Tuesday 3 January 2012

လွှတ်ပေးပါမယ်ပြောပြီးမှာ မလွှတ်ပေး နိင်တာဟာ ဦးသိန်းစိန်ကို ဘယ်သူက ချုပ်ကိုင်ထားလို့ လဲ

နိင်ငံရေးအကျဉ်းသား တွေကို မလွှတ်ပေးတာဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့သဘောပဲ။
ဦးသိန်းစိန် ၊ ဦးရွှေမန်း၊ ဦးအောင်မင်းတို့  လူတွေကို  ရှင်းပြရလိမ့်မယ်။ သူတို့ ကို လူထုက ယုံကြည်မှုကျဆင်း
စေတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်စုတွေ့ တော့ သူက နိင်ငံရေးအကျဉ်းသားတွေလွှတ်ပေးပါမယ်လို့ ပြောခဲ့တယ်။ ဒေါ်စုကလဲ
သမတကြီးကိုယုံတယ်လို့ ပြောခဲ့တယ်။ 
ဦးရွှေမန်းက ဟီလာရိကလင်တန်နဲ့  တွေ့ တုံးက အကုန်လုံးကိုအမြန်ဆုံးလွှတ်ပေးမှာပါလို့  ပြောခဲ့တယ်။
သူလေသံက တခုခုကိုဖုံးကွယ်နေရတဲ့ပုံတော့ပေါက်နေပေါမယ်။ ဒီလူမလိမ်လောက်ဘူးလို့  လူတွေက ယူဆခဲ့ကြတယ်။

ဦးအောင်မင်းက ကိုနိင်အောင်နဲ့ တွေ့ တုံးက နိင်ငံရေးအကျဉ်းသားတွေကိုအကုန်လွတ်ပေးမယ်။ ဗိုလ်ချုပ်ခင်ညွန့် ကိုပါ လွှတ်မလို့ ပါ။ ဟီလာရီကလင်တန်လာလို့  နှောင့်နှေးသွားရတာပါလို့ ပြောတယ်။


သူတို့ လုပ်ကိုင်ခွင့် မရှိရင် ကာလုံရဲ့ ထိမ်းချုပ်မှု
အောက်မှာ အစိုးရက ရောက်နေတယ်ဆိုရင် လူထုကိုရှင်းရှင်းလင်းလင်းသူတို့ ချပြရမယ်။  မပြောရင်သူတို့ ဟာ နှစ်ဖက် ကြားညပ်မယ်။ ဦးခင်ညွန့် လို ဇတ်သိမ်းမယ်။
သူတို့ ထုတ်မပြောရင်သူတို့ ဟာ မရိုးသားတဲ့ သူတွေလို့ သတ်မှတ်ခံရလိမ့်မယ်။   သူတို့ အမှန်ကိုထုတ်ပြောဖို့ လိုနေပြီ။

1 comment :

Anonymous said...

ကိုမို မှန်တယ် ဒီလိုမျိုထောက်ပြမှ မသိ့သေတဲ့သူတွေ သိ့ပြီးပါဝင်လာမယ်။ အစိုးရထဲးမှာ
ကြပ်မပြည့်တဲအုပ်စု့ ပါနေတယ်။ သန်းရွှေလေဖြတ်နေတယ်ပြေားပြီ ဘယ်အုပ်စုက ပိတ်နေတာလည်း။ သိန်စိန်၊ ရွှေမန်း၊ခင်အောင်မြင့်တို အုပ်စု တို့ အတွင်းထဲမှာ နိင်ငံတကာကို ဒီလိုအရှက်ခွဲးပြလိုက်ရလို ပြောနေပြီလာ၊ မဖြစ်လောက်ဘူထင်တယ်။ သူတို့  ဒီလောက်လိုက်လျှေားပေးနေတာ။ ဒီလိုလိုက်လျှေားတာ အရှိန်လွန်သွားလို သူတိုကို ဒေါက်ထောက်ကြည့်နေတဲ့ အုပ်စု က ၀င်သမလိုက်တာဖြစ်မယ်။ ကိုမိုးဘယ်လိုထင်ပါသလဲ။