Friday 6 January 2012

တိဗက် နှစ်ဦးမီးရှို့  ဆန္ဒပြ


တရုတ်ပြည်အနောက်တောင်ပိုင်းတိဘက်တိုင်းရင်းသားများနေထိုင်ရာဒေသတွင်တိဘက်လူမျိုးနှစ်ဦးတို့မိမိကိုယ်မိမိမီးရှို့ပြီး သေကြောင်းကြံစည်မှူ့ဖြစ်ပွားခဲ့ကြောင်းဘေကျင်းရိုက်တာသတင်းဌာနမှယနေ့ကျေညာသွားပါသည်။
တိဘက်လူမှူ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု၏ပြောကြားချက်အရတရုတ်အစိုးရမှမတ်လ ၁၄ ရက်နေ့မှစတင်ကာတိဘက်တိုင်းရင်းသားတို့အပေါ်တွင်ဘာသာရေးထိန်းချုပ်ခြင်းများကိုပြင်းပြင်းထန်ထန် ပြုလုပ်လာခဲ့ခြင်းကြောင့်ယခုလိုမိမိတို့ကိုယ်မီးရှို့ပြီးဆန္ဒကိုထုပ်ဖေါ်ခြင်းဖြစ်ကြောင်းပြောကြားသွားခဲ့ပါသည်။မျက်မြင်သက်သေများ၏
အဆိုအရတိဘက်စံတော်ချိန်ညနေ၂နာရီငါးဆယ်မိနစ်အချိန်စီချွန်းပြည်နယ် အဘာဒေသအတွင်းရှိကရီတီဘုန်းကြီးကျောင်းအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ တိဘက်ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သောဘုန်းတော်ကြီးဒလိုင်းလားမားအားပြန်လည်ရောက်ရှိလာစေကြောင်းဟစ်ကြွေးကာမိမိကိုယ်မိမိမီးရို့ခဲ့ခြင်းဖြစ်ကြောင်းကိုလန်ဒန်အခြေစိုက်တိဘက်လွတ်မြောက်ရေးအဖွဲ့မှအီးမေးဖြင့်သတင်းပေးပို့ထားပါသည်ဟုကျေညာသွားပါသည်။
အခင်းဖြစ်ပွားချိန်တွင်တရုတ်လုံခြုံရေးတယ်ဖွဲ့များမှကိုယ်ပေါ်မှမီးတောက်များကိုဝိုင်းဝန်းငြိမ်းသတ်ကာသယ်ဆောင်သွားကြကြောင်း။ထိုသူသည်ဘုန်းကြီးတစ်ပါးမဟုတ်ကြောင်းမည်သူမည်ဝါမသိရသေးကြောင်းသတင်းထုတ်ပြန်သွားပါသည်။
အလားတူအခင်းဖြစ်ပွားချိန်နာရီပိုင်းအတွင်းမှာပဲဒုတိယမီးရှို့သတ်သေမှူ့ဖြစ်ပွားခဲ့ကြောင်းထိုသူ၏အလောင်းအားတရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များချက်ခြင်းသယ်ဆောင်သွားခဲ့ကြောင်းကိုတိဘက်လွတ်မြောက်ရေးအဖွဲ့မှကိုးကားဖေါ်ပြထားပါသည်ဟုကျေညာချက်တွင်ပါရှိပါသည်။
                             
နီတွတ် 

No comments :