Monday 2 January 2012

မင်းကိုနိင်နှင့်တကွ နိင်ငံရေးအကျဉ်းသားများမလွှတ်ပါ

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင
်း နိုင်ငံတော်သမတဦးသိန်းစိန်မှ ယနေ့ ထုတ်ပြန်လိုက်ကြောင်းယနေ့ ညနေ 4နာရီ 15 မိနစ်က နိုင်ငံပိုင် မီဒီယာတစ်ခုဖြစ်သော MRTV-4 မှ ထုတ်လွှင့်လိုက်သည်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တစ်သက်တစ်ကျွန်းအဖြစ် လည်းကောင်း၊ အနှစ် 30နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် 30သို့လည်းကောင်း၊ နှစ် 20 နှင့်အထက် နှစ် 30 အထိ အကျဉ်းကျခံနေရသူများကို နှစ် 20 သို့လည်းကောင်း၊ နှစ် 20 အောက် အကျဉ်းကျခံနေသူများကို လေးပုံတစ်ပုံသို့လည်ကောင်း အသီးသီး ပြစ်ဒဏ်လျော့ချလိုက်ကြောင်း ပါရှိသည် (မြင့်ဦးပေးပို့သည်)

3 comments :

နီတွတ် said...

၆၄ ကြိမ်မြောက်လွတ်လပ်ရေးနေ့  ကို ရည်ညွန်းပြီးတော့..လွတ်ငြိမ်းချမ်းသာခွင့် တချို့ ပေးပါတယ်။ ထောင်ဒဏ် နှစ် ၂၀ အထက်ကျခံနေရသော အကျဉ်းသားများအား..နှစ် ၂၀..အဖြစ် ပြင်ဆင် သတ်မှတ်ပေးပြီး...ထောင်ဒဏ် နှစ် ၂၀ နှင့်..အောက် အကျဉ်းသားများအား ပြစ်ဒဏ် ၄ ဘို့  ၁ဘို့ လျှော့ပေး လိုက်တယ်လို့  သိရပါတယ်။..ဒီအတိုင်းဆို...၆၅ နှစ် ကျခံနေရသော..ကိုမင်းကိုနိုင်..အပါအ၀င် ၈၈ အုပ်စု..များ လွတ်လာဘို့  မဖြစ်နိုင်ပါ။...

nitut said...

Anonymous said...

Just see, don't fast!! will be soon, they are coming soon....., they will be release soonnnnnnn....next 20 years laterrrr... we just trust our Gentle president.. and our demo hero...(U thein sein already told that there are no political prisoner) so why you expected to him for release, they will never do...