Friday, 27 January 2012

ကိုမိုးသီးဇွန်နှင့် Shindo Daiichi ပါတီခေါင်းဆောင် Mr.Muneo Suzuki တို့ တွေ့ ဆုံ

ဇန်န၀ါရီလ ၂၃ ရက်၊၂၀၁၂။  တိုကျို၊ဂျပန်
ဂျပန်နိုင်ငံ တိုကျိုမြို့ သို့ ရောက်ရှိနေသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမိုးသီးဇွန်သည်
နံနက် ၁၁နာရီတွင် ဂျပန်နိုင်ငံရေးဩဇာကြီးမားသော ရှင်ဒိုဒိုင်းအိချိ ပါတီခေါင်းဆောင် မူနဲအို ဆူဇူကီး
နှင့် ပါလီမန်အမတ်များဆောက်အဦ(၁)ရုံးခန်းတွင်သွားရောက်တွေ့ ဆုံခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကိုအားပေးထောက်ခံရန်နှင့်မကြာခင်ကမှ
အကျဉ်းထောင်အသီးသီးမှပြန်လည်လွတ်မြောက်လာကြသော ကိုမင်းကိုနိုင်၊ကိုကိုကြီးတို့ အပါအ၀င်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအားပံ့ပိုးကူညီပေးရေးများကို ကိုမိုးသီးဇွန်မှ တိုက်တွန်းပြော
ကြားခဲ့ပါသည်။ဒီမိုကရေစီမဟာမိတ်များအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှုး ဦးကိုကိုအောင်မှလည်း
အနာဂါတ်မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ကျန်းမာရေး ကဏ္ဍများတွင်အမှန်တကယ်
အကူအညီလိုအပ်နေသောပြည်သူများထံအကူအညီများတိုက်ရိုက်ပံ့ပိုးကူညီမှုပေးရန်ဂျပန်အစိုးရကို
တိုက်တွန်းပေးရန်ဖြည့်စွက်ပြောကြားခဲ့ပါသည်။
ပါတီခေါင်းဆောင် မူနဲအို ဆူဇူကီး မှလည်းမြန်မာ့အရေးနှင့်ပါတ်သက်ပြီးသိလိုသည်များကိုမေးမြန်းကာ
အပြန်အလှန်ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။ကိုမိုးသီးဇွန်တို့ မှတိုက်တွန်းချက်များကို မစ္စတာ
မူနဲအို ဆူဇူကီး မှလက်ခံပြီးမြန်မာ့ဒီမိုကရေစီရေးအတွက်အားပေးထောက်ခံကူညီသွားမည်ဟုပြန်လည်
ပြောကြားခဲ့ပါသည်။
ထိုသို့ တွေ့ ဆုံဆွေးနွေးပွဲသို့ APF သတင်းဌာနအကြီးအကဲ တိုရု ယာမာဂျီ (Mr.Toru Yamaji )
နှင့်တာဝန်ရှိသူများလည်းတက်ရောက်ကြပါသည်။

5 comments :

Anonymous said...

အစကတော. ဒေါ်စု ထိုင်ဆဲ..အခုကျ ဒေါ်စု ၀ိုင်းရံ...အမျိုးမျိုးဘဲ..ခုတမျိုး တော်ကြာတမျိုး..၆လမှာ ရေတခါချိုး...မိုးသီးညစ်ပတ်အိုး

Anonymous said...

Ko Moe Thee meeting with an old bureaucrat. Old useless meeting old useless.

Anonymous said...

လူရှိန်အောင်မလုပ်ပြနဲ့ ။ဒီနေ့ ဒီအချိန်အခါမှာပြည်သူလူထုတစ်ရပ်လုံးနိုင်ငံရေးအမြင် ကျယ်နေကြပြီ။အပြောင်းအလဲတွေလဲမြင်စပြုလာရပြီ။
ဘာပဲဖြစ်ဖြစ်တိုင်းပြည်ကိုကောင်းအောင်၊တိုးတက်အောင် လုပ်ဆောင်နိုင်ပေးမဲ့၈၈မျိုးဆက်အစ်ကိုကြီးတွေလဲအန်တီ
စုကိုဝိုင်းရံနေကြပြီ။မင်းလုပ်ရပ်တွေရပ်တန်းကရပ်လိုက်ပါ။
ပြည်သူကိုမလိမ်နဲ့ ။လေသံမာမာနဲ့ မဖိန့် နဲ့ တော့။
သောက်ချဉ်တစ်ယောက်မှမရှိဘူး။
သောက်ချဉ်ဆိုလို့ မင်းတစ်ယောက်ပဲရှိတယ်။
အာဃာတ၊ဘာညာဘာမှမရှိဘူး။တိုင်းပြည်အကျိုးအ တွက်အမှန်တကယ်လုပ်ပြချင်ရင်ပြည်တွင်းကိုပြန်လာ။
အမှားတွေဝန်ချတောင်းပန်ပါ။ယောင်္ကျားပီသရင်ပေါ့။
ခင်ညွန့်လဲပြည်သူကိုဝန်ချမတောင်းပန်သေးဘူး။
ခေါင်းဆောင်လား?ခေါင်းရှောင်လားမင်းစဉ်းစား။ အေး ..မင်းကရောဘာတွေလုပ်ခဲ့လဲမမေးနဲ့ ။မင်းလိုအမှားမျိုးတွေမလုပ်ခဲ့တာသေချာတယ်။။
ချစ်လို့ ပြောတာမှတ်ပါ ။
ပြည်သူကိုမလိမ်နဲ့ ။မဟောက်နဲ့ ။မညာနဲ့ ။
နိုင်ငံရေးလုပ်တယ်ဆိုတာရိုးသားဖို့ အရေးကြီးဆုံးပဲ။

Anonymous said...

ဘယ်တုံးက ဒေါ်စုကိုသူဆဲခဲ့ ဘူးလို့ လဲ
သေသေချာချာတိတိကျကျပြောကြပေါ့ဗျာ
ခင်ဗျားတို့ ရောတိုင်းပြည်အတွက်ဘာတွေလုပ်ခဲ့ကြဘူးလဲ
ပုဆိုးခြုံထဲကအော်မနေကြနဲ့ 
တိုင်းပြည်အတွက်သူအတတ်နိုင်ဆုံးလုပ်နေတာဘဲ
မနာလိုမဖြစ်ကြပါနဲ့ 

Anonymous said...

အေး...အမေ လင်နောက်လိုက်သွားပြီ.လမ်းမတော်ဖိုးတုတ်နဲ......မိုးသီးဇွန်...ဆိုတဲ. post လေးပြန်တင်ပေးရအုံးမလား....save လုပ်ထားတာရှိတယ်..မသိရင်မပြောနဲ....စောက်ရူး