရှည်ဆုံးနိင်ငံတခုဖြစ်နေတယ်။စစ်ကြောင့် လူတွေသေနေတယ်။ ငွေတွေကုန်နေတယ်။ နိင်ငံတော်ရဲ့  အဆောက်အအုံ (Infrastructure) တွေပျက်စည်းယိုယွင်းကုန်တယ်။ဒါကြောင့်ပြည်တွင်းငြိမ်းချမ်းရေးကိုဖြစ်တဲ့နည်းနဲတည်
ဆောက်ရမယ်။
၃- တရားဥပဒေစိုးမိုးရေး
မာတင်လူသာကင်းပြောသလို တစုံတရာမှာဖြစ်နေတဲ့ မတရားမှုတွေက နေရာအနှံအပြားမှာဖြစ်နေတဲ့ တရားမျှတမှု့တွေကို ခြိမ်းချောက်
နေတယ်။ legislative Reform ကိုအမြန်ဆုံး လုပ်ရပါမယ်။
၎- အစိုးရယန္တရားကို ပြန်လည်ပြုပြင်ရေး
Administration Reform လုပ်ရပါမယ်။အစိုးရယန္တရားအဆင့်အဆင့် မှာလဒ်စားမှု့တွေ၊ မောက်မာမှု့တွေ၊ညံဖြင်းမှူ့တွေအရည်အခြင်းမ ပြည့်ဝမှူ့၊မလိုလားအပ်တဲ့ကြိုးနီစနစ်တွေနှောင့်နှေးကျန့် ကြာမှု့တွေကိုကျနော်တို့ ပြုပြင်ရပါမယ်။ ပြုပြင်လိုစိတ်ရှိရပါမယ်။ပျက်စည်း ယိုယွင်းနေတဲ့အစိုးရယန္တရားနဲ့ကျနော်တို့ခေမာလမ်းကိုဘယ်နည်းနဲ့မှအချိန်မှီရောက်မှာမဟုတ်ဘူး။
၅- မြေယာပြန်လည်နေရာချရေး
Land Reform လုပ်ရပါမယ်။ မြန်မာနိင်ငံရဲ့ အရွယ်အစား( Size)နဲ့ လူဦးရေ(Population ) ဟာလုံလောက်မှု့ရှိနေသေးတယ်။ ဒါပေမဲ့ ကျနော်တို့ လူအများစုဟာ မြေယာမဲ့ဘ၀ကိုရောက်နေတယ်. ကျနော်တို့ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ဖို့ အတွက်ဘာတွေရှိသ လဲလို့ကျနော်ဆင်ခြင်ကြည့်တဲ့အခါမှာ မြေ နဲ့ လူသားအရင်း အမြစ်နှစ်ခုသာကျန်ရှိတော့တာကို ၀မ်းနည်းစွာတွေ့ ရတယ်။ကျနော်တို့မှာ နည်းပညာနဲ့  ဘီလီယံ နဲ့ချီတဲ့ ဒေါ်လာ တွေလို နေတယ်.။ ဒါတွေကျနော်တို့ မှာ မရှိဘူး ။မြေကြီးနဲ့လုပ်အားသာကျနော်တို့ မှာရှိတော့ တယ်။ ဒါဟာဝမ်းနည်းစရာစိုးရိမ်စရာမရှိဘူး ။ ခေါင်းဆောင်ကောင်းအောက်မှာ ဒီမြေနဲ့လုပ်အားဟာချမ်းသာကြွယ်ဝမှုကို ပြောင်းလဲနိင် တယ်။ ဒါကို ကျနော်အာမခံတယ် ။ အခုတော့ မြန်မာနိင်ငံမှာမြေအများစုကိုလူနည်းစုကပဲပိုင်နေတယ်။ဒါကတကယ်ဝမ်းနည်းစရာပါ ။ ၁၉၃၀ကဆရာစံလယ်သမားအရေးတော်ပုံကြီးရဲ့ အဓိက ပြသနာဟာတိုင်းရင်းသား လုပ်သားပြည်သူတွေမှာမြေမရှိတော့တဲ့ပြသနာပါ။ အရေးတော်ပုံကြီးပြီးလို့ နှစ်ပေါင်း၈၂နှစ်ရာစုတခုနီးပါးအကြာမှာ ကျနော်တို့ မှာဘာရှိသလဲ။ဘာမှမရှိတော့ဘူးဆိုတာကိုတွေ့ရတယ်။ မြေကြီးဟာအရေးကြီးတယ်။ မြေကြီးကလာပြီးမြေကြီးဆီမှာခရီးဆုံးတဲ့ လူသားရဲ့ ယဉ်ကျေးမှု့ဖြစ်စဉ် သမိုင်းဖြစ်စဉ်ဟာ မြေကြီးအတွက် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်။ ဒါကြောင့်မြေကြီးဟာ အရေးကြီးတယ်။ နိင်ငံတနိင်ငံကြီးပွားချမ်းသာဖို့ မြေယာပေါ်လစီဟာအလွန်အရေး ကြီးလာတယ် ။လူတိုင်းမြေပိုင်ခွင့်ရှိပါစေ။လူတွေကိုမြေယာတွေခွဲဝေပေးရေးဟာမြန်မာပြည်သုခမြို့ တော်ကိုတည်ဆောက်ရေးအတွက် အဓိကပြသနာလို့ ကျနော် ဆိုပါရစေ။
၆- ဈေးကွက်ကို အမြန်ဆုံးပြန်လည်ပြုပြင်ရေး
(Market Reform) အခု ဦးသိန်းစိန်အစိုးရဟာအတိုက်အခံဒီမိုကရေစီအင်အားစုတွေနဲ့ပြေလည်ရေးတွေလုပ်ဆောင်နေတာတွေရတယ်။ ကောင်းတယ်။တိုင်းရင်းသားတွေနဲ့ အပြစ်ခတ် ရပ်စဲရေးတွေလုပ်ဆောင်နေတယ်။ မှန်တယ် ။ ဒါပေမဲ့ဘာကြောင့်ကိုယ်ပြည်သူတွေနဲ့ အ ပြစ်ခတ် ရပ်စဲရေး ပြေလည်ရေးကို မလုပ်ရဲဖြစ်နေတာလဲ ။ ဈေးကွက် စီးပွားရေးစနစ်ကို ပီပြင်အောင် လုပ်နေတယ်ပြောတယ် ။ ဒါပေမဲ့ ဈေးကွက်ဟာ တခါးဖွင့်စီးပွားရေးစနစ် (Open Market ) မဟုတ်ပဲ လက်ဝါးကြီးအုပ်ဈေးကွက်စီးပွားရေးစနစ် (Monopolized Market) ကိုဆက်လက် ကျင့်သုံးနေတယ်။ equal opportunities မရှိဘူး ဖြစ်နေတယ်။ Financial Reform လုပ်ဖို့ဦးမြင့်တို့ လိုစီးပွားရေးပညာ ရှင်တွေကထောက်ပြခဲ့ပေမဲ့ ခုထိအရိပ်အယောင်မတွေ့ သေးဘူး ။ မြန်မာ့ စီးပွားရေးအထိနာခဲ့တာ အမေရိကန်နဲ့အနောက်နိင်ငံတွေက ပိတ်စို့ ဒဏ်ခတ်မှု့ဆိုတာထက် လက်ဝါးကြီးအုပ်ဈေးကွက်စနစ်ကို ကျင့်သုံးတာရယ် ပြည်တွင်းဈေးကွက် (Local Market)ကိုကျမ္မာသန် စွမ်း အောင် မလုပ်နိင်တာတွေက အဓိကအခြေခံပါ ။ ဈေးကွက်ကို အမြန်ဆုံးပြုပြင်နိင်အောင် ကြိုးပန်းနိင်မှာသာ သန်း၅၀သောပြည်သူ တွေနဲ့ပဓိပက္ခ (Conflict) ကိုချုပ်ငြိမ်းစေရာကျမယ်လို့ ပြောချင်ပါတယ်။
၇- Bills of Rights - မူလရပိုင်ခွင့်များ
အမေရိကန်နဲ့အနောက်နိင်ငံတွေကမြန်မာ့ပြည်ကိုစီးပွားရေးပိတ်စို့ မှု့တွေလုပ်လာတာဟာ လူအခွင့်အရေးချိုးဖေါက်လို့ဖြစ်တယ်။အမျိုး သားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာ လွဲပေးဖို့ သူတို့ ပြောနေတာမဟုတ်ဘူး။လူ့အခွင့်အရေးကိုလေးစားလိုက်နာပါ။ အစိုးရရဲ့လုအခွင့် အရေးမှတ်တမ်းဟာ စီးပွားရေးပိတ်စို့ မှု့ရဲ့ အဓိကအကြောင်းရာပါ။ လူအခွင့်အရေးချိုးဖေါက်မှု့ တွေကနေရာအနှံပြားမှာ ဆက်လက်ဖြစ် ပေါ်နေသေးတယ် ။အချို့ သောအမှုတွေဟာ အစိုးရပေါ်လစီက လူအခွင့်အရေးပေါ်မှာအလေးထား ဆောင် ရွက်မှု့ မရှိတာကြောင့်မဖြစ် သင့်တဲ့အကျိုး ဆက်တွေကိုရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ဒါကအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုအပိုင်း ။ နောက်တခုကတော့ မြန်မာ့ လူ့အဖွဲ့အစည်းကိုယ်တိုင်က လူ့အခွင့်အရေးကိုအလေးမထားသေးတဲ့အပိုင်းဒါကအလွန်ကျယ်ပြန်နက်ရှိုင်းတဲ့အပိုင်းဖြစ်နေတယ်။လူအ ခွင့်အရေးကို အလေးမထားတန်ဖိးု မထားတာဟာအာဏာရှင် ယဉ်ကျေးမှု့၊ဒီယဉ်ကျေးမှု့ကမြန်မာ့လူအဖွဲ့ အစည်းမှာအခိုင်အမာအမြစ် တွယ်နေတယ်။ ဒါကြောင့် အာဏာရှင်စနစ်ဟာ မြန်မာနိင်ငံမှာ သက်ဆိုးရှည်နေရခြင်းဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကနိင်ငံခြားကလာ တာမဟုတ်ဘူး ။ကျနော်တို့လူအဖွဲ့ အစည်းကမွေးဖွားလိုက်တာ၊အာဏာရှင်စနစ်ဟာ မိသားစုမှာ ၊ကျောင်းမှာ၊ ဘုန်းကြီးကျောင်းတွေမှာ ရပ်ကွက်ကျေးရွာတွေထဲမှာကိုရှိနေတယ်။ဒါဟာကျနော်တို့ ရဲ့မကောင်းတဲ့ယဉ်ကျေးမှု့ဖြစ်တယ်။ဒါဟာဗီဇမဟုတ်ပါဘူး။ဒါကြောင့်ကျနော် တို့ ပြုပြင်လို့ ရနိင်ပါတယ်။ ဒါတွေကို၁၉၄၇ ၊ ၁၉၇၄ နဲ့ ၂၀၁၀ အခြေခံဥပဒေတွေမှာပြဌာန်းထားတယ် ။ ၁၉၄၇ တုန်ုးကတော့ကျင့်သုံးခဲ့ သေးတယ်။ နောက်ပိုင်းအစိုးရတွေကတော့ လုံးဝကျင့်သုံးမှု့မရှိတော့ဘူး။ ကျင့်သုံးမှု့မရှိတော့တာကအဓိကပြသနာဖြစ်နေတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ နတ်လူသာဓုခေါ်စေတဲ့ လုပ်ငန်းဖြစ်တယ်။ သုခမြို့တော်သို့  ပထမခြေလှမ်းဖြစ်တယ် ။မိုင်းပေါင်း များ စွာသော ခရီးကို ပထမ ခြေလှမ်းက စခဲ့ရတယ်ဆိုတဲ့ တရုပ်စကားပုံလိုပဲ ကျနော် တို့ ရှေ့ ဆက်နှစ်ပေါင်းများစွာတည်ဆောက်ရဦးမဲ့ နိင်ငံတော်သစ်ကြီးအတွက် ပထမ ခြေလှမ်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးပါ ။ ဒါကို ဘယ်လောက်လုပ်မယ်မလုပ်ဘူး ဆိုတာဒီ ပတိပက္ခမှာပါဝင်ပတ်သက်နေတဲ့ နိင်ငံရေးအင်အားစုအားလုံးရဲ့  နိင်ငံရေးသံဓ္ဒိဌါန်ပဲဖြစ်တယ်။ ဒီသံဓ္ဒိဌါန်မရှိပဲနဲ့ ကျနော်တို့ ဘာမှလုပ် လိုမရဘူးဆိုတာသတိပေးလိုတယ်။
၂၀၀၈ အခြေခံဥပဒေဟာ ပြုပြင်ရမဲ့ လုပ်ငန်းစဉ်ပါ။ အမေရိကန်အခြေခံဥပဒေဟာအကြိမ်ပေါင်း၂၀ကျော်ပြင်ဆင်ခဲ့တယ်။ မြတ်စွာဘုရား ကပရိနိဗ္ဗာန်ပြုခါနီးမှ ခုရကနိကယ်တွေကိုသံဃာတွေသဘောတူညီရင်ပြင်ဆင်နိင်တယ်လို့တောင်အခွင့်ပေးခဲ့တယ်။အရာခတ်သမ်းဟာ ဘာမှမတည်မြဲဘူး။ ပြောင်းလဲမှုတွေရှိနေတယ်။ မကောင်းတာ မှန်းသိရင် ပြောင်းလဲ နိင်စွမ်း ရှိတာဟာ ခေါင်းဆောင်ကောင်းတွေရဲ့အ ရည်အချင်းပါ ။ သမိုင်းမှာကောင်းမှု့ကိုလုပ်ဆောင်ဖို့ အတွက် အချိန်နှောင်း တယ် ဆိုတာ မရှိပါဘူးလို့  ပြောကြားရင်း နိဂုံးချုပ်ပါတယ်။
( ၂၀၁၂ခုနှစ် ၊ဇန် န၀ါရီလ၊ ၂၂ ရက်၊ တိုကျို၊ ဂျပန်နိင်ငံ )
By နီတွတ်
5 comments :
အခုဟာက တံတားကရွေ့နေတာလား၊ နင့်စိတ်ကရွေ့နေတာလား၊ ရှင်းခဲ့ပါအုံး။
ငါလိုးမသားတွေ ကိုမိုးသီး ဆို မကောင်းဖို့ ပဲ မြင်နေကြတယ် ကိုမိုးသီးလောက်စာတတ်မယ်ဆို ငါမပြောချင်ပါဘူး...မကောင်းမြင်တဲ့ မြန်မာတွေ အကျင့်ကိုဖျောက်တတ်အောင် အရင်လုပ်ကြအုံး..
ညီမလေးရေ
အိမ်ပြန်မလာနဲ့အုံး။ ရပ်ကွက်ထဲမှာ ငမိုး မူးပြီး ရမ်းကားနေလို့။ လမ်းမတော်ဖိုးတုတ်တိုက်တဲ့ အရက်သောက်ပြီး လူမှန်းမသိအောင် မူးနေတာ...တဲ့။
ကိုမိုးသီးတယောက် ရွေ့သွားတဲ့ တံတားပေါ် ပါသွားပြီ.........
ပနာယူတာ ဘာမှမဟုတ်ဖူး မလွတ်ခင်တုန်းက အော် လို့ကောင်းတယ်လေ ... ခုလွတ်သွားတော့အော်စရာပျောက်နေတာ ...ဟားဟား
Post a Comment