Monday, 16 January 2012

ရွှေညဝါဆရာတော်ကြီးအား လာမည့် ၁၉ ရက်နေ့ တွင် တိုင်းသံဃာ့နာယကမှ ပင့်ခေါ်စာပေးပို့ 


ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် သာဓုပရိယတ္တိ စာသင်တိုက် (ရန်ကုန် ဗုဒ္ဓတက္ကသိုလ်) အကျိုးတော်ဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးအား လာမည့် ၁၉ ရက်နေ့ တွင် တိုင်းသံဃာ့နာ
ယကမှ ဆင့်ခေါ်စာပေးပို့ ထားသည်ဟု သိရှိရသည်။
အသနားခံစာအား တိုင်းသံဃမဟာနာယကမှ  ပြည်တွင်း၊ပြည်ပမှ မေတ္တာရပ်ခံ တောင်းဆိုနေ
သည့်ကြားမှ အသနားခံစာအား ပယ်ချခဲ့ပြီး ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်
ကိစ္စဆိုပြီး ပင့်ခေါ်ထားပါသည်။မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားဆုံးမခဲ့သော ဗုဒ္ဓတရားတော်များကို ကိုးကား၍ယနေ့ ခေတ်ပြည်သူပြည်သားများအား သဘာဝတရားများနှင့် မမြဲသောအနိစ္စတရားများကို ဥပမာပေး၍ ဆင်ချင်တုံတရားများကို ရွှေညဝါဆရာတော်ကြီးက
ဟောကြားဆုံးမတော်မူလေ့ရှိသည်။
မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် တရားဟောကြားခဲ့မှု အမျိုးသားခေါင်း
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးနိုလ်ဘယ် ဆုရရှိခြင်း ၂၀နှစ်ပြည့်အခမ်း
အနား နိုင်ငံရေး ကျောင်းသားများ သာဓုပရိယတ္တိ စာသင်တိုက်တွင် အလှူဒါနများပြုလုပ်ခဲ့ခြင်း
များကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ နိုင်ငံတော်အစိုးရ၏ ညွန်ကြားချက်အရ အ
ရေးယူဆောင်ရွက်ရန် ပြုလုပ်နေခြင်းသည် ပြည်သူများက ချစ်ခင်ကြည်ညိုကြသော ပုဂ္ဂိုလ်များ
အား စစ်အာဏာရှင်တို့ ၏ အရေးယူဆောင်ရွက်ခြင်းနှင့် ထူးမခြားနားပေ။
အဖြစ်မရှိအဖြစ်ရှာ၍ သံဃမဟာနာယကအဖွဲ့အား အစိုးရသစ်မှ ဖိအားပေးဆောင်ရွက်နေခြင်း
သည် ဗုဒ္ဓတရားတော်နှင့်မညီပါ သတ္တ၀ါများအား ကယ်တင်ရာမရောက်ဘဲ တိုင်းပြည် အမျိုး
ဘာသာ သာဿနာကို ချစ်မြတ်နှိုးသော ပုဂ္ဂိုလ်တို့ အား လျစ်လှုရှု့ ရာရောက်ပေသောကြောင့်
သံဃမဟာနာယကအဖွဲ့မှ ပြည်သူတို့ ၏ မေတ္တာရပ်ခံလျှောက်ထားခြင်းကို ဓမ္မတရားလက်ကိုင်
ထားကာ သန့် ရှင်းသော သာဿနာ အတွန့် ရှည်ရန် မေတ္တာဖြင့်ဆုံးမသြ၀ါဒနှင့်သာ ဆောင်ရွက်
သင့်ပါကြောင်း တင်ပြရှောက်ထားအပ်ပါသည်။

No comments :